E-visa လျှောက်ထားဖို့ သိထားသင့်တဲ့ အခြေခံများ

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စတင်ပြီးတော့ ထိုင်းနိုင်ငံရဲ့ ဗီဇာ အမျိုးအစား အားလုံးကို ထိုင်းနိုင်ငံပြင်ပက ထိုင်းသံရုံး (သို့မဟုတ်) ကောင်စစ်ဝန်ရုံးတွေမှာ E-visa စနစ်ကို အသုံးပြုပြီးတော့ပဲ လျှောက်ထားလို့ပဲ ရတော့မှာပါ ။
ကျွန်တော်တို့ မြန်မာတွေ သွားရောက်ပြီးတော့ ဗီဇာလျှောက်ထားလေ့ ရှိတဲ့ သံရုံးတစ်ချို့ E-visa စနစ်ပြောင်းသွားကြောင်း ပို့စ်တွေ တင်ပေးခဲ့ဖူးတုန်းက အချို့က “E-visa ဆိုတာ ဘာကို ပြောတာလဲ ဆိုပြီး” မေးကြပါတယ် ၊ အဲ့ဒါကြောင့် အခုပို့စ်မှာ E-visa အကြောင်း အနည်းငယ် ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။
◎ ◎ E-visa System ဆိုတာဘာလဲ ? ◎ ◎
E-visa ဆိုတာက ဗီဇာအမျိုးအစားတစ်ခု မဟုတ်ပါဘူး ၊ ထိုင်းနိုင်ငံထဲ တရားဝင် ဝင်ရောက်ခွင့်အတွက် လိုအပ်တဲ့ ဗီဇာအမျိုးအစား အသီးသီးကို ထိုင်းသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးတွေကို လူကိုယ်တိုင် သွားစရာမလိုပဲ အွန်လိုင်းကနေတစ်ဆင့် လျှောက်ထားနိုင်တဲ့ စနစ်ကို E-visa စနစ်လို့ ခေါ်ပါတယ်။

ကားလက်မှတ်များ ဝယ်ယူရန်

Powered by 12Go system
◎ ◎ ဘယ်က လျှောက်ရမှာလဲ ? ဘယ်လို လျှောက်ရမှာလဲ ? ◎ ◎
◎ ◎Account ဖွင့်ခြင်းနှင့် ဗီဇာ လျှောက်ထားခြင်း ◎ ◎
1 – အစိုးရရဲ့ တရားဝင် E-visa လျှောက်ထားရမယ့် Website ကို သွားပါ (Comment မှာ လင့်ခ် ချထားပေးပါမယ်)
2 – Account ဖွင့်ပါ
3- ကိုယ်လျှောက်ထားမယ့် ဗီဇာအမျိုးအစားကို ရွေးချယ်ပါ
4- ကိုယ်ရေးအချက်အလက်နဲ့ ခရီးသွား အချက်အလက်တွေကို ဖြည့်ပါ
5- ဗီဇာအမျိုးအစားအလိုက် လိုအပ်မယ့် Doucment တွေကို Website က တောင်းထားတဲ့အတိုင်း Upload တင်ပေးရပါမယ်
◎ ◎ငွေပေးချေခြင်း ◎ ◎
6- ကမ္ဘောဒီးယား ၊ ဗီယက်နမ်သံရုံးများမှာ ဗီဇာလျှောက်ထားမယ်ဆိုရင် အချက်အလက်ပြည့်စုံပြီလို့ ယူဆရင် Online ကနေပဲ တစ်ခါတည်း ဗီဇာကြေး သွင်းရမှာ ဖြစ်ပါတယ် ။
မြန်မာနဲ့ လာအိုနိုင်ငံက သံရုံးများမှာ လျှောက်ထားမယ်ဆိုရင်တော့ Online ကနေ Document တွေ တင်သွင်းပြီး ၊ သက်ဆိုင်ရာ သံရုံးမှာ ငွေပေးသွင်းဖို့အတွက် ရက်ချိန်း (Appoinment ) ရယူရမှာ ဖြစ်ပါတယ် ၊ ရက်ချိန်းအတိုင်း သံရုံးကို သွားရောက်ပြီး ဗီဇာကြေးကျသင့်ငွေကို ငွေသားပေးသွင်းရမှာ ဖြစ်ပါတယ်။
7 – ဗီဇာကြေး ငွေသွင်းပြီးတဲ့အခါမှသာ ကိုယ်တင်ပေးလိုက်တဲ့ Document တွေကို စတင်စစ်ဆေးမှာ ဖြစ်ပြီး မပြည့်စုံတာ လိုအပ်တာရှိရင် Email ပို့လာပြီး အချက်အလက်တွေ ထပ်တောင်းပါလိမ့်မယ် ၊ ပြည့်စုံတယ်ဆိုရင်တော့ Approve ဖြစ်ပြီ ဖြစ်ကြောင်း Email နဲ့ e-visa confirmation document ရပါမယ် ၊ ရလာတဲ့ confirmation Document ကို ထိုင်းနိုင်ငံကို ဝင်ရောက်တဲ့အခါ Immigration ကို ပြလိုက်ရုံပါပဲ။
သတိထားသင့်တဲ့ အချက်တစ်ချို့
– E-visa ဟာ ထိုင်းနိုင်ငံတွင်းမှာ နေထိုင်ရင်း လျှောက်ထားလို့ မရနိုင်ပါဘူး ၊ ဒါကြောင့် နိုင်ငံ ပြင်ပကို ထွက်ပြီးမှသာ လျှောက်လို့ ရမှာ ဖြစ်ပါတယ်။ E-vsia Website မှာ Visa လျှောက်ထားလိုတဲ့ သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးကို ရွေးချယ်ပေးရပါတယ် ၊ ကိုယ်က ကမ္ဘောဒီးယား နိုင်ငံသံရုံးက တစ်ဆင့်လျှောက်မယ်လို့ ရွေးချယ်ထားရင် အမှန်တကယ်လည်း ကမ္ဘောဒီးယားနိုင်ငံထဲမှာ ရောက်နေဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံပြင်ပကနေ လျှောက်လို့ ရမှာ မဟုတ်ပါဘူး ။
– အကြောင်းကြောင်းကြောင့် ဗီဇာ Reject ငြင်းပယ်ခြင်းခံရရင် ဗီဇာဖိုးသွင်းထားငွေဟာ ပြန်ရမှာ မဟုတ်ပါဘူး ။
– E-visa လျှောက်ထားမှုအတွက် Visa Processing Time ဟာ သံရုံးတစ်ခုနဲ့ တစ်ခု မတူတာမို့ ကိုယ်လျှောက်ထားမယ့် သံရုံးဟာ ကိုယ်လျှောက်ထားတဲ့ ဗီဇာ အမျိုးအစားအတွက် အချိန် ဘယ်လောက်ကြာနိုင်မယ် ဆိုတာကို ကြိုတင်လေ့လာထားသင့်ပါတယ်။

ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1

ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1

ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1

သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/

လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Discover more from Thu Do Something

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *