အားလုံးပဲ မင်္ဂလာပါခင်ဗျ ၊ ဒီနေ့ကတော့ အတော်များများ သိချင်နေကြတဲ့ TM 30 ဆိုတာဘာလဲ ဆိုတာကို ကျွန်တော် သိထားသလောက် ပြောပြပေးပါမယ်ခင်ဗျ
TM 30 ဆိုတာဘာလဲ ?
ထိုင်းနိုင်ငံမှာ တရားဝင် ရောက်ရှိနေထိုင်တဲ့ နိုင်ငံခြားသားတွေအနေနဲ့ ထိုင်းကိုရောက်တာနဲ့ ဘယ်နေရာမှာ နေတယ်ဆိုတာကို ထိုင်းအစိုးရဆီ အကြောင်းကြားပြီး ရရှိလာတဲ့ အတည်ပြုစာကို TM 30 လို့ ခေါ်ပါတယ်။ မြန်မာလို အလွယ်ပြောရရင်တော့ ဧည့်စာရင်းတိုင်ရတဲ့ သဘောပါပဲ ။
TM 30 ကို ဘယ်သူက တိုင်ရမှာလဲ ? လုပ်ဖို့အတွက် ဘယ်သူမှာ တာဝန်ရှိသလဲ ?
ကိုယ်က အိမ်ငှါးနေရင် ကိုယ်ငှါးနေတဲ့ အိမ်ရဲ့ ပိုင်ရှင်က လုပ်ပေးရမှာ ဖြစ်ပြီး ၊ ဟိုတယ် ၊ တည်းခိုခန်းတွေမှာနေရင်တော့ ဟိုတယ်မန်နေဂျာက လုပ်ပေးရမှာ ဖြစ်ပါတယ်။
တကယ်လို့ သူတို့ဖက်က မလုပ်ပေးရင် ဥပဒေအရ အိမ်ရှင်ဖက်က ဒဏ်ကြေးဆောင်ရတာမျိုး ရှိပါတယ် ၊ ဒါပေမယ့် အချို့ အိမ်ရှင်တွေက နိုင်ငံခြားသားကို အိမ်မငှါးဖူးတာမျိုး ဘယ်လိုလုပ်ပေးရမှန်း နားမလည်တာကြောင့် မလုပ်ပေးတာမျိုးလည်း ရှိတတ်ပါတယ် ၊ ဒါကြောင့် ထိုင်းမှာ Long stay Visa နဲ့ နေမှာဆိုရင် အိမ်မငှါးခင် TM 30 လုပ်ပေး မပေးကို မေးသင့်ပါတယ် ။
ကားလက်မှတ်များ ဝယ်ယူရန်
ကိုယ်ပိုင် အိမ်ဝယ်ထားတဲ့သူတွေဆိုရင်တော့ ကိုယ့်ဘာသာ တိုင်ရမှာ ဖြစ်ပါတယ် ( ထိုင်းမှာ အိမ်ဝယ်ထားတဲ့ ကျွန်တော်တို့ မြန်မာတွေ ဗီဇာတိုးဖို့ TM30 လိုတဲ့အခါ ကျွန်တော့်ကို လာမေးတတ်ကြပါတယ် ၊ TM30 ဘယ်မှာသွားတောင်းရမလဲ ? Condo management team ဆီမှာတောင်းရမှာလား ၊ အရင်ပိုင်ရှင်ဆီ တောင်းရမှာလား စသဖြင့်မေးတတ်ပါတယ် ၊ အိမ်ပိုင်ရှိတဲ့သူက ကိုယ့်အတွက် ကိုယ့်ဘာသာကို လုပ်ရမှာပါ )
TM30 ကို ဘယ်အချိန်စလုပ်ရမလဲ ?
နိုင်ငံခြားသားတစ်ယောက် မိမိရဲ့ဟိုတယ် ဒါမှမဟုတ် အိမ်မှာ အခန်းငှါးပြီး စနေပြီဆိုတာနဲ့ ၂၄ နာရီအတွင်း ဟိုတယ်က တာဝန်ရှိသူ ဒါမှမဟုတ် ၊ အိမ်ရှင်က TM 30 လုပ်ပေးရမယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ် ၊ ဥပဒေမှာ ပြဌာန်းထားပေမယ့် တကယ့်တကယ်တမ်းမှာ နောက်ပိုင်း အိမ်ရှင်တွေ ဟိုတယ်တွေဖက်က ဗီဇာကိစ္စအတွက် လိုအပ်မှ လုပ်ပေးတာ ထုတ်ပေးတာမျိုးတွေလည်း ရှိပါတယ် ။
TM 30 ကို ဘယ်နေရာတွေမှာ သုံးသလဲ ?
TM 30 ကိုတော့ ထိုင်းနိုင်ငံအတွင်းမှာ ဗီဇာသက်တမ်းတိုးတဲ့ အချိန်တွေ ၊ ဗီဇာပြောင်းတဲ့ အချိန်တွေနဲ့ 90 Days Report လုပ်တဲ့အချိန် စသဖြင့် Immigration နဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ ကိုယ်နေထိုင်တဲ့ လိပ်စာကို စီစစ်ဖို့အတွက် သုံးပါတယ် ။ ပြောရရင်တော့ ဒီလူ ဒီနေရာမှာ နေထိုင်တာ မှန်ကန်လား လိပ်စာမှန်ရဲ့လား ဆိုတာကို စစ်ဆေးဖို့ Immigration အရာရှိတွေက TM 30 ကို တောင်းကြည့်တာဖြစ်ပါတယ်။
TM 30 လုပ်ဖို့ ဘာတွေ လိုအပ်သလဲ ?
အိမ်ရှင်ဖက်က အိမ်ပိုင်ဆိုင်ကြောင်း အထောက်အထား နဲ့ ၊ အိမ်ရှင်ရဲ့ ID Card ၊ အိမ်ရှင်က နိုင်ငံခြားသား ဆိုရင် အိမ်ရှင်ရဲ့ Passport လိုပါမယ် ၊ အိမ်ငှါးဖက်ကတော့ အိမ်ငှါးရဲ့ Passport အချက်အလက်တွေပဲ လိုအပ်ပါတယ်။
TM 30 ကို ဘယ်မှာလုပ်ရမှာလဲ ?
TM 30 ကို ကျွန်တော်ရေးပေးထားတဲ့ အချက်အလက်တွေယူပြီး ဘန်ကောက်လိပ်စာဆိုလည်း ဘန်ကောက် Immigration ရုံး ၊ ချင်းမိုင်လိပ်စာဆိုလည်း ချင်းမိုင်ရုံး စသဖြင့် သက်ဆိုင်ရာ မြို့နယ် Immigration ရုံးတွေမှာ သွားလုပ်လို့ ရသလို ၊ အွန်လိုင်း Website https://tm30.immigration.go.th/tm30/#/login ကနေလည်း လုပ်လို့ရပါတယ် ၊ ဘန်ကောက်လိပ်စာတွေကတော့ website ကနေ လုပ်တာ လုံး၀ အဆင်ပြေပေမယ့် အခြားနယ်ဖက်တွေကတော့ ရုံးသွားဖို့ လိုကောင်းလိုနိုင်ပါတယ်။
ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1
ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1
ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1
သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/
လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Discover more from Thu Do Something
Subscribe to get the latest posts sent to your email.