ဘန်ကောက်ကနေ ဖူးခက်ကို သွားနိုင်တဲ့ ခရီးစဉ် လမ်းကြောင်းများ

ဘန်ကောက်ကနေ ဖူးခက်ကို သွားနိုင်တဲ့ ခရီးစဉ် လမ်းကြောင်းများ

ကမ္ဘာနဲ့တစ်လွှားမှာ ထင်းရှားတဲ့ ခရီးသွားနေရာတွေ အများအပြားရှိတဲ့အထဲမှာ ဖူးခက်ဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်ဗျ ၊ ဖူးခက်ဟာ ထိုင်းနိုင်ငံမှာဆိုရင် အကြီးဆုံးကျွန်းလည်း ဖြစ်ပါတယ်ဗျ ၊ ဖူးခက်ကျွန်းတစ်ခုလုံးမှာ ကမ်းခြေပေါင်းများစွာ ရှိပြီးတော့ ၊ ဖူးခက်ကျွန်းကနေတစ်ဆင့် ဆက်သွားနိုင်တဲ့ လှပတဲ့ ကျွန်းငယ်လေးတွေနဲ့ ဖူးခက်မြို့တွင်းက များစွာသော လည်ပတ်စရာနေရာတွေကြောင့် ဖူးခက်ဟာ ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ ခရီးသွားနေရာ တစ်ခုအဖြစ်နဲ့ ကမ္ဘာမှာ ထင်ရှားပါတယ်။

ဖူးခက်ကျွန်းဟာ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ တည်ရှိတာ ဖြစ်ပြီး ဘန်ကောက်ကနေ ကီလိုမီတာ ၈၆၀ ခန့် ကွာဝေးတဲ့ နေရာမှာ ရှိတာမို့ အတော်လေးကို အလှမ်းဝေးတယ်လို့ ဆိုနိုင်ပါတယ်။ ဒီနေ့မှာတော့ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ကနေ ဖူးခက်ကျွန်းကို အလည်သွားချင်သူတွေအတွက် ဘယ်လိုနည်းလမ်းတွေနဲ့ သွားနိုင်မယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ ။

✈️✈️ လေယာဉ်ဖြင့် ခရီးသွားခြင်း
ဘန်ကောက်ကနေ ဖူးခက်ကို နေ့စဉ်ပြေးဆွဲပေးနေတဲ့ လေယာဉ်ပေါင်းများစွာရှိပါတယ် ၊ မနက် ၅ နာရီခွဲ ၆ နာရီလောက်ကနေစလို့ ည ၁၁ နာရီလောက်ထိ လေယာဉ်တွေရှိပါတယ် ၊ ဘန်ကောက်ကနေ ဖူးခက်ကို လေယာဉ်ခရီးစဉ်ပေါင်း ၂၀ ကျော် ၃၀ လောက် နေ့စဉ်ပျံသန်းပြေးဆွဲနေတာပါ ။

ဖူးခက်ကိုသွားတဲ့ လေကြောင်းလိုင်းတွေကတော့ Thai Airways , Bangkok Airways , Thai Airasia , Thai Vietjet , Thai Lion Air နဲ့ Nok Air လေကြောင်းလိုင်းတို့ ဖြစ်ပြီး လေယာဉ်ပျံသန်းချိန်ဟာ ၁ နာရီ မိနစ် ၂၀ ခန့် ကြာမြင့်ပါတယ်။ ဖူးခက် ခရီးစဉ်တွေကို ဘန်ကောက်မှာရှိတဲ့ လေဆိပ် ၂ ခုဖြစ်တဲ့ သုဝဏ္ဏဘူမိ (Suvarnabhumi)နဲ့ ဒွန်မောင်း (Don Mueang) လေဆိပ်တို့ကနေ စီးနိုင်ပါတယ်။

လေယာဉ်လက်မှတ်စျေးနှုန်းတွေကတော့ လေကြောင်းလိုင်းနဲ့ ခရီးသွားရက်ပေါ်မူတည်ပြီး အနိမ့်ဆုံး ဘတ် ၁၀၀၀ ဝန်းကျင်လောက်ကနေ စပြီး ဝယ်ယူနိုင်ပါတယ် ၊ ခရီးမသွားမှီ ၂ ပတ်လောက်ကြိုဝယ်ရင် လက်မှတ်တွေ စျေးသက်သက်သာသာနဲ့ ရနိုင်ပါတယ်။ လေယာဉ်နဲ့သွားတာက အချိန်လည်း သိပ်မကုန်သလို စားရိတ်အားဖြင့်လည်း သိပ်မကြီးတာမို့ လေယာဉ်နဲ့ သွားဖို့ Recommend ပေးပါတယ်ဗျ။

ကားလက်မှတ်များ ဝယ်ယူရန်

Powered by 12Go system

🚍 🚍 လိုင်းကားဖြင့် ခရီးသွားခြင်း

ဘန်ကောက်ကနေ ဖူးခက်ကို သွားတဲ့ Express အဝေးပြေးကားများဟာ Southern Bus Terminal ကနေ အဓိက ထွက်ကြပါတယ် ။ Mochit လို့ သိကြတဲ့ Northern Bus Terminal ကနေလည်း ကားအချို့ထွက်ပေမယ့် Southern Bus Terminal လောက် ကားတွေ မရှိပါဘူး ။

ကားတွေကတော့ Express ကားတွေနဲ့ VIP အထူးကားတွေ ပြေးဆွဲပါတယ်။ ဘန်ကောက်ကနေ ဖူးခက်အထိ ကားစီးရချိန်ဟာ ၁၂ နာရီကနေ ၁၄ နာရီအထိ ကြာမြင့်နိုင်ပါတယ်။ ကားလက်မှတ်စျေးနှုန်းတွေကတော့ ရိုးရိုးကား ဘတ် ၇၀၀-၈၀၀ ဝန်းကျင်ခန့်နဲ့ VIP ကားတွေကတော့ ဘတ်တစ်ထောင်ခန့် ရှိပါတယ် ။

🛤️🛤️ ရထားဖြင့် ခရီးသွားခြင်း

ဘန်ကောက်ကနေ ဖူးခက်ကို တိုက်ရိုက်ရောက်တဲ့ ရထားတော့ မရှိပါဘူး ၊ ဒါပေမယ့် ရထားနဲ့ သွားကြည့်ချင်တယ်ဆိုသူတွေအတွက်ကတော့ ဘန်ကောက် Krung Thep Aphiwat Central Terminal ဆိုတဲ့ ဘူတာကြီးကနေ Surat Thani အထိ ရထားနဲ့ သွားနိုင်ပါတယ် ၊ Surat Thani ကနေမှ တဆင့် ဖူးခက်ကို လိုင်းကား ထပ်စီးရမှာပါ ။

ဘန်ကောက်ကနေ Surat Thani အထိ ရထားစီးရချိန်ဟာ ၈ နာရီခွဲ ၉ နာရီခန့်ကြာမြင့်နိုင်ပါတယ် ။ ရထားလက်မှတ်နှုန်းထားကတော့ ကိုယ်ရွေးချယ်တဲ့ ခုံအမျိုးအစားပေါ်မူတည်ပြီး ဘတ် ၂၅၀ ခန့်ကနေ ဘတ် ၁၀၀၀ ဝန်းကျင်ခန့်ထိ ကျသင့်နိုင်ပါတယ်။

Surat Thani ကနေ ဖူးခက်ကိုတော့ လိုင်းကားတွေ ရှိပြီး ၊ ကားစီးရချိန် ၅ နာရီဝန်းကျင်ခန့် ကြာမြင့်နိုင်ပါတယ် ၊ ကားခနှုန်းထားကတော့ ဘတ် ၃၅၀ ခန့် ကျသင့်နိုင်ပါတယ်။ ဘန်ကောက်ကနေ ဖူးခက်က ရထားနဲ့ တိုက်ရိုက်သွားလို့ မရတာမို့ ရထားတစ်ဆင့် ကားတစ်ဆင့် စီးရမှာပါ ၊ ဒါကြောင့် လမ်းခရီး အချိန်ပိုမိုကြာမြင့်နိုင်တာမို့ ကျွန်တော့်အနေနဲ့ Recommend မပေးချင်ပါဘူးဗျ။

ဘန်ကောက်ကနေ ဖူးခက်ကို Public Transport တွေ အသုံးပြုပြီးတော့ သွားနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးခဲ့တာပါ ၊ အသုံးပြုနိုင်တဲ့ ဘတ်ဂျက် ၊ အချိန်ပေါ်မူတည်ပြီး ဘယ်လမ်းကြောင်းနဲ့ သွားတာ အဆင်ပြေမလဲဆိုတာ ရွေးချယ်နိုင်ဖို့ အထောက်အကူဖြစ်မယ်လို့ ယူဆပါတယ်ခင်ဗျ ။

ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1

ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1

ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1

သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/

လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Discover more from Thu Do Something

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *