E-Visa ဆိုတာ ဘာလဲ? ထိုင်းဗီဇာလျှောက်ထားသူတိုင်း သိထားသင့်တဲ့ အချက်များ 🇹🇭

E-Visa ဆိုတာ ဘာလဲ? ထိုင်းဗီဇာလျှောက်ထားသူတိုင်း သိထားသင့်တဲ့ အချက်များ 🇹🇭

Evisa ဆိုတာ ဘာလဲ ?

ထိုင်းနိုင်ငံကို အလည်အပတ်သွားဖို့ဖြစ်စေ၊ အခြားဗီဇာအမျိုးအစားတွေ လျှောက်ထားဖို့ဖြစ်စေ ယခင်က သက်ဆိုင်ရာ သံရုံးမှာ လူကိုယ်တိုင်သွားရောက်ပြီး ဗီဇာလျှောက်ထားရတာမျိုး ရှိခဲ့ပါတယ်။ အခုနောက်ပိုင်းမှာတော့ အွန်လိုင်းကနေ လိုအပ်တဲ့အချက်အလက်တွေ ဖြည့်သွင်းပြီး ဗီဇာလျှောက်ထားနိုင်တဲ့ စနစ်ကို အသုံးပြုလာကြပါတယ်။ အဲဒီစနစ်ကို E-Visa (Electronic Visa) စနစ် လို့ ခေါ်ပါတယ်။

အချို့က အလည်ဗီဇာကိုလည်း E-visa ဆိုပြီး မှားယွင်း ခေါ်တက်ကြပါတယ် ၊ တကယ်တော့ E-visa ဆိုတာ ဗီဇာလျှောက်ထားခြင်း စနစ်ဖြစ်ပြီး အလည်ဗီဇာအပါအဝင် အခြားဗီဇာအမျိုးမျိုးအတွက် သက်ဆိုင်ရာ အခေါ်အဝေါီတွေ ရှိပါတယ်။

E-visa ကို ဘယ်အချိန်မှာ ဘယ်လိုလျှောက်ရမလဲ ?

E-Visa လျှောက်ထားရာမှာ အရေးကြီးဆုံးအချက်တစ်ခုကတော့ မိမိလျှောက်ထားမယ့် နိုင်ငံမှာ အမှန်တကယ် ရှိနေဖို့ လိုအပ်ခြင်း ဖြစ်ပါတယ်။

ဥပမာ၊ လာအိုနိုင်ငံကနေ E-Visa လျှောက်ထားမယ်ဆိုရင် လျှောက်ထားချိန်မှာ လာအိုနိုင်ငံအတွင်း ရှိနေရမှာဖြစ်ပြီး မြန်မာနိုင်ငံကနေ လျှောက်ထားမယ်ဆိုရင်လည်း မြန်မာနိုင်ငံအတွင်း ရှိနေရမှာ ဖြစ်ပါတယ်။

E-visa ကို ထိုင်းနိုင်ငံတွင်း ရှိချိန်မှာ လျှောက်ထားခွင့် မရှိပါဘူး ၊ E-visa ရဲ့ တရားဝင် Website မှာလည်း နိုင်ငံပြင်ပမှာ အမှန်တကယ် ရှိနေချိန်သာ လျှောက်ထားပေးဖို့ကိုလည်း သတိပေးဖော်ပြထားပါတယ် ။

တကယ်လို့ ထိုင်းနိုင်ငံထဲ ရှိနေချိန် လျှောက်ထားလိုက်ပြီး ၊ ဗီဇာရခါနီး သို့ ဗီဇာရပြီးမှ နိုင်ငံအပြင်ထွက်လိုက်ပြီး Approve ရလာတဲ့ ဗီဇာနဲ့ ထိုင်းထဲကို ဝင်လာမယ်ဆိုရင် Officer တွေ သတိထားမိတဲ့အခါ ဗီဇာစည်းကမ်းချိုးဖောက်သလို ဖြစ်တာကြောင့် ပြည်ဝင်ခွင့် ငြင်းပယ်ခံရတာ သို့ သက်တမ်းတိုးချိန် သက်တမ်းတိုးမပေးတာမျိုးတွေ ကြုံရနိုင်ပါတယ်။

ကားလက်မှတ်များ ဝယ်ယူရန်

Powered by 12Go system

E-visa စာရွက်မှာ ဘယ်လိုအချက်အလက်တွေပါသလဲ ?
E-visa စနစ်ကနေ ဗီဇာ လျှောက်ထားပြီးလို့ Visa Approve ဖြစ်တဲ့အခါမှာ Visa ရရှိပြီ ဖြစ်ကြောင်း Email ပေးပို့ပြီး အဲဒီ Email မှာ ဗီဇာခွင့်ပြုချက် PDF ဖိုင် ပါဝင်ပါတယ်။
PDF ဖိုင်ထဲမှာ ပုံမှန်အားဖြင့် အောက်ပါအချက်အလက်တွေ ပါဝင်ပါတယ်။
* လျှောက်ထားသူရဲ့ Passport အချက်အလက်များ၊ ဥပမာ အမည်နဲ့ Passport Number
* ဗီဇာအမျိုးအစားနဲ့ Visa Number
* ဗီဇာခွင့်ပြုချက်ပေးတဲ့ သံရုံး
* ဗီဇာအကျုံးဝင်သည့်ကာလ (Visa Validity)

ဗီဇာအကျုံးဝင်သည့်ကာလ (Visa Validity ) ဆိုသည်မှာ

ဗီဇာအကျုံးဝင်သည့်ကာလ (Visa Validity ) ကတော့ ဗီဇာ Approve ကျသည့်ရက်မှ ရက်ပေါင်း ၉၀ ဖြစ်ပါတယ် ။ E-Visa စာရွက်ထဲမှာ ရက် ၉၀ သက်တမ်းကို ဖော်ပြထားတာ တွေ့ရပါမယ် ။ အဲ့ဒီသက်တမ်းအတွင်း ထိုင်းနိုင်ငံကို ဝင်ရောက်ခွင့် ရှိတယ်လို့ ဆိုလိုပါတယ် ။ ရရှိထားတဲ့ ရက် ၉၀ အတွင်း ထိုင်းကို မသွားဖြစ်ဘူးဆိုရင် E-visa က အလိုအလျှောက် ပျက်ပြယ်သွားမှာ ဖြစ်ပါတယ် ။

E-visa ဖြင့် ထိုင်းထဲဝင်ရောက်ခြင်း

E-visa စနစ်ကနေ ဗီဇာ လျှောက်ထားပြီးလို့ Visa Approve ဖြစ်တဲ့အခါ ရရှိလာတဲ့ Email မှာထဲက PDF ဖိုင်ကို ဖုန်းထဲ သိမ်းပြီးဖြစ်စေ ၊ Print ထုတ်ပြီးဖြစ်စေ ထိုင်းကိုဝင်တဲ့ အချိန် Immigration မှာ ပြရမှာ ဖြစ်ပါတယ် ။

သက်ဆိုင်ရာ အရာရှိက ဗီဇာစာရွက်နဲ့ လိုအပ်တဲ့ ခရီးသွားစာရွက်စာတမ်းတွေ စစ်ဆေးပြီး ဝင်ရောက်ခွင့်ပြုတဲ့အခါ မိမိရဲ့ ဗီဇာအမျိုးအစားနဲ့ သက်ဆိုင်ရာစည်းမျဉ်းတွေအရ နေထိုင်ခွင့်ရက်ကို Passport ထဲမှာ Stamp ထုပေးမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်း ဘယ်ရက်အထိ နေထိုင်ခွင့်ရှိတယ်ဆိုတာ သိရှိဖို့အတွက် Passport ထဲက နေထိုင်ခွင့် Stamp ကို အဓိကထားစစ်ဆေးရပါမယ်။

လူအများ နားလည်မှု လွဲသည့်အချက်များ

– E-visa ဆိုတာ ဗီဇာလျှောက်ထားရတဲ့ စနစ်ဖြစ်ပြီး ဗီဇာအမျိုးအစား မဟုတ်ပါဘူး ၊ အချို့က ဝန်ဆောင်မှုအပ်ဖို့ လာမေးကြတဲ့အခါ E-visa လျှောက်ချင်တယ် လုပ်ပေးပါလို့ ပြောတက်ကြပါတယ် ၊ ဘယ်အမျိုးအစား ဗီဇာကို လျှောက်ချင်တာတယ်ဆိုတာ ပြောပေးဖို့ လိုအပ်ပါမယ် ။

– အချို့တွေက E-visa စာရွက်ပေါ်က ရက်စွဲကို ကြည့်ပြီး 60 Days TR Visa ကို ထိုင်းမှာ ရက် ၉၀ နေထိုင်ခွင့်ရှိတယ်လို့ နားလည်မှု လွဲတက်ပါတယ်။ 60 Days TR VIsa က ထိုင်းကိုဝင်ဝင်ချင်း နေထိုင်ခွင့် ရက် ၆၀ သာ ရရှိမှာ ဖြစ်ပြီး ထိုင်းထဲမှာ ရက် ၃၀ ထပ်ပြီး သက်တမ်းတိုးနိုင်ပါတယ် ။

– အချို့တွေက E-visa စာရွက်ပေါ်က ရက်စွဲကုန်သည်အထိ နေထိုင်ခွင့် ရှိတယ်လို့ နားလည်မှု လွဲပြီး ကိုယ့် Passport ထဲက Stamp ကို မကြည့်မိတဲ့အခါမှာ Overstay ဖြစ်သွားတက်ကြပါတယ်။

သက်ဆိုင်ရာ ဗီဇာအလိုက် ထိုင်းထဲရောက်ရှိနေထိုင်ပြီး ဆက်လက်လုပ်ဆောင်ရမည့် အချက်များ

– အချို့က မေးတက်ကြပါတယ် ရန်ကုန်မှာ Retirement Visa လျှောက်တာ ရပြီ ၊ ထိုင်းထဲဝင်တော့ ဗီဇာ ၃ လပဲ ထုပေးလိုက်တယ် ဘာဆက်လုပ်ရမလဲ ? ကလေးကို ထိုင်းမှာကျောင်းထားထားလို့ Gurdian Visa လျှောက်တာ ရပြီ ထိုင်းထဲဝင်တော့ ဗီဇာ ၃ လပဲ ထုပေးလိုက်တယ် ဘာဆက်လုပ်ရမလဲ ?

– မြန်မာပြည် သို့ နိုင်ငံခြားမှာ လျှောက်တာက ဗီဇာ ၃ လပဲ ရတာလား ? ၁ နှစ်လိုချင်လို့ မြန်မာကနေ ဘယ်လို လျှောက်ရမလဲ ?

– နိုင်ငံပြင်ပကနေ ဗီဇာလျှောက်တဲ့အခါ ကိုယ်လျှောက်ထားတဲ့ ဗီဇာအမျိုးအစားဟာ တစ်ခါတည်း နှစ်ရှည်ရမှာလား သို့မဟုတ် ကနဦးဗီဇာအဖြစ် ရက် ၉၀ ပဲ ရမှာလား ဆိုတာ သေချာလေ့လာဖို့ လိုပါတယ် ၊ Non-immigrant Visa အမျိုးအစား အများစုဟာ ဗီဇာ သက်တမ်း ရက် ၉၀ ပဲ ရကြပါတယ် ၊

– အဲ့ဒီ ဗီဇာသက်တမ်း ရက် ၉၀ အတွင်း ထိုင်းဘဏ်အကောင့်ဖွင့်တာ ၊ ဘဏ်အကောင့်ထဲ ပိုက်ဆံထည့်ပြတာ အပါအဝင် ဗီဇာအမျိုးအစားအလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြည့်စုံဖို့ ပြင်ဆင်ပြီး ၊ သတ်မှတ်စာရွက်စာတမ်းနဲ့ လိုအပ်ချက်တွေ ပြည့်စုံရင် သက်ဆိုင်ရာ မြို့နယ် Immigration တွေမှာ ဗီဇာ သက်တမ်းတိုးရမှာ ဖြစ်ပါတယ်။

E-Visa လျှောက်ထားမယ်ဆိုရင် ဗီဇာအမျိုးအစား၊ လျှောက်ထားသည့်နိုင်ငံ၊ Visa Validity နဲ့ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ရက်တို့ကို သေချာခွဲခြားနားလည်ထားဖို့ လိုအပ်ပါတယ်။

အထူးသဖြင့် ထိုင်းနိုင်ငံကို ဝင်ရောက်ပြီးတဲ့အခါ Passport ထဲက နေထိုင်ခွင့် Stamp ကို သေချာစစ်ဆေးပြီး သတ်မှတ်ထားတဲ့ရက်မကျော်ခင် လိုအပ်တဲ့ သက်တမ်းတိုးခြင်းတွေကို ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။

ဗီဇာစည်းမျဉ်းတွေဟာ ဗီဇာအမျိုးအစားနဲ့ သက်ဆိုင်ရာသံရုံးရဲ့ လက်ရှိသတ်မှတ်ချက်တွေအပေါ် မူတည်ပြီး ကွာခြားနိုင်တာကြောင့် မလျှောက်ထားမီ သက်ဆိုင်ရာ တရားဝင်အချက်အလက်တွေကို စစ်ဆေးပြီးမှ လျှောက်ထားကြဖို့ အကြံပြုလိုပါတယ်။

အားလုံးပဲ ဗီဇာကိစ္စအဆင်ပြေကြပါစေ။ 🙏🇹🇭

ဗီဇာကိစ္စများ ၊ ခရီးသွားဆိုင်ရာဝန်ဆောင်မှုများ သိရှိလို ၊ ရယူလိုပါက ကျွန်တော်ရဲ့ FB messenger ဒါမှမဟုတ် Company Page ဖြစ်တဲ့ Kha Yee Page Messenger မှ ဆက်သွယ်မေးမြန်းနိုင်သလို

ဘန်ကောက် IT Square ကုန်တိုက် ၊ ဒုတိယထပ်မှာ ဖွင့်လှစ်ထားတဲ့ Company ရုံးခန်းသို့လည်း လူကိုယ်တိုင် လာရောက် စုံစမ်း ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်ဗျ။

ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1

ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1

ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1

သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/

လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Discover more from Thu Do Something

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *