အားလုံးပဲ မင်္ဂလာပါခင်ဗျ ၊ ဘန်ကောက်ကနေ ချင်းမိုင်ကို ကား ၊ရထားနဲ့ လေယာဉ်တွေစီးပြီးတော့ သွားလို့ရတဲ့အထဲက ဒီနေ့မှာတော့ ဘန်ကောက်ကနေ ချင်းမိုင်ကို ရထားစီးပြီး ခရီးသွားတာနဲ့ ပတ်သက်ပြီး ဖော်ပြပေးသွားပါမယ်ခင်ဗျ ။
ခရီးကြာချိန်
ဘန်ကောက်ကနေ ချင်းမိုင်ကို ရထားနဲ့ သွားမယ်ဆိုရင် ရထားအမျိုးအစားပေါ် မူတည်ပြီး ခရီးကြာချိန်ဟာ ၁၁ နာရီခွဲကနေ ၁၄ နာရီခန့်ထိ ကြာနိုင်ပါတယ် ။ ထိုင်းနိုင်ငံက ရထားတွေဟာ များသောအားဖြင့် ထွက်ခွာချိန်အတိုင်း အချိန်မှန် စတင်ထွက်ခွာလေ့ ရှိပြီး ဆိုက်ရောက်ချိန်ဟာလည်း မှန်လေ့ရှိပါတယ် ။
ရထားဘူတာများ
ဘန်ကောက်ကနေ ချင်းမိုင်ကို သွားတဲ့ ရထားတိုင်းဟာ Krung Thep Aphiwat Central Terminal ဆိုတဲ့ ဘူတာကနေ စတင်ထွက်ခွာပါတယ် ၊ ** ဒီဘူတာကို အချို့ကလည်း Bang Sue ဘူတာလို့ သိကြပါယ် ။ ဘန်ကောက်က ရထားစီးမယ့်သူတွေဟာ ဒွန်မောင်းလေဆိပ် အရှေ့မှာရှိတဲ့ Don Mueang ဘူတာရုံကနေလည်း ရထား စောင့်စီးနိုင်ပါတယ်။
ဘန်ကောက်ဧရိယာအပြင်ဖက်
ဘန်ကောက်ဧရိယာအနီးက အခြားခရိုင်တွေဖြစ်တဲ့ Rangsit ဘူတာ ၊ Ayutthaya ဘူတာ ၊ Lopburi ဘူတာတို့ကနေလည်း ရထားစောင့်စီးနိုင်ပါတယ်။
ချင်းမိုင်မှာကတော့ Chiang Mai Railway Station (ဘူတာ) အမည်နဲ့ပဲ ရှိပါမယ် ၊ ချင်းမိုင်ဘူတာမှာ ရထားဆိုက်ပြီး ၊ ချင်းမိုင်ကနေ ဘန်ကောက်ကို လာမယ့်သူတွေကလည်း ချင်းမိုင်ဘူတာကနေပဲ စီးရမှာ ဖြစ်ပါတယ်
** ဘူတာနေရာတွေကို ကျွန်တော် အင်္ဂလိပ်လို ဖော်ပြပေးထားတဲ့အတိုင်း Google Map မှာ အလွယ်တကူ ရှာကြည့်နိုင်ပါတယ်။**
ကားလက်မှတ်များ ဝယ်ယူရန်
Powered by 12Go system
ရထားများ
ဘန်ကောက်ကနေ ချင်းမိုင် ၊ ချင်းမိုင်ကနေ ဘန်ကောက်ကို တစ်နေ့ကို ရထား ၅ စီး ပြေးဆွဲပါတယ် ။ ရထားတစ်စီးချင်းအလိုက် ထွက်ခွာချိန် ၊ ဆိုက်ရောက်ချိန်နဲ့ အမျိုးအစားတွေ ကွာခြားပါတယ်။
ဘန်ကောက်-ချင်းမိုင် ရထားခရီးစဉ်များ
Train No (7 ) ၊ Special Express
ဘန်ကောက်မှ စတင်ထွက်ခွာချိန် မနက် ၉ နာရီ ၅ မိနစ် ၊ ချင်းမိုင်ကိုရောက်ရှိချိန် ည ၇ နာရီ ၃၀ မိနစ်
ဘန်ကောက်ကနေ ချင်းမိုင်ကို နေ့ဖက်ပြေးဆွဲတဲ့ ရထားဟာ Train No 7 တစ်စီးပဲ ရှိပြီး ၊ ရထားတွဲဟာ ဒုတိယတန်း ထိုင်ခုံ အမျိုးအစား ဖြစ်ပြီး ၊ ရထားတွဲတွေဟာ အဲကွန်းပါပါတယ်။
Train No (109) ၊ Rapid
ဘန်ကောက်မှ စတင်ထွက်ခွာချိန် နေ့လည် ၂ နာရီ ၁၅ မိနစ် ၊ ချင်းမိုင်ကို ရောက်ရှိချိန် မနက် ၄ နာရီ ၅ မိနစ်
Train No (9) ၊ Special Express
ဘန်ကောက်မှ စတင်ထွက်ခွာချိန် ည ၆ နာရီ ၄၀ မိနစ် ၊ ချင်းမိုင်ကို ရောက်ရှိချိန် မနက် ၇ နာရီ ၁၅ မိနစ်
Train No (13) ၊ Special Express
ဘန်ကောက်မှ စတင်ထွက်ခွာချိန် ည ၈ နာရီ ၅ မိနစ် ၊ ချင်းမိုင်ကို ရောက်ရှိချိန် မနက် ၈ နာရီ ၄၀ မိနစ်
Train No (51) ၊ Express
ဘန်ကောက်မှ စတင်ထွက်ခွာချိန် ည ၁၀ နာရီ ၃၀ မိနစ် ၊ ချင်းမိုင်ကို ရောက်ရှိချိန် နေ့လည် ၁၂ နာရီ ၁၀ မိနစ်
ဖော်ပြထားတဲ့ ရထား ၄ စီးကတော့ ည ရထားတွေဖြစ်ပါတယ် ၊ Train No 9 ဟာ တစ်စီးလုံး အိပ်စင်တွေနဲ့ ပြေးဆွဲတဲ့ ရထားဖြစ်ပြီး ၊ ပထမတန်းနဲ့ ဒုတိယတန်း အိပ်စင်တွေပါဝင်ပါတယ်။ အခြားရထား သုံးစီးမှာတော့ တတိယတန်း ထိုင်ခုံ ၊ ဒုတိယတန်းထိုင်ခုံနဲ့ ဒုတိယတန်း အိပ်စင်တွေ ပါရှိပါတယ်။ ထိုင်ခုံနဲ့ ရထားတွဲတွေဟာ အဲကွန်းမပါပဲ ၊ ပန်ကာသာ ပါရှိမှာ ဖြစ်ပြီး ၊ အိပ်စင်တွဲတိုင်းကတော့ အဲကွန်းပါရှိမှာ ဖြစ်ပါတယ်။
ချင်းမိုင် – ဘန်ကောက် ရထားခရီးစဉ်များ
Train No (102) ၊ Rapid
ချင်းမိုင်ကနေ စတင်ထွက်ခွာချိန် မနက် ၆ နာရီ ၃၀ မိနစ် ၊ ဘန်ကောက်ကို ရောက်ရှိချိန် ည ၈ နာရီ ၂၅ မိနစ်
Train No ( ၊ Special Express
ချင်းမိုင်ကနေ စတင်ထွက်ခွာချိန် မနက် ၈ နာရီ ၅၀ မိနစ် ၊ ဘန်ကောက်ကို ရောက်ရှိချိန် ည ၆ နာရီ ၅၅ မိနစ်
ဖော်ပြထားတဲ့ ရထား ၂ စီးဟာ ချင်းမိုင်ကနေ ဘန်ကောက်ကို ပြေးဆွဲတဲ့ နေ့ရထားတွေ ဖြစ်ပြီး ၊ ရထား ၂ စီးလုံးဟာ ထိုင်ခုံတွဲတွေပဲ ပါရှိမှာ ဖြစ်ပါတယ်။ Train No 108 ရထားဟာ အဲကွန်းမပါပဲ ၊ ပန်ကာသာ ပါရှိမှာ ဖြစ်ပြီး ၊ Train No 8 ကတော့ အဲကွန်းပါရှိမှာ ဖြစ်ပါတယ်။
Train No (52 ) ၊ Express
ချင်းမိုင်ကနေ စတင်ထွက်ခွာချိန် နေ့လည် ၃ နာရီ ၃၀ မိနစ် ၊ ဘန်ကောက်ကို ရောက်ရှိချိန် မနက် ၅ နာရီ ၁၀ မိနစ်
Train No (14) ၊ Special Express
ချင်းမိုင်ကနေ စတင်ထွက်ခွာချိန် ညနေ ၅ နာရီ ၊ ဘန်ကောက်ကို ရောက်ရှိချိန် မနက် ၆ နာရီ
Train No (10) ၊ Special Express
ချင်းမိုင်ကနေ စတင်ထွက်ခွာချိန် ည ၆ နာရီ ၊ ဘန်ကောက်ကို ရောက်ရှိချိန် မနက် ၆ နာရီ ၅၀ မိနစ်
ဖော်ပြထားတဲ့ ရထား ၃ စီးကတော့ ည ရထားတွေဖြစ်ပါတယ် ၊ Train No 10 ဟာ တစ်စီးလုံး အိပ်စင်တွေနဲ့ ပြေးဆွဲတဲ့ ရထားဖြစ်ပြီး ၊ ပထမတန်းနဲ့ ဒုတိယတန်း အိပ်စင်တွေ ပါဝင်ပါတယ်။ အခြားရထား ၂ စီးမှာတော့ တတိယတန်း ထိုင်ခုံ ၊ ဒုတိယတန်းထိုင်ခုံနဲ့ ဒုတိယတန်း အိပ်စင်တွေ ပါရှိပါတယ်။ ထိုင်ခုံနဲ့ ရထားတွဲတွေဟာ အဲကွန်းမပါပဲ ၊ ပန်ကာသာ ပါရှိမှာ ဖြစ်ပြီး ၊ အိပ်စင်တွဲတိုင်းကတော့ အဲကွန်းပါရှိမှာ ဖြစ်ပါတယ်။
ရထားလက်မှတ်ဝယ်ယူခြင်း
ရထားလက်မှတ်ကို အွန်လိုင်းကနေ ကြိုတင်ဝယ်ယူနိုင်သလို ၊ နီးစပ်ရာ ရထားဘူတာရုံတွေမှာလည်း သွားရောက် ဝယ်ယူနိုင်ပါတယ် ။ ရထားလက်မှတ်တွေကို ၆ လကြိုတင်ရောင်းချပါတယ် ။ ဘန်ကောက် ချင်းမိုင် အိပ်စင်ရထားတွေဟာ ခရီးသွားတွေကြား ရေပန်းစားတာမို့ ခရီးသွားရာသီနဲ့ ပွဲတော်ရက်တွေအတွက်ဆိုရင် ၂ လ ၃ လ ခန့်ကြိုတင် ဝယ်ယူမှသာ ရထားလက်မှတ် ရနိုင်မှာ ဖြစ်ပါတယ်။ အခြားကာလတွေမှာတော့ အိပ်စင်အတွက်ကို ၁ လ ခန့် ကြိုတင်ဝယ်ယူရင် အဆင်ပြေပါတယ်။
ရထားလက်မှတ်စျေးနှုန်းများ
ရထားလက်မှတ် စျေးနှုန်းတွေကတော့ ရထားတစ်စီးချင်းအလိုက် ရထားထိုင်ခုံအမျိုးအစားပေါ်မူတည်ပြီး စျေးနှုန်းတွေ ကွာခြားပါတယ်။
တတိယတန်း ထိုင်ခုံ – ၂၃၀ ဘတ်မှ စ၍
ဒုတိယတန်း ထိုင်ခုံ – ၃၈၈ ဘတ် မှစ၍
ဒုတိယတန်းထိုင်ခုံ (အဲကွန်း) – ၅၅၈ ဘတ်
ဒုတိယတန်းအိပ်စင် – ၇၄၈ ဘတ်မှ စ၍
ပထမတန်းအိပ်စင် – ၁၂၄၆ ဘတ်မှ စ၍
ဖော်ပြပါစျေးနှုန်းများသည် Class အလိုက် အနိမ့်ဆုံး စျေးနှုန်းများ ဖြစ်ပါသည် ၊ ရထားတစ်စီးချင်းနှင့် ရရှိသည့် အိပ်စင်တွဲများအတွက် အပေါ်ထပ်အိပ်စင် နှင့် အောက်ထပ်အိပ်စင် စျေးနှုန်းများ ကွာခြားပါသည် ။
ရထားလက်မှတ်တွေ အွန်လိုင်းကကြိုဝယ်ချင်လို့ မဝယ်တတ်ရင်ပဲ ဖြစ်ဖြစ် ၊ ထိုင်းဘဏ်မရှိလို့ လက်မှတ်ဖိုး ငွေချေမရဘူးဆိုရင်ပဲ ဖြစ်ဖြစ် ပေ့ချ်ကို ဆက်သွယ်မေးမြန်းလာနိုင်ပါတယ်ဗျ
ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1
ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1
ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1
သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/
လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Discover more from Thu Do Something
Subscribe to get the latest posts sent to your email.