Single Entry , Multiple Entry နဲ့ Re-entry Permit
ထိုင်းနိုင်ငံမှာ နှစ်ရှည်ဗီဇာနဲ့ နေထိုင်သူတွေ အပါအဝင် အလည်ဗီဇာနဲ့ လာရောက်သူ ၊ DTV ဗီဇာနဲ့ နေထိုင်သူတွေ အပါအဝင် Re-entry Permit အကြောင်း အမေးများပြီး သိထားသင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ် ။
Re-entry Permit ဆိုတာ ဘာလဲ ?
ထိုင်းနိုင်ငံထဲမှာ နှစ်ရှည်ဗီဇာတစ်မျိုးမျိုးနဲ့ နေထိုင်သူတွေဟာ ထိုင်းနိုင်ငံပြင်ပကို ထွက်ချိန်မှာ Re-entry Permit ပြုလုပ်ထားခြင်း မရှိဘူးဆိုရင် လက်ရှိရယူထားတဲ့ ဗီဇာဟာ အလိုအလျှောက် ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိရယူထားတဲ့ ဗီဇာ ပျက်ပြယ်သွားခြင်း မရှိအောင် ပြုလုပ်ရတဲ့ ပြန်လည်ဝင်ရောက်ခွင့် ခွင့်ပြုချက်ကို Re-entry Permit လို့ ခေါ်ပါတယ် ။
Re-entry Permit ကို ထိုင်းနိုင်ငံမှာ ရှိတဲ့ မြို့နယ် လ၀ကရုံး (Immigration Office) တွေမှာ ကြိုတင် ပြုလုပ်နိုင်သလို ၊ ထိုင်းနိုင်ငံပြင်ပကို ထွက်မယ့်ရက်မှာ မိမိထွက်ခွာမယ့် နယ်စပ်ဂိတ် ၊ လေဆိပ် အစရှိသဖြင့်မှာရှိတဲ့ Immigration မှာလည်း ပြုလုပ်နိုင်ပါတယ် ။
Re-entry Permit လျှောက်ထားပြီး ခွင့်ပြုချက် ရတဲ့အခါမှာ သက်ဆိုင်ရာ Immigration က မိမိတို့ရဲ့ Passport စာအုပ်ထဲမှာ Re-entry Permit တုံး ထုပေးမှာ ဖြစ်ပါတယ်။
Re-entry Permit မှာ Single Entry Permit နဲ့ Multiple Entry Permit ဆိုပြီး ၂ မျိုး ရှိပါတယ် ။
Single Entry ဆိုတာ
Single Entry Permit ပြုလုပ်ထားမယ်ဆိုရင် ထိုင်းနိုင်ငံကနေ တစ်ကြိမ် ထွက်ခွာပြီး ဗီဇာသက်တမ်းအတွင်း တစ်ကြိမ် ပြန်လည်ဝင်ရောက်ခွင့် ပြုပါတယ်။ နောက်တစ်ကြိမ် နိုင်ငံပြင်ပထွက်တဲ့အခါ Entry Permit ထပ်မံ ပြုလုပ်ဖို့ လိုပါမယ် ၊ လက်ရှိမိမိရထားတဲ့ ဗီဇာသက်တမ်း မကုန်ခင်အတွင်း နိုင်ငံတွင်း ပြန်လည်ဝင်ရောက်ဖို့ လိုအပ်ပါမယ် ၊ Entry Permit ကြေး ဘတ် ၁၀၀၀ ရှိပါမယ်။

SingleEntry Permit နမူနာပုံစံ
ကားလက်မှတ်များ ဝယ်ယူရန်
Multiple Entry ဆိုတာ
Multiple Entry Permit ပြုလုပ်ထားမယ်ဆိုရင် လက်ရှိ ဗီဇာသက်တမ်းရှိသရွေ့ အကြိမ်ပေါင်းများစွာ ထိုင်းနိုင်ငံကနေ ထွက်ခွာပြီး ပြန်လည်ဝင်ရောက်ခွင့်ပြုပါတယ်။ မကြာခဏ ခရီးသွားလာသူများအတွက် သင့်တော်ပါတယ်။ လက်ရှိ မိမိ ရထားတဲ့ ဗီဇာသက်တမ်း မကုန်ခင်အတွင်း နိုင်ငံတွင်း ပြန်လည် ဝင်ရောက်ဖို့ လိုအပ်ပါမယ် ။ Entry Permit ကြေး ဘတ် ၃၈၀၀ ရှိပါမယ်။
မည်သည့် Entry Permit အမျိုးအစားကို ရယူထားသည် ဖြစ်စေ Entry Permitရဲ့ သက်တမ်းဟာ ဗီဇာသက်တမ်းအတိုင်းပဲ ဖြစ်ပါတယ် ၊ ဒါကြောင့် ဗီဇာသက်တမ်းတိုးပြီးပါက Entry Permit အသစ် ထပ်မံ ပြုလုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

MultipleEntry Permit နမူနာပုံစံ
ဖော်ပြထားသည့် Entry Permit နှုန်းထားများသည် မြို့နယ် Immigration တွင် ပြုလုပ်ပါက ကျသင့်မည့် နှုန်းထား ဖြစ်ပြီး လေဆိပ် သို့မဟုတ် နယ်စပ်ဂိတ်များတွင် ကုန်ကျငွေအနည်းငယ်ပိုနိုင်ပါတယ်။
Multiple Entry ရတဲ့ ဗီဇာများ
Re-entry Permit လျှောက်ထားစရာမလိုပဲ Multiple Entry ပေးထားတဲ့ Visa အမျိုးအစားတွေလည်း ရှိပါတယ် ၊ DTV Visa , Elite Visa , Smart Visa နဲ့ LTR Visa တွေဟာ Re-entry Permit ပြုလုပ်စရာမလိုပဲ Multiple Entry ရတဲ့ ဗီဇာတွေ ဖြစ်ပါတယ် ၊
ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1
ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1
ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1
သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/
လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Discover more from Thu Do Something
Subscribe to get the latest posts sent to your email.
