ထိုင်းမှာနေပြီး ဘဏ်အကောင့်မရှိသေးသူတွေ အကောင့်ဖွင့်ထားသင့်တဲ့ True Money Wallet

ထိုင်းမှာနေပြီး ဘဏ်အကောင့်မရှိသေးသူတွေ အကောင့်ဖွင့်ထားသင့်တဲ့ True Money Wallet
ထိုင်းမှာနေထိုင်ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် ဘဏ်အကောင့်ဖွင့်မရသေးလို့ Online Payment တွေ ငွေချေမရတာ ၊ ငွေလွှဲချင်ပေမယ့်လည်း ငွေလွှဲမရတာမျိုးတွေအတွက် True Money Wallet က အတော်လေးကို အဆင်ပြေတဲ့ Payment စနစ်တစ်ခု ဖြစ်ပါတယ်။
True Money က အရင်တုန်းက ဖွင့်ရတာ နည်းနည်းခက်တဲ့ အထဲမှာပါပါတယ် ၊ ကျွန်တော်ကိုယ်တိုင်လည်း ၂ ကြိမ်လောက်စမ်းဖွင့်ကြည့်ဖူးပေမယ့် ဘာလိုအပ်ချက်ရှိမှန်းတောင် မသိပဲ အကောင့်ဖွင့်မရခဲ့ပါဘူး ၊ အခုနောက်ပိုင်းတော့ True Money အကောင့်ဖွင့်ရတာ လွယ်ကူ အဆင်ပြေတယ်လို့ အသိတစ်ချို့က ပြောလာတာနဲ့ ကိုယ်တိုင်ပဲ ပြန်စမ်းဖွင့်ကြည့်ခဲ့တာ အဆင်ပြေသွားလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်ဗျ။
📌 True Money အကောင့်ဖွင့်ဖို့ ဘာတွေ လိုအပ်သလဲ ?
– Thai Phone Number
– Passport
– Thai ID တစ်ခုခု (ဥပမာ – ထိုင်းယာဉ်မောင်းလိုင်စင်၊ ပန်းရောင်ကဒ်စသဖြင့်) ဒီသုံးမျိုး အဓိကလိုပါမယ်။ကားလက်မှတ်များ ဝယ်ယူရန်

Powered by 12Go system
📌Account ဘယ်လိုဖွင့်မလဲ ?
အကောင့်ဖွင့်နည်းကိုတော့ ပုံတစ်ပုံချင်းဆီမှာလည်း ကြည့်နိုင်ပါတယ်။
– Application ကို Download လုပ်ပါ
– ဘာသာစကားရွေးချယ်လို့ရပါတယ် ၊ မြန်မာစာလည်းပါတာမို့ ထိုင်းလို အင်္ဂလိပ်လို မဖတ်တက်ရင်တောင် အဆင်ပြေပါတယ်။
– ကိုယ်အမှန်တကယ်သုံးမယ့် ဖုန်းနံပါတ်ဖြည့်ရပါမယ် ၊ OTP ကျလာရင် ဖြည့်ပေးလိုက်ပါ။
– Passport အရှေ.ဆုံးစာမျက်နှာကို Scan ဖတ်ပေးရပါမယ်။
– မျက်နှာ Scan ဖတ်ပေးရပါမယ်။
– ကိုယ်နေထိုင်တဲ့ လိပ်စာကို ဖြည့်ပေးရပါမယ် ၊ နောက်အဆင့်မှာ တင်ပေးရမယ့် Thai ID တစ်ခုခုမှာပါတဲ့ လိပ်စာအတိုင်း ဖြည့်ပေးတာ ပိုအဆင်ပြေပါတယ်။
– ဘယ်လိုဝန်ဆောင်မှုတွေကို အသုံးပြုချင်တယ်ဆိုတာကို ရွေးပေးပါ
– နိုင်ငံခြားသားတွေကို ပေးသုံးတဲ့ ဝန်ဆောင်မှုအားလုံး အသုံးပြုဖို့အတွက် အထောက်အကူပြုစာရွက်စာတမ်း တစ်စောင် တင်ပေးနိုင်ပါတယ် ၊
– အလုပ်နဲ့နေတဲ့သူတွေဆိုရင် Work Permit စာရွက် ၊ စာအုပ် ၊ Visa ပါတဲ့ စာမျက်နှာ တစ်ခုခု တင်ပေးလို့ရပါတယ် ၊ ဒါဆိုရင် မြန်မာနိုင်ငံကို ငွေလွှဲတဲ့ ဝန်ဆောင်မှုကိုပါ အသုံးပြုနိုင်ပါလိမ့်မယ်
– အခြားဗီဇာတစ်ခုခုနဲ့ နေသူတွေကတော့ ကားလိုင်စင် ၊ ကျောင်းသားကဒ် အစရှိတာတွေကို တွဲတင်နိုင်ပါတယ်။
ပြီးတဲ့အခါမှာတော့ လျှောက်ထားမှုကို စစ်ဆေးနေပြီဖြစ်ကြောင်း ရုံးဖွင့်ချိန် ၈ နာရီအတွင်း အကြောင်းပြန်မည်ဖြစ်ကြောင်း စာလေး ပြပေးပါလိမ့်မယ် ၊ အကောင့် စသုံးလို့ရပြီဆိုရင် SMS ပို့ပြီး အကောင့်သုံးလို့ ရပြီဖြစ်ကြောင်း အကြောင်းကြားပေးပါတယ်။
📌 True Money ထဲကို ငွေဘယ်လိုသွင်းရမလဲ ?
True Money ထဲကို ငွေသွင်းဖို့အတွက်ကတော့ 7 Eleven , Lotus အစရှိတဲ့ဆိုင်တွေရဲ့ကောင်တာမှာ ငွေသားပေးပြီး ကိုယ့်အကောင့်ထဲ ငွေသွင်းလို့ ရသလို ၊ ကိုယ့်ရဲ့ဘဏ်အကောင့်ကနေလည်း ငွေသွင်းလို့ရပါတယ်။ ဒါ့အပြင် နေရာအတော်များများမှာ တွေ့ရတဲ့ Ture Money စက်တွေကနေလည်း ငွေသွင်းလို့ရပါတယ်။
📌 True Money ကနေ ဘယ်ကိုငွေလွှဲလို့ရလဲ ?
– True Money Wallet အကောင့်အချင်းချင်း ငွေလွှဲလို့ရပါတယ် ၊ ငွေလွှဲချင်သူရဲ့ ဖုန်းနံပါတ်ကိုတောင်းပြီး လွှဲလို့ရပါတယ်။ ငွေချက်ခြင်းဝင်ပြီး ငွေလွှဲခကလည်း အခမဲ့လို့သိရပါတယ် ။
– ထိုင်းဘဏ်အကောင့်တွေကို ငွေလွှဲလို့ရပါတယ် ၊ ထိုင်းဘဏ်အကောင့်တွေ ငွေလွှဲတာကတော့ ငွေလွှဲဝင်ဖို့ နာရီဝက်လောက်စောင့်ရတက်ပြီး ၊ ငွေလွှဲခ ဘတ် ၂၀ ခန့်ပေးရပါတယ်။
– မြန်မာနိုင်ငံကို ငွေပြန်လွှဲဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ် ၊ ဒါပေမယ့် အဲ့ဒီဝန်ဆောင်မှုကို အသုံးပြုဖို့အတွက်ကတော့ ထိုင်းမှာ အလုပ်လုပ်နေကြောင်း စာရွက်စာတမ်းတွေ တင်ပေးရမှာ ဖြစ်ပါတယ် ၊ (ဥပမာ Workpermit စာရွက် ၊ ကဒ်)
📌 အခြားရော ဘယ်နေရာတွေမှာ သုံးလို့ရသေးလဲ
7 Eleven မှာစျေးဝယ်တာ ၊ ဖုန်းငွေဖြည့်တာ ၊ Bill ဆောင်တာနဲ့ Truemoney ကို Payment Gateway အဖြစ်လက်ခံထားတဲ့ Website , App တွေမှာ စျေးဝယ်ရင် ငွေချေဖို့အတွက် အသုံးပြုနိုင်ပါတယ်။ True Moeny ထဲက အချို့သော Features တွေဟာ ထိုင်းနိုင်ငံသားတွေပဲ သုံးလို့ရတာမျိုးလည်း ရှိပါတယ်။
True Money အကောင့်ဟာ လက်တလောမှာ ဖွင့်ရတာ အရမ်းလွယ်ကူပြီး သုံးရတာလည်း ရိုးရှင်းပါတယ် ၊ မြန်မာဘာသာစကားနဲ့လည်း သုံးလို့ အဆင်ပြေတာမို့ လူတိုင်းအတွ့် အဆင်ပြေတာကိုလည်း တွေ့ရပါတယ်ဗျ။

ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1

ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1

ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1

သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/

လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Discover more from Thu Do Something

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *