ဘန်ကောက်ကို အလည်သွားကြတဲ့အခါ သွားရောက်လည်ပတ်ကြတဲ့ နေရာတွေထဲမှာ Chocolate Ville ကလည်း တစ်ခုအပါအဝင်ပါပဲ ။ Chocolate Ville က ကစားကွင်းလည်း မဟုတ်သလို ၊ ပန်းခြံတစ်ခုလည်း မဟုတ်ပါဘူး ၊ တကယ်တမ်းတော့ Chocolate Ville က စားသောက်ဆိုင် တစ်ခုဖြစ်ပါတယ်။
စားသောက်ဆိုင်ဧရိယာက ကြီးမားပြီးတော့ နေရာတိုင်းမှာ ဓါတ်ပုံရိုက်လို့ကောင်းအောင် သေချာလေး ပြင်ဆင်ထားတာမို့ အလည်လာကြသူတွေ အလွန်များတာပါ ။ ထိုင်းနိုင်ငံအနှံ့မှာ ဓါတ်ပုံရိုက်လို့လှတဲ့ ကော်ဖီဆိုင်တွေ ၊ စားသောက်ဆိုင်တွေ အများအပြားရှိတဲ့အထဲမှာ Chocolate Ville က နာမည်အကြီးဆုံးတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။
Chocolate Ville ကို ဘယ်အချိန်သွားသင့်သလဲဆိုတော့ ညနေခင်း ၄-၅ နာရီဝန်းကျင်လောက် သွားသင့်ပါတယ် ၊ ဒါမှသာ နေ့ဖက် နေမဝင်ခင် အလင်းရောင်နဲ့ ဓါတ်ပုံရိုက်လို့ လှမှာ ဖြစ်သလို ၊ ညဖက်မီးတွေထွန်းချိန်မှာလည်း ဓါတ်ပုံရိုက်လို့ရမှာ ဖြစ်ပါတယ် ။
ဒါ့အပြင် Chocolate Ville မှာက ဖျော်ဖြေပွဲ အသေးစားလေးတွေလည်း ရှိသေးတာမို့ ကလေးငယ်လေးတွေဆိုရင် အရမ်း ပျော်ကြတာကိုလည်း တွေ့ရပါတယ်။
ကားလက်မှတ်များ ဝယ်ယူရန်
Powered by 12Go system
မိသားစုလိုက် စုပြီးတော့လာကြသူတွေကိုလည်း အများကြီးတွေ့ရပါတယ်ဗျ။ ဒါ့အပြင် Chocolate Ville က လတစ်လချင်းအလိုက် သူ့ရဲ့Deceration လေးတွေကို အနည်းငယ်ပြောင်းထားတတ်ပါတယ်။
အခု အောက်တိုဘာလမှာဆိုရင် Halloween Theme ပုံစံမျိုး ပြင်ဆင်ထားပေးပါတယ် ၊ ကျွန်တော်က အောက်တိုဘာမှာ ရောက်သွားတာမို့ ရိုက်ကူးဖြစ်ခဲ့တဲ့ ပုံတွေကလည်း Halloween Theme နဲ့ ဖြစ်နေပါမယ် ၊ အခြားလတွေမှာတော့ အခြား အပြင်အဆင်လေးတွေနဲ့ ဖြစ်ပါမယ်ဗျ။
Chocolate Ville ကို စားသောက်ဆိုင် ဖြစ်ပေမယ့် Theme Park လိုလည်း ဖြစ်နေတာကြောင့် ဝင်ကြေးပေးပြီးတော့ ဝင်ရတဲ့ စားသောက်ဆိုင်ပါ ၊ ဝင်ကြေးအနေနဲ့ ပုံမှန်ရက်တွေမှာ ဘတ် ၁၀၀ ဖြစ်ပြီးတော့ Peak Hours တွေမှာတော့ ဘတ် ၁၅၀ ပါ ။ ဝင်ကြေးလက်မှတ်ကို အထဲရောက်တဲ့အခါမှာ ရေခဲမုန့် ၊ အချိုရည်စသဖြင့်တို့နဲ့ လဲလို့ ရသလို ၊ ကိုယ်က စားသောက်ဆိုင်မှာ အစားအသောက်တွေ မှားစားဖြစ်တယ်ဆိုရင်လည်း ကျသင့်ဈေးထဲကနေ ဘတ် ၁၀၀ ပြန်လျှော့ပေးပါတယ်။
Chocolate Ville ကို သွားမယ်ဆိုရင်တော့ Public Transport နဲ့ အဆင်မပြေပါဘူး ၊ Taxi ကိုပဲ အဓိကထားပြီးတော့ အသုံးပြုရမှာ ဖြစ်ပါတယ် ။ Chocolate Ville က Siam Amazing Park နဲ့ သိပ်မဝေးတဲ့ နေရာမှာ ရှိတာမို့ မနက်ခင်းနဲ့ နေ့လည်ပိုင်း Siam Amazing Park ကို သွားလည်ပြီး အပြန် ညနေခင်းပိုင်း Chocolate Ville ကို ဝင်ရောက်လည်ပတ်တာမျိုးကလည်း သင့်တော်ပါတယ်ဗျ။
ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1
ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1
ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1
သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/
လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Discover more from Thu Do Something
Subscribe to get the latest posts sent to your email.