Loy Krathong နဲ့ Yi Peng Festival ပွဲတော်ရက်တွေ ချင်းမိုင်ကို အလည်သွားမယ်ဆိုရင်
ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Loy Krathong ပွဲတော်ကို ၂၀၂၅ ခုနှစ်မှာဆိုရင် 5 Nov ကနေ 6 Nov အတွင်း ကျင်းပမှာ ဖြစ်ပါတယ် ။ ထိုင်းနိုင်ငံရဲ့ နေရာဒေသ အသီးသီးမှာ Krathong လေးတွေကို မီးထွန်းပြီး ရေမျှောကြတဲ့ ပွဲတော်ဖြစ်ပါတယ်။
ချင်းမိုင် Loy Krathong ပွဲရက်တွေမှာ Yi Peng (Yee Peng) Lantern Festival လို့ ခေါ်တဲ့ ကောင်းကင်အပြည့် မီးပုံးတွေ လွှတ်တင်တဲ့ ပွဲတော်ကိုပါ ကျင်းပကြတာမို့ ပိုပြီးတော့ နာမည်ကြီးပါတယ် ၊ Loy Krathong နဲ့ Yi Peng ဟာမတူညီပဲအနည်းငယ်ကွဲပြားတဲ့ပွဲတော်၂ခုဖြစ်ပါတယ်။ပွဲတော်၂ခုလုံးကိုချင်းမိုင်မှာတစ်ချိန်တည်းအတူတူကျင်းပတာမို့ပိုပြီးတော့ထင်ရှား၊လာရောက်လည်ပတ်သူပိုများတာဖြစ်ပါတယ်။
Loy Krathong နဲ့ Yi Peng ဘာကွဲသလဲဆိုရင် Loy Krathong က ငှက်ပျောရွက် ပန်းတို့နဲ့ အလှဆင်ထားတဲ့ ခွက်ကို မီး ၊ ဖယောင်းတိုင်တို့ထွန်းညှိပြီး Krathong တွေကို ရေမှာမျှောတာ ဖြစ်ပြီး Yi Peng ကတော့မီးပုံးလွှတ်တာဖြစ်ပါတယ်။
Loy Krathong ရက်တွေဆိုရင် ချင်းမိုင်မှာ ထိုင်းလူမျိုးတွေရော နိုင်ငံခြားသားခရီးသည်တွေနဲ့ ကျိတ်ကျိတ်တိုး စည်ကားပါတယ်။ ကျွန်တော်လည်း မနှစ်က Loy Krathong ရက်တွေမှာ ချင်းမိုင်ကို ရောက်ဖြစ်ပြီး Loy Krathong ရော Yi Peng ပွဲပါ ရောက်ဖြစ်တာမို့ ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ ။
Loy Krathong ပွဲရက်က နိုဝင်ဘာလ ( ၁၁ ) လပိုင်းမှ ဆိုပေမယ့် အလည်သွားဖို့ စိတ်ကူးထားရင် အခုကတည်းက ခရီးသွားဖို့ ကြိုတင်စီစဉ်သင့်ပါပြီ ။
ဘယ်လိုသွားမလဲ ?
ဘန်ကောက်ကနေ ချင်းမိုင်ကို ကား ၊ ရထား ၊ လေယာဉ်တို့နဲ့ သွားလို့ ရသလို မြန်မာကနေလည်း ချင်းမိုင်ကို တိုက်ရိုက်ရောက်တဲ့ လေယာဉ်တစ်ချို့ ရှိပါတယ် ၊ ပွဲတော်ကာလမို့ ရထားနဲ့ ကားလက်မှတွေ ဝယ်ရခက်ပါတယ် ၊ လေယာဉ်လက်မှတ်က စျေးကြီးနိုင်ပါတယ် ၊ ခရီးသွားလက်မှတ်တွေအတွက် ကြိုတင်စီစဉ်ဖို့ အကြံပေးချင်ပါတယ်။
ကားလက်မှတ်များ ဝယ်ယူရန်
ဘယ်နေရာတွေ အဓိကစည်ကားလဲ ?
🔶 The Phae Gate : ချင်းမိုင် Old City ရဲ့ The Phae Gate ဟာ ချင်းမိုင်ရဲ့ အထင်ကရ ပွဲတွေ ကျင်းပရာ နေရာ ဖြစ်တာမို့ Loy Krathong ပွဲရက်တွေမှာလည်း အလှပြကားတွေ ၊ စီတန်းလှည့်လည်မှုအပါအဝင် ဖျော်ဖြေပွဲ အမျိုးမျိုးကို Tha Phae Gate အနီးမှာ ပြုလုပ်ပါတယ် ။
🔶 Ping River : Krathong တွေကို ရေမှာ မျှောတဲ့ပွဲ ဖြစ်တာမို့ ချင်းမိုင်မြို့ရဲ့ Ping River တစ်လျှောက်ဟာ အထူးပဲ စည်းကားပါတယ် ။ မြစ်ကမ်းတစ်လျှောက်မှာ အလှဆင်ထားတဲ့ မီးတွေရှိပြီး ညစျေးတန်းတွေနဲ့ လည်ပတ်လို့ကောင်းပါတယ်။
🔶 Wat Phan Tao : Wat Phan Tao ဘုန်းကြီးကျောင်းဟာ ရှေးဟောင်းသစ်သားကျောင်းဖြစ်ပြီးတော့ ချင်းမိုင် Old City ထဲမှာ ရှိတဲ့ ကျောင်းဖြစ်ပါတယ် ၊ အဓိကထင်ရှားတာကတော့ ဒီကျောင်းဝန်းထဲမှာ မီးပူဇော်ပွဲတွေ ပြုလုပ်လို့ ရပြီး ၊ ကုသိုလ်ကောင်းမှု ပြုလုပ်လိုသူတွေအတွက် အထူးသင့်တော်တဲ့ နေရာပါ။
🔶 Mae Jo University: ချင်းမိုင်မြို့ပြင်မှာ ရှိတဲ့ Mae Jo University ကတော့ Yi Peng ပွဲတော်ကျင်းပရာ နေရာတွေထဲက တစ်ခုအဖြစ်နဲ့ ထင်ရှားပါတယ် ၊ ကောင်းကင်အပြည့် မီးပုံးတွေ လွှတ်တင်တာကို ကြည့်ချင်တယ် ပါဝင်ဆင်နွှဲချင်တယ်ဆိုရင် Mae Jo University ကို သွားရမှာ ဖြစ်ပါတယ်။
ကောင်းကင် အပြည့်မီးပုံးလေးတွေ လွှတ်တာက ဘယ်မှာလုပ်တာလဲ ?
ကောင်းကင် အပြည့်မီးပုံးလေးတွေ လွှင့်တင်တာဟာ Yi Peng Festival ဖြစ်ပြီးတော့ချင်းမိုင်မြို့ထဲမှာပြုလုပ်တာမဟုတ်ပါဘူး၊ချင်းမိုင်မြို့ထဲမှာမီးပုံးတွေလွှင့်တင်ခြင်းကိုမီးဘေးအန္တရာယ်ရှိနိုင်တာမို့ခွင့်မပြုထားပါဘူး။
ချင်းမိုင်မြို့ကနေ ကားနဲ့ နာရီဝက် ၄၅ မိနစ်လောက် သွားရတဲ့ ကွင်းပြင်နေရာတွေမှာ ပြုလုပ်တာ ဖြစ်ပါတယ်။ Yi Peng Festival ကျင်းပတဲ့နေရာ ၄ ခု ၅ ခု လောက်ရှိပြီးတော့ နေရာတိုင်းက ဝင်ကြေးပေးပြီး ဝင်ရတာ ဖြစ်ပါတယ် ၊ ဝင်ကြေးအတွက် လက်မှတ်တွေကို ကြိုတင်ဝယ်ယူထားရမှာ ဖြစ်ပြီး ၊ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ကျင်းပတဲ့နေရာကို သွားလို့ ရသလို ၊ ပွဲကျင်းပတဲ့ Organizer တွေကအကြိုအပို့စီစဉ်ပေးတာလည်းရှိပါတယ်၊ပွဲမှာအကြိုအပို့၊အစားအသောက်နဲ့မီးပုံးလွှတ်တင်ဖို့စီစဉ်ပေးခြင်းတွေပါရှိပြီး၊စျေးနှုန်းတွေကတော့ဘတ်၃၀၀၀၊၄၀၀၀လောက်ကနေစလို့အမျိုးမျိုးရှိပါတယ်။
ဘယ်နေရာမှာ တည်းသင့်သလဲ?
Loy Krathong ပွဲကာလ ချင်းမိုင်သွားလည်မယ့် သူတွေအနေနဲ့ တည်းသင့်တဲ့ ဧရိယာ ၃ ခုကို ညွန်းပေးချင်ပါတယ် ၊ ချင်းမိုင်မြို့ထဲမှာပဲ လည်ပတ်မယ်ဆိုရင် အဓိက ပွဲကျင်းပရာ နေရာတွေဖြစ်တဲ့ Old City နဲ့ Ping River အနီးက Warrort Market တဝိုက် ဟိုတည်တွေမှာ တည်းသင့်ပါတယ် ၊ ဒါမှသာ သွားလာလည်ပတ်ပြီး ပြန်နားချင်တဲ့ အချိန် အလွယ်တကူ ပြန်လို့ရမှာ ဖြစ်ပါတယ်။
Yi Peng Festival ကို သွားလည်ချင်သူတွေကတော့ Maya Shopping Center အနီးတဝိုက်က ဟိုတယ်တွေ တည်းသင့်ပါတယ် ၊ ဘာကြောင့်လဲဆိုတော့ Yi Peng Festival ကို အကြိုအပို့ လုပ်ပေးတဲ့ Shuttle Bus တွေဟာ Myaya Shopping Center နဲ့ အနီးတဝိုက်ကနေ စုရပ်အဖြစ် ထွက်တာကြောင့် ဖြစ်ပါတယ်။
ဘာတွေ သတိပြုသင့်လဲ ?
ပွဲတော်ရက်ဖြစ်တာမို့ ချင်းမိုင်မြို့မှာ အချို့နေရာတွေ အချိန်ပိုင်းအလိုက် လမ်းပိတ်ထားတာမျိုး ရှိပါတယ် ၊ Grab , Bolt တို့ကနေ ကားခေါ်ရင် ပုံမှန်ထပ် အချိန်များစွာ ကြာတက်ပြီး ၊ လုံး၀ခေါ်မရတာမျိုး စျေးနှုန်းပိုများတာမျိုးလည်း ဖြစ်နိုင်တာမို့ သွားလာလည်ပတ်ဖို့ကို ပုံမှန်ထပ် စောထွက်တာ ကြိုတင်ပြင်ဆင်တာမျိုး လုပ်သင့်ပါတယ်။
ချင်းမိုင်မြို့ကိုခရီးသွားဖို့အတွက်လက်မှတ်တွေကြိုတင်စီစဉ်သင့်သလိုတည်းခိုဖို့ဟိုတယ်တွေငှါးရမ်းတာတွေလည်းကြိုတင်လုပ်ဆောင် ထားသင့်ပါတယ်။
ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1
ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1
ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1
သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/
လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Discover more from Thu Do Something
Subscribe to get the latest posts sent to your email.