ထိုင်းကို အလည် ဗီဇာနဲ့ လာမယ် ၊ အလည်ဗီဇာကို သက်တမ်းတိုးမယ်ဆိုရင် (၂၀၂၆ Update)

ထိုင်းကို အလည် ဗီဇာနဲ့ လာမယ် ၊ အလည်ဗီဇာကို သက်တမ်းတိုးမယ်ဆိုရင် (၂၀၂၆ Update)

ထိုင်းနိုင်ငံရဲ့ ခရီးသွားရာသီ ရောက်လာပြီဆိုတော့ ထိုင်းနိုင်ငံကို အလည်လာကြမယ့် သူတွေအတွက် အခု ၂၀၂၆ ရဲ့ Visa Policy Update နဲ့ ဗီဇာ သက်တမ်းတိုး (Visa Extension ) လုပ်မယ့်သူတွေအတွက် ဘာတွေ အပြောင်းအလဲ ရှိတယ် ၊ ဘယ်လို လုပ်ရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ ၊

ထိုင်းကို အလည်ဗီဇာဖြင့် လာရောက်ခြင်း

ထိုင်းကို အလည်လာမယ်ဆိုရင် အလည်ဗီဇာအမျိုးအစားက ကိုယ်ကိုင်ထားတဲ့ Passport ပေါ်မူတည်ပြီး ၃ မျိုး ရှိပါမယ်

- Visa Exemption (ဗီဇာကင်းလွတ်ခွင့်)
– 60 days Tourist Visa ( ရက် ၆၀ အလည်ဗီဇာ)
– Arrival Visa (ဆိုက်ရောက်ဗီဇာ)

မြန်မာ Passport ကိုင်ဆောင်ထားရင်

ကျွန်တော်တို့ မြန်မာ Passport တွေကတော့ ဗီဇာကင်းလွတ်ခွင့် ၁၄ ရက် သို့ ရက် ၆၀ အလည်ဗီဇာနဲ့ ထိုင်းကို ဝင်ရောက်နိုင်ပါတယ် ၊ ဗီဇာစည်းကမ်းတွေက အရင်နှစ်တွေကလိုပဲ အပြောင်းအလဲ မရှိပါဘူး ။

အခြားနိုင်ငံသား Passport ကိုင်ဆောင်ထားရင်

အခြားနိုင်ငံသား Passport တွေဆိုရင်တော့ ယခင်နှစ်တွေတုန်းက နိုင်ငံအတော်များများကို ဗီဇာကင်းလွတ်ခွင့် ရက် ၆၀ ပေးခဲ့ပေမယ့် ဒီနှစ်မှာတော့ Policy Update ဖြစ်ပြီး ဗီဇာကင်းလွတ်ခွင့် ရက် ၃၀ ပဲ ပေးပါတော့တယ်

တကယ်လို့ ရက်ကြာကြာ လည်ပတ်မယ် နေထိုင်မယ်ဆိုရင်တော့ ရက် ၆၀ အလည်ဗီဇာကို သံရုံးကနေ လျှောက်ထားပြီး လာတာက ပို အဆင်ပြေပါတယ် ။ ကိုယ့်ရဲ့ နိုင်ငံသား Passport က ဗီဇာကင်းလွတ်ခွင့် ဘယ်နှစ်ရက် ရမှာလဲ ? ဆိုက်ရောက်ဗီဇာ လုပ်ရမှာလားဆိုတာကို ကြိုတင်လေ့လာသင့်ပါတယ်။

ကားလက်မှတ်များ ဝယ်ယူရန်

Powered by 12Go system

 

ထိုင်းကို ဝင်ရောက်တဲ့အခါ ဘာတွေ လိုအပ်မလဲ ?

ကိုယ်က ဘယ် Passport ပဲ ကိုင်ထားထား ၊ ဘယ် အလည်ဗီဇာအမျိုးနဲ့ပဲ လာလာ ပြင်ဆင်ရမယ့် အချက်အလက်က အတူတူပါပဲ

– Passport စာအုပ် သက်တမ်း အနည်းဆုံး ၆ လ ကျန်ရပါမယ်
– အသွားအပြန် လေယာဉ်လက်မှတ်
– နေထိုင်မယ့် Hotel Booking သို့ နေထိုင်ရာအတွက် အထောက်အထားတစ်ခုခု
– Show Money 20,000 THB
– TDAC Form တို့ပဲ ဖြစ်ပါတယ်။

သတိပြုသင့်သူများ

ကိုယ်က ထိုင်းမှာ ED Visa နဲ့ နေဖူးတယ် ဒါမှမဟုတ် အလည် ဗီဇာကို အကြိမ်အများကြီး သက်တမ်းတိုးထားဖူးတယ်ဆိုရင်တော့ ဘာကြောင့် ထိုင်းမှာ အကြာကြီး နေခဲ့တာလည်းလို့ စစ်မေးတာမျိုး ရှိနိုင်ပါတယ် ၊ ဒီမေးခွန်းအတွက်လည်း ကြိုတင်စဉ်းစား ပြင်ဆင်လာသင့်ပါတယ်။

ထိုင်းထဲကို အလည်ဗီဇာနဲ့ ဝင်ရောက်တဲ့ အကြောင်းကို ပြောပြီးပြီဆိုတော့ အလည် ဗီဇာသက်တမ်းတိုးတဲ့ အပိုင်းကို ဆက်ပြီး ဖော်ပြပေးလိုက်ပါတယ်။

Myanmar Passport များ အလည် ဗီဇာသက်တမ်းတိုးခြင်း

Myanmar Passport တွေအနေနဲ့ ဗီဇာကင်းလွတ်ခွင့် ၁၄ ရက် ဗီဇာကို ဖြစ်စေ ၊ ရက် ၆၀ ဗီဇာကို ဖြစ်စေ သက်တမ်းတိုးနိုင်ပါတယ် ၊ သက်တမ်းတိုးတဲ့အခါမှာ တစ်ကြိမ် သက်တမ်းတိုးရင် ရက်ပေါင်း ၃၀ နဲ့ ၅ ကြိမ်ခန့်ထိ သက်တမ်းတိုးနိုင်ပါတယ်။

သက်တမ်းတိုးတဲ့အခါ တစ်ကြိမ် သက်တမ်းတိုးရင် ရက် ပေါင်း ၃၀ နဲ့ ၅ ကြိမ် ၆ ကြိမ်ထိ တိုးနိုင်ပါတယ် ။

TM30 နှင့် အိမ်စာချုပ်

သက်တမ်းတိုးရာမှာ အရင်နှစ်တွေတုန်းက ဘယ်မှာနေပါတယ်ဆိုတဲ့ အထောက်အထားအတွက် TM30 တစ်ခုတည်း ရှိရုံနဲ့ သက်တမ်းတိုးလို့ ရခဲ့ပေမယ့် ၊ အခုနှစ်မှာတော့ TM30 အပြင် အိမ်ဌားစာချုပ် သို့ အိမ်ပိုင်ကြောင်း အထောက်အထားတွေပါ ပြဖို့ လိုအပ်ပါတယ် ။

သံရုံးထောက်ခံစာ

၁၄ ရက် ဗီဇာသမားများဟာ သက်တမ်းတိုးတိုင်း မြန်မာသံရုံးကနေ ထောက်ခံစာ ယူဖို့ လိုအပ်မှာ ဖြစ်ပြီးတော့ ရက် ၆၀ အလည်ဗီဇာသမားတွေကတော့ ဒုတိယအကြိမ် သက်တမ်းတိုးက စပြီး မြန်မာသံရုံးကနေ ထောက်ခံစာ ယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

သက်တမ်းတိုးဖို့အတွက် မြန်မာသံရုံးကနေ ထောက်ခံစာ ယူတဲ့အခါမှာ PV အမျိုးအစား Passport စာအုပ်တွေက အခက် အခဲမရှိ ထောက်ခံစာယူလို့ ရပေမယ့် PJ အမျိုးအစား စာအုပ်ဆိုရင်တော့ အခွန်ဆောင်ထားဖူးတာ ရှိရင် အခွန်စာရွက် ၊ မှတ်ပုံတင် ၊ သန်ခေါင်းစာရင်း စတာတွေလည်း လိုမှာ ဖြစ်ပါတယ် ၊ ဒါကြောင့် ဒီစာရွက်စာတမ်းတွေကို ကိုယ့်ဖုန်းထဲမှာ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ် ။

အခြားနိုင်ငံ Passport များ သက်တမ်းတိုးခြင်း

Myanmar Passport မဟုတ်တဲ့ အခြားနိုင်ငံသား Passport တွေကတော့ ရက် ၆၀ ဗီဇာကိုပဲ တိုးတိုး ၊ ဗီဇာကင်းလွတ်ခွင့်ကိုပဲ တိုးတိုး ၁ ကြိမ်တိုးရင် ရက် ၃၀ နဲ့ တစ်ကြိမ်ပဲ တိုးလို့ ရမှာ ဖြစ်ပါတယ် ၊ Myanmar Passport တွေလို အကြိမ်များစွာ သက်တမ်းတိုးနိုင်မှာ မဟုတ်ပါဘူး

ဝန်ဆောင်မှု ရယူခြင်း

ရက် ၆၀ အလည် ဗီဇာလျှောက်ထားခြင်း ၊ ဗီဇာသက်တမ်းတိုးခြင်းတွေအတွက် စာရွက်စာတမ်း ပြင်ဆင်ဖို့ အခက်အခဲ ရှိတယ်ဆိုရင် ကျွန်တော့်မှာ ဝန်ဆောင်မှု အပ်နှံနိုင်ပါတယ် ၊ စာရွက်စာတမ်း ပြင်ဆင်တာကစလို့ ဗီဇာရရှိပြီး ၊ သက်တမ်းတိုးပြီးသည့်အထိ ဆောင်ရွက်ပေးပါတယ်။

ကျွန်တော့်ရဲ့ Company ရုံးခန်းဟာ ဘန်ကောက်မြို့ IT Square ကုန်တိုက် ၊ ဒုတိယထပ်မှာ ရှိပါတယ်။

ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1

ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1

ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1

သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/

လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Discover more from Thu Do Something

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *