ဘန်ကောက်ကနေ Bang Sean ကမ်းခြေကို သွားလို့ရမယ့် လမ်းကြောင်းများ

အားလုံးပဲ မင်္ဂလာပါခင်ဗျ ၊ ဒီတစ်ခါတော့ ဘန်ကောက်နဲ့ အနီးဆုံးကမ်းခြေလို့တောင် ပြောလို့ရတဲ့ Bang Saen ကမ်းခြေရှိရာ Bang Saen မြို့ကို ဘန်ကောက်ကနေ ဘယ်လိုသွားနိုင်တယ်ဆိုတာကို ဖော်ပြပေးချင်ပါတယ်ဗျ ၊ Bang Saen ကမ်းခြေက ဒေသခံထိုင်းတွေကြားမှာ နာမည်ကြီးတဲ့ ကမ်းခြေတစ်ခု ဖြစ်သလို Bang Saenမှာလည်း ကမ်းခြေအပြင် အခြား အလည်အပတ် သွားစရာနေရာတွေ အများကြီး ရှိပါသေးတယ်ဗျ။

Bang Saen က ကြားရက်တွေမှာဆိုရင် အလည်ခရီးသွားတွေ သိပ်မရှိတတ်ပေမယ့် စနေ တနင်္ဂနွေအပါအဝင် ပိတ်ရက်တွေမှာတော့ ခရီးသွားတွေနဲ့ စည်ကားတဲ့ မြို့ဖြစ်ပါတယ်။ ဒီကမ်းခြေမြို့လေးကို သွားရောက်ဖို့ လမ်းကြောင်းလေးတွေကတော့

ကားလက်မှတ်များ ဝယ်ယူရန်

Powered by 12Go system

🚘 Car (Taxi)
Bang Saen ကို အလည်သွားမယ်တဲ့အခါ ကိုယ်ပိုင်ကားရှိသူတွေကတော့ ကိုယ်ပိုင်ကားနဲ့ နေ့ချင်းပြန် သွားလည်လို့ရသလို ဘန်ကောက်ကနေ ကားစင်းလုံးငှါးသွားပြီး တစ်နေကုန်လည်ပြီး နေ့ချင်းပြန်ခရီးအဖြစ် သွားတာကလည်း သင့်တော်ပါတယ်။ ဘန်ကောက်ကနေ တစ်နာရီခွဲဝန်းကျင် ကားမောင်းရုံနဲ့ ရောက်ပါတယ်။

🚐 Bus
Bang Saen က ဘန်ကောက်ကနေ တစ်နာရီခွဲ ဝန်းကျင်ခရီးသာဖြစ်တာမို့ သွားကြတဲ့ ကားတွေဟာလည်း Van ၊ Minivan ကားတွေဖြစ်ပါတယ် ၊ ကားတွေကိုတော့ Ekkamai ကားဝင်း ၊ Victory Monument တို့ကနေ စီးနိုင်ပါတယ် ၊ကားလိုင်းတစ်ခုချင်းစီအလိုက် Bang Saen ကိုရောက်တဲ့အခါ ရပ်တဲ့နေရာတွေ တူကြမှာမဟုတ်ပါဘူး ။

Bang Saen မှာ ကားလိုင်းတွေက ရပ်ပေးတဲ့နေရာကနေ ကိုယ်ဆက်ပြီးတော့ သွားလည်ချင်တဲ့နေရာတွေကို ကိုယ့်အစီအစဉ်နဲ့ ကိုယ် ဆက်သွားရမှာ ဖြစ်ပါတယ် ။ Bang Saen ကို ပတ္တယားသွားတဲ့ ကားတွေစီးပြီးတော့လည်း သွားနိုင်ပါတယ် ၊ ပတ္တယားသွားတဲ့ ကားလိုင်းတွေစီးပြီး သွားမယ်ဆိုရင်တော့ ကားဆရာကို Bang Saen သွားမှာ ဖြစ်ကြောင်း ကြိုပြောထားဖို့လိုပါမယ် ။

ပတ္တယားသွားတဲ့ ကားအများစုဟာ Bang Saen သွားမယ့် ခရီးသည်တွေကို Nong Mon ဈေး အရှေ့မှာ ရပ်ပေးကြပါတယ် ၊ Nong Mon ဈေးကနေ ကိုယ်လည်ချင်တဲ့နေရာတွေကို ကိုယ့်အစီအစဉ်နဲ့ ကိုယ် ဆက်သွားရမှာ ဖြစ်ပါတယ်။

🚃 Train

Bang Saen ကို ရထားနဲ့ သွားချင်တယ်ဆိုရင်တော့ ဘန်ကောက် Hua Lamphong ဘူတာကြီးကနေထွက်တဲ့ ရထားနဲ့သွားလို့ရပါတယ် ။ ဒါပေမယ့် သတိပြုရမှာက တစ်နေ့မှာ ရထားတစ်စီးပဲ ရှိပါတယ် ။ Bang Sean သွားလည်ဖို့ဆိုရင် Chonburi ဘူတာမှာ ဆင်းရပါမယ် ။

Hua Lamphong ဘူတာကြီးကနေ ရထားဟာ မနက် (၆) နာရီ (၅၅) မှာ စတင်ထွက်ပြီး Chon Buri ဘူတာကို မနက် (၉) နာရီ (၄၈) မိနစ်မှာ ရောက်ပါမယ် ။ ရထားစီးခ (၂၃ ) ဘတ် ပေးရမှာ ဖြစ်ပါတယ် ။ ရထားဘူတာအပြင်ဖက်မှာ လိုင်းကားတွေရှိပြီးတော့ ကိုယ်သွားချင်တဲ့နေရာကို ပြောပြီး စီးနိုင်သလို ကိုယ့်အစီအစဉ်နဲ့ကိုယ် လည်ပတ်ချင်တဲ့နေရာတွေကိုလည်း သွားနိုင်ပါတယ်။ ဘန်ကောက်ကို ရထားနဲ့ ပြန်ချင်သူတွေကတော့ Chon Buri ဘူတာကနေ ညနေ (၃)နာရီ (၂၁) ထွက်တဲ့ ရထားကို စောင့်စီးနိုင်ပါတယ်ဗျ။

ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1

ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1

ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1

သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/

လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Discover more from Thu Do Something

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *