ဘန်ကောက်မြို့ပတ်ရထားတွေမှာ ဘယ်ရထားလိုင်းကို ဘယ်ကဒ်နဲ့ စီးလို့ရသလဲ ?
ဘန်ကောက်မြို့မှာ ရှိတဲ့ မြို့ပတ်ရထားတွေမှာ ဘယ်ရထားလိုင်းတွေကိုတော့ ဘယ်လိုလက်မှတ်တွေ ၊ Member ကဒ်တွေနဲ့ စီးလို့ရတယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်ဗျ ။ အချို့ကဒ်တွေက ရထားလိုင်းတစ်မျိုးတည်းမှာပဲ စီးလို့ရပြီးတော့ အချို့ကဒ်တွေကတော့ ရထားလိုင်း အတော်များများမှာပါ သုံးလို့ရတာကို တွေ့ရပါမယ်ဗျ ။











ကားလက်မှတ်များ ဝယ်ယူရန်
Powered by 12Go system




















** ခရီးစဉ်တစ်ကြောင်းချင်းစီအတွက် ရထားလက်မှတ်**
ခရီးစဉ်တစ်ကြောင်းချင်းအတွက် လက်မှတ်ကတော့ရှင်းပါတယ် ၊ လက်မှတ်ကောင်တာမှာဖြစ်စေ လက်မှတ်ဝယ်တဲ့စက်မှာဖြစ်စေ ဘယ်ကနေ ဘယ်ကိုသွားမယ်ဆိုပြီး လက်မှတ်ဝယ်ပြီးတော့ စီးရတဲ့ တစ်ခါသုံးလက်မှတ်တွေပါ ။
**Rabbit Card**
Rabbit ကဒ်ကတော့ BTS ရထားလိုင်းတွေမှာ ရထားစီးဖို့အတွက် ငွေကြိုဖြည့်ထားပြီး သုံးရတဲ့ လက်မှတ်အမျိုးအစားဖြစ်ပါတယ် ၊ အခုနောက်ပိုင်းအသစ်ဖွင့်တဲ့ အဝါရောင်လိုင်း ရထားနဲ့ ပန်းရောင်လိုင်းရထားတွေမှာပါ သုံးလို့ရတာမို့ ပိုပြီး အကျိုးရှိလာတဲ့ ကဒ်လို့ ပြောရပါမယ် ၊ ဒါ့အပြင် အခြားဈေးဝယ်တဲ့နေရာတွေမှာလည်း Rabbit Card အသုံးပြုပြီး ဝယ်ယူလို့ရပါသေးတယ်။
**M Card**
M Card ကတော့ MRT အပြာရောင်လိုင်းနဲ့ ခရမ်းရောင်လိုင်းတို့မှာ ကဒ်ထဲ ငွေကြိုဖြည့်ထားပြီး ရထားစီးနိုင်မယ့် ကဒ်ဖြစ်ပါတယ် ။
။
**MRT Plus Card**
MRT Plus Card ကလည်း M Card လိုပဲ MRT အပြာရောင်လိုင်းနဲ့ ခရမ်းရောင်လိုင်းတို့မှာ ကဒ်ထဲ ငွေကြိုဖြည့်ထားပြီး ရထားစီးနိုင်မယ့် ကဒ်ဖြစ်ပါတယ်။
**EMV Contactless Payment **
ကိုယ့်ရဲ့ ဘဏ်ကဒ်ဖြစ်တဲ့ Visa Card , Master Card တွေမှာ ကျွန်တော်တင်ထားတဲ့ ပုံထဲကလို Contactless အမှတ်အသားလေးပါတယ်ဆိုရင် ဒီဘဏ်ကဒ်တွေကို သုံးပြီးတော့ EMV စနစ်နဲ့ စီးလို့ရတဲ့ ရထားလိုင်းတွေမှာ ရထားစီးလို့ရပါမယ် ။
ဒီနေရာမှာ တစ်ခုရှိတာက Contactless အမှတ်အသားပါပေမယ့် ကိုယ့်ရဲ့ ဘဏ်ကဒ်က Debit Card ဖြစ်နေရင်တော့ သုံးလို့ရမှာမဟုတ်ပါဘူး ၊ Credit Card ဖြစ်ဖို့လိုပါမယ် ။
လက်ရှိထိုင်းဘဏ်တွေထဲမှာ Debit Card အနေနဲ့ EMV စနစ်ကို သုံးလို့ရနေတာ krungthai ဘဏ်ရဲ့ ဘဏ်ကဒ်တစ်ခုပဲ ရှိပါသေးတယ်။
**Airport Rail Link train ticket**
သူကတောာ့ Airport Rail ပုံမှန်စီးနေကျသူတွေအတွက် ငွေကြိုဖြည့်ထားပြီး စီးရမယ့် ကဒ်ပါ
**Red line train ticket**
သူကတောာ့ Red Line ပုံမှန်စီးနေကျသူတွေအတွက် ငွေကြိုဖြည့်ထားပြီး စီးရမယ့် ကဒ်ပါ
Photo > BKKtrains page
ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1
ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1
ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1
သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/
လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Discover more from Thu Do Something
Subscribe to get the latest posts sent to your email.