ချင်းမိုင်မြို့ဟာ ထိုင်းနိုင်ငံမြောက်ပိုင်းက တောင်တန်းတွေ ဝန်းရံထားတဲ့ မြို့ကြီးတစ်ခုဖြစ်ပြီးတော့ မြို့ထဲမှာက ရှေးဟောင်း ဘုရားပုထိုးစေတီတွေ ၊ ဈေးတွေ ၊ ညဈေးတွေ ၊ခေတ်မှီဈေးဝယ်စင်တာတွေ အပါအဝင် ဘားတွေ ၊ စားသောက်ဆိုင်တွေနဲ့ လည်ပတ်စရာနေရာတွေ အများကြီး ရှိပါတယ် ။
ဒါ့အပြင် အချို့သော ခရီးသွားတွေဟာ ချင်းမိုင်မြို့မှာ ခရီးတစ်ထောက်နားပြီး ထိုင်းနိုင်ငံမြောက်ပိုင်းက အခြားသော မြို့တွေကိုလည်း အလည်ခရီး ဆက်သွားတက်ကြပါတယ်။ ဆိုတော့ ချင်းမိုင်ကို အလည်သွားမယ်ဆိုရင် ဘယ်မှာတည်းကြမလဲ ?
ချင်းမိုင်မှာ တည်းမယ်ဆိုရင်တော့ ခရီးသွားတွေ အများစုတည်းကြတဲ့ ဧရိယာ 3 ခု ရှိပါတယ်ဗျ ၊ အဲ့ဒီသုံးခုကတော့
(1) Chiang Mai Old City / Tha Phae Gate
(2) Chiang Mai Night Bazaar
(3) Nimman Street တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Riverside ဧရိယာနဲ့ Santitham ဧရိယာတို့မှာ တည်းခိုကြသူတွေလည်း ရှိပါတယ်။
(1) Chiang Mai Old City / Tha Phae Gate
ချင်းမိုင်ကို အလည်သွားဖို့ စဉ်းစားထားတယ် ၊ ပထမဦးဆုံး အကြိမ်သွားမှာလည်း ဖြစ်တယ် ဒါမှမဟုတ် ရက်အကြာကြီး အချိန်မရဘူးဆိုရင်တော့ တည်းသင့်တဲ့ ဧရိယာက ချင်းမိုင်မြို့ဟောင်းဧရိယာလို့ ဆိုကြတဲ့ Old City ဧရိယာပဲ ဖြစ်ပါတယ်။ ဒီနေ့ကတော့ Old City လို့ သိကြတဲ့ မြို့ဟောင်းဧရိယာအကြောင်းကို ဖော်ပြပေးသွားပါမယ်ခင်ဗျ ။
ချင်းမိုင် Old City ဧရိယာဟာ ချင်းမိုင်မြို့ကြီးတစ်ခုလုံးရဲ့ အလယ်တည့်တည့်လောက်မှာ ရှိပါတယ်။ မြို့ဟောင်းက လေးထောင့်ပုံစံရှိပြီး ပတ်ပတ်လည်မှာ ကျုံးရေပြင်နဲ့ နန်းမြိုရိုးတွေ ရှိပါတယ်။ ဒါ့အပြင် လေးဖက်လေးတန်မှာ မြိုအဝင် တံခါးပေါက် တစ်ခုစီလည်းရှိပါတယ်။့အဝင်တံခါးပေါက် ၄ ခုထဲမှာမှ Tha Phae Gate ဟာ ခရီးသွားတွေကြား အထင်ရှားဆုံး နေရာဖြစ်ပါတယ်။ ခရီးသွားအများစုဟာလည်း Tha Phae Gate အနီးတဝိုက်က ဟိုတယ်တွေမှာ တည်းကြတာများပါတယ်။
ချင်းမိုင်ကို ပထမဦးဆုံး အလည်လာသူတွေ အနေနဲ့ ဘာကြောင့် မြို.ဟောင်းဧရိယာထဲမှာတည်း သင့်တာလဲဆိုရင် တည်နေရာက ချင်းမိုင်မြို.ကြီးတစ်ခုလုံးရဲ. အလယ်မှာ ရှိတာမို့ အချက်အချာ ကျပြီးတော့ စားသောက်ဆိုင် ၊ ကော်ဖီဆိုင်နဲ့ ကား ဆိုက်ကယ်ဌားတဲ့ ဆိုင်တွေ အပါအဝင် Tour Package တွေဝယ်တာတို့လို ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အမျိုးမျိုး ရှိတဲ့နေရာ ဖြစ်ပါတယ် ။
ဒါ့အပြင် ချင်းမိုင်မြို.ရဲ. သမိုင်းဝင် ရှေးဟောင်းဘုရားပုထိုး စေတီတွေဟာလည်း မြို.ဟောင်းထဲမှာတင် ရှိတာမို့ တည်းတဲ့ ဟိုတယ်ကနေ လမ်းလျှောက်သွားချင်ရင်တောင် သွားလို့ရတဲ့ အနေအထားမှာ ရှိပါတယ်။
အပတ်စဉ်ပြုလုပ်တဲ့ စနေနေ့ ညဈေး (Saturday Night Market ) ၊ တနင်္ဂနွေနေ့ ညဈေး (Sunday Night Market) တို့ဟာလည်း မြို့ဟောင်းဧရိယာထဲမှာ ပြုလုပ်တာမို့ ကိုယ်က စနေတနင်္ဂနွေပိတ်ရက်တွေနဲ့ ကြုံကြိုက်ခဲ့ရင် ညဈေးတွေကို အလွယ်တကူ လည်ပတ်နိုင်ပါတယ်။
ဟိုတယ်တွေဆိုရင်လည်း Budget Hotel တွေကနေစလို့ ဈေးသင့်တဲ့ ဟိုတယ်တွေနဲ့ Luxury Hotel တွေအထိ ရွေးချယ်စရာ အမျိုးမျိုး ရှိပါတယ်။ အလည်လာတဲ့သူ အများစုတည်းခိုကြတဲ့ ခရီးသွားနေရာ ဖြစ်တာမို့ ချင်းမိုင်ရဲ့ အခြားသော နေရာတွေက ဟိုတယ်တွေရဲ့ ဈေးနဲ့ယှဉ်ကြည့်ရင်တော့ အနည်းငယ် ဈေးများတယ်လို့ ထင်စရာ ရှိပါတယ်။
အခုကျွန်တော်ဖော်ပြထားတဲ့ Chiang mai Old City မှာ တည်းချင်တယ်ဆိုရင်တော့ Hotel Booking Website တွေမှာ Chiang Mai Old City , Tha Phae Gate အစရှိတဲ့ Keyword တွေ အသုံးပြုပြီး ရှာကြည့်နိုင်ပါတယ်။
ကားလက်မှတ်များ ဝယ်ယူရန်
Powered by 12Go system
(2) Chiang Mai Night Bazaar
Chiang Mai Night Bazaar လို့ ခေါ်တဲ့ ချင်းမိုင်ညဈေး ဧရိယာကတော့ Tha Phae Gate ဧရိယာ အရှေ့ဖက်ကနေစလို့ Ping မြစ်အထိ နေရာတွေလို့ ဆိုနိုင်ပါတယ်။ ဒီဧရိယာက ချင်းမိုင်မြို့မှာ ခရီးသွားတွေ တည်းခိုဖို့ ရွေးချယ်ကြတဲ့ နေရာတွေထဲက တစ်ခုဖြစ်ပြီးတော့ ချင်းမိုင်မြို့ရဲ့ နေရာအတော်များများကို အလွယ်တကူသွားလာနိုင်တဲ့ အချက်အချာကျတဲ့ ဧရိယာတစ်ခု ဖြစ်ပါတယ်။
အရင်ညွှန်းပေးခဲ့တဲ့ Old Cityမှာထက် ဒီညဈေးဧရိယာမှာက ပိုပြီးတော့ ကြီးမားတဲ့ ၊ ခေတ်မှီတဲ့ ဟိုတယ်တွေကို တွေ့ရမှာ ဖြစ်ပါတယ်ဗျ။ ညဈေး ဧရိယာအနီးတဝိုက် ဖြစ်တာမို့ ညဖက်တွေဆိုရင် လမ်းသွယ်လေးတွေနဲ့ အဓိက လမ်းမကြီးတွေမှာ နာမည်အမျိုးမျိုးနဲ့ ညဈေးတွေရှိဖြစ်လာပြီး အရမ်းကို စည်ကားပါတယ်။ ဒါ့အပြင် Nightlife မှာ သောက်မယ် စားမယ် ပျော်မယ်ဆိုသူတွေအတွက် Bar တစ်ချို့လည်း ဒီဧရိယာထဲမှာ ရှိပါတယ်။ လည်ရင်းနဲ့ ညနက်သွားလို့ ဟိုတယ်ပြန်ဖို့ စိုးရိမ်စရာ မရှိမယ့် နေရာမျိုးပါ။
သွားရေလာရေးအတွက်ဆိုရင်လည်း Old City နဲ့ ဆက်နေပြီးတော့ Old City ဖက်ကို လမ်းလျှောက်သွားချင်ရင်တောင် သွားလို့ရတဲ့ အနေအထားမှာ ရှိပါတယ် ။ ချင်းမိုင်ရဲ့ Warrot ဈေးနဲ့ Ping မြစ်ကမ်းဘေးနေရာတွေ အပါအဝင် အထင်ကရနေရာတွေကို လမ်းလျှောက်သွားချင်ရင် သွားလို့လည်း ရပါတယ် ။ ဒါ့အပြင် ညဈေးဧရိယာထဲမှာ စားသောက်ဆိုင် ကော်ဖီဆိုင်နဲ့ ကား ဆိုက်ကယ်ဌားတဲ့ ဆိုင်တွေအပါအဝင် Tour Package ဝယ်တာတို့လို ခရီးသွားဝန်ဆောင်မှု လုပ်ငန်းအချို့လည်း ရှိပါတယ်။
ဒီဧရိယာထဲမှာကတော့ နာမည်ရှိပြီးသား Brand Hotel ကြီးတွေကစလို့ Luxury Hotel တွေ အပြင် ဈေးနှုန်းသင့်တင့်တဲ့ ဟိုတယ်တွေနဲ့ ဈေးသက်သာတဲ့ Hostel တွေအထိ ရနိုင်ပါတယ်။ ဒီ ဧရိယာထဲက ဟိုတယ်တွေဟာ Old CIty ဖက်နဲ့ ယှဉ်ရင် ပိုပြီးတော့ ဈေးသက်သာတယ်လို့ ဆိုနိုင်ပါတယ်။
အခုကျွန်တော်ဖော်ပြပေးခဲ့တဲံ Chiang Mai Night Bazaar ဧရိယာမှာ တည်းခိုချင်တယ်ဆိုရင်တော့ Hotel Booking Website တွေမှာ Chiang Mai Night Bazaar ဆိုတဲ့ Keyword ကို အသုံးပြုပြီး ရှာကြည့်နိုင်ပါတယ်။
(3) Nimman Street
Nimman ဧရိယာကိုတော့ ချင်းမိုင်ရဲ့ ခေတ်အမှီဆုံး နေရာတွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။
Nimman လမ်းမကြီးအနီးတဝိုက် နေရာတွေကိုတော့ လူငယ်တွေဖြစ်တဲ့ Backpacker သမားတွေ ၊ Digital Nomad နဲ့ ချင်းမိုင်မှာ ကာလရှည်နေထိုင်ပြီး လည်ပတ်သူတွေ နေထိုင်ကြတဲ့နေရာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ချင်းမိုင် တက္ကသိုလ်က ဒေသခံ ကျောင်းသူ ကျောင်းသား အများစုကိုလည်း ဒီဧရိယာထဲမှာ တွေ့ရမှာပါ။ Nimman ကို လူငယ်တွေရဲ့ နေရာလို့ ဆိုနိုင်ပါတယ်။
ဒီဧရိယာမှာတော့ ဟိုတယ်တွေထက် Apartment မှာ နေထိုင်ကြတာ ပိုပြီးတော့ များတယ်လို့ ဆိုနိုင်ပါတယ်။ budget Hotel တွေ Hostel တွေအပါအဝင် luxury Hotel ကြီးတွေအထိကိုလည်း ဒီဧရိယာမှာ တွေ.ရမှာပါ ၊ ဒီဧရိယာထဲက တည်းခိုစရာနေရာတွေဟာ အခြားနေရာတွေထက် ပိုပြီးတော့ စျေးနှုန်းအားဖြင့် သင့်တင့်တယ်လို့ ဆိုနိုင်ပါတယ်။
Nimman ဧရိယာ အနီးတဝိုက် လမ်းလျှောက်သွားလို့ ရတဲ့ အကွာအဝေးထဲမှာတင် Maya Shopping Center ကြီး ရှိသလို ၊ စတိုးဆိုင်ပေါင်းများစွာ နဲ့ စားသောက်ဆိုင်ကြီးတွေ ၊ ကော်ဖီဆိုင်တွေအပြင် ဘားတွေအထိ ဒီဧရိယာမှာ တွေ့ရမှာ ဖြစ်ပါတယ်။
အခုကျွန်တော်ဖော်ပြပေးခဲ့တဲံ Nimman ဧရိယာမှာ တည်းခိုချင်တယ်ဆိုရင်တော့ Hotel Booking Website တွေမှာ Nimmanhaemin Road Areaဆိုတဲ့ Keyword ကို အသုံးပြုပြီး ရှာကြည့်နိုင်ပါတယ်။
** Hotel Booking ပြုလုပ်ဖို့အတွက် မလုပ်တက်ရင်ပဲ ဖြစ်ဖြစ် ၊ ထိုင်းဘဏ်မရှိလို့ Booking လုပ်မရ ဖြစ်နေရင်ပဲ ဖြစ်ဖြစ် ပေ့ချ်ကို ဆက်သွယ်ပြီး ဝန်ဆောင်မှု ရယူနိုင်ပါတယ်ခင်ဗျ **
ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1
ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1
ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1
သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/
လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Discover more from Thu Do Something
Subscribe to get the latest posts sent to your email.