ဘန်ကောက်ကနေ ချင်းမိုင်ကို လိုင်းကားနဲ့ သွားမယ်ဆိုရင် သိထားသင့်တာလေးတွေ
အားလုံးပဲ မင်္ဂလာပါခင်ဗျ ၊ ဘန်ကောက်ကနေ ချင်းမိုင်ကို ကား ၊ ရထား နဲ့ လေယာဉ်တွေ စီးပြီးတော့ သွားလို့ရတဲ့အထဲက ဒီနေ့မှာတော့ ဘန်ကောက်ကနေ ချင်းမိုင်ကို အဝေးပြေးကားတွေစီးပြီး ခရီးသွားတာနဲ့ ပက်သက်ပြီး ဖော်ပြပေးသွားပါမယ်ခင်ဗျ ။
ခရီးကြာချိန်
ဘန်ကောက်ကနေ ချင်းမိုင်ကို အဝေးပြေး (express) ကားတွေနဲ့ သွားမယ်ဆိုရင် ခရီးကြာချိန်ဟာ ၉ နာရီကနေ ၁၁ နာရီထိ လမ်းကြော အခြေအနေ ၊ ယာဉ်လိုင်း တစ်ခုချင်းအပေါ် မူတည်ပြီး ကြာနိုင်ပါတယ်။
ချင်းမိုင်ကို သွားကြတဲ့ ကားအများစုဟာ ညကားတွေဖြစ်ပြီး ၊ မနက်ပိုင်း ထွက်တဲ့ကား အနည်းငယ်နဲ့ နေ့ခင်းပိုင်းထွက်တဲ့ ကားလည်း အနည်းငယ်ရှိပါတယ်။ ချင်းမိုင်ကို ရထားနဲ့ သွားမယ်ဆိုရင် ၁၂ နာရီ အနည်းဆုံး ကြာမှာ ဖြစ်ပြီး လေယာဉ်နဲ့ကတော့ ၁ နာရီခန့်သာ ကြာမြင့်ပါတယ်။
ကားလက်မှတ်များ ဝယ်ယူရန်
Powered by 12Go system
ကားဂိတ်နေရာများ
ဘန်ကောက်ကနေ ချင်းမိုင်ကို သွားမယ်ဆိုရင် လူအများစုက MoChit လို့ သိကြတဲ့ Mochit Bus Terminal မှာ ကားသွားစီးရပါမယ်။ Google Map မှာ ရှာကြည့်ရင် Mochit 2 လို့လည်း ပြတက်ပါတယ် ၊ Mochit ကားဝန်းက ထိုင်းနိုင်ငံမြောက်ပိုင်းကို သွားတဲ့ကား အများစုပြေးဆွဲရာ ကားဝန်းဖြစ်တာမို့ Northern Bus Terminal လို့လည်း ခေါ်ကြပါတယ်။
ချင်းမိုင်သွားတဲ့ ကားအများစုဟာ Mochit ကားဝန်းက ထွက်ကြသလို ၊ တစ်ချို.သော ကားလိုင်းတွေဟာ သူတို့ရဲ. ကိုယ်ပိုင် ကားဝန်းနေရာတွေကလည်း ထွက်ကြပါတယ် ၊ ဥပမာအားဖြင့် Nakhonchai Air ၊ Sombat Tour ကားလိုင်းတို့ ဖြစ်ပါတယ်။
ချင်းမိုင်ဖက်မှာတော့ ဘန်ကောက်ကို သွားတဲ့ကားတွေကို Chiang Mai Bus Terminal 3 ဆိုတဲ့ ကားဝန်းကနေ ကားသွားစီးရမှာ ဖြစ်ပါတယ်။ ဘန်ကောက်က လာတဲ့ ကားတွေဟာလည်း Chiang Mai Bus Terminal 3 မှာပဲ ရပ်နားကြပါတယ်။
ကားလိုင်းများ
ဘန်ကောက်ကနေ ချင်းမိုင်ကိုသွားတဲ့ ကားလိုင်းတွေ အများကြီးရှိပါတယ် ၊ ချင်းမိုင်ကိုသွားတဲ့ ကားအစီးရေဟာလည်း တစ်နေ့ကို အစီးရေ ၄၀- ၅၀ ဝန်းကျင်ရှိတာမို့ ကားပေါတယ်လို့ ဆိုနိုင်ပါတယ်။
Express အဝေးပြေးကားတွေ ဖြစ်တာမို့ ကားတိုင်းမှာ Air Con ပါပြီး ၊ အချို.သောကားတွေမှာဆိုရင် Snack ၊ Drink နဲ့ အစားအသောက်ပါပြီးသား ဖြစ်ပါတယ်။ ကားအများစုဟာ ယာဉ်ပေါ်မှာတင် အိမ်သာပါကြတာမို့ အတော်ကို အဆင်ပြေတယ် ပြောရပါမယ်။ ကားလိုင်းတွေ အများကြီး ရှိတဲ့အထဲက Recommend ပေးချင်တဲ့ ကားလိုင်းတွေကတော့
– Sombat Tour
– Nakhonchai Air
– Bangkok Bus Line
– Cherdchai Tour ကားလိုင်းတို့ပဲ ဖြစ်ပါတယ်။
ဒီကားလိုင်းတွေအတွက် Express 2+2 ခုံ အမျိုးအစားတွေဟာ ၆၀၀ ဘတ် ဝန်းကျင်ခန့် ရှိပြီး VIP 2+1 ခုံ အမျိုးအစားတွေဟာ ၉၀၀ ဘတ် ဝန်းကျင်ခန့် ရှိပါတယ် ။ ဘန်ကောက် – ချင်းမိုင် အဝေးပြေးကားတွေရဲ. ကားလက်မှတ်နှုန်းထားကို ဘတ် ၆၀၀ ကနေ ဘတ် ၉၅၀ ဝန်းကျင်လို့ အကြမ်းအားဖြင့် ဆိုနိုင်ပါတယ်။ ** ကုန်ကျစားရိတ်တွက်ချက် မှန်းကြည့်လိုသူတွေအတွက် ဖော်ပြပေးခြင်း ဖြစ်ပါတယ် **
ကားလက်မှတ်ဝယ်မယ်ဆိုရင်
ကားလက်မှတ်တွေကို အွန်လိုင်းကနေ ကြိုတင်ဝယ်ယူထားလို့ ရသလို ၊ ကားဂိတ်မှာကြိုတင်ဝယ်ယူတာ ၊ ကိုယ်ကားစီးရမယ့်နေ့ကျမှ ကားဝန်းမှာ ဝယ်တာမျိုး လုပ်နိုင်ပါတယ်။ အချို.သောရက်တွေ (အထူးသဖြင့် ပွဲတော်ရက်တွေ) ဆိုရင် ကားလက်မှတ်တွေဟာ ကြိုတင်ဝယ်ယူထားမှ လက်မှတ်ရဖို့ သေချာပါတယ်။
ကားလိုင်းကောင်းကောင်းစီးချင်တာ ၊ ခုံနေရာသေချာရွေးပြီး ထိုင်ချင်သူတွေလည်း လက်မှတ်ကို ကြိုတင်ဝယ်ယူသင့်ပါတယ်။
ကားစီးမယ်ဆိုရင်
ထိုင်းနိုင်ငံက အဝေးပြေးကားဝင်းတွေရဲ့လည်ပတ်ပုံက ကျွန်တော်တို့ နိုင်ငံနဲ့ ကွာခြားပါတယ် ၊ ကျွန်တော်တို့ဆီမှာဆိုရင် ကားလိုင်းတွေက ကိုယ်ပိုင် ကားဂိတ်တွေရှိပြီးတော့ ကားလိုင်းရဲ့ဂိတ်ကနေ စီးရုံပါပဲ ။
ထိုင်းနိုင်ငံမှာကတော့ ကားလိုင်းတွေဟာ ကိုယ်ပိုင်လက်မှတ်ရောင်းတဲ့ အရောင်းကောင်တာလေးတွေ ရှိပြီး အဲ့ဒီ အရောင်းကောင်တာတွေကနေ လက်မှတ်ဝယ်လို့ရသလို ၊ အွန်လိုင်းကနေ ကြိုဝယ်ထားတဲ့ လက်မှတ်တွေကိုလည်း သက်ဆိုင်ရာ အရောင်းကောင်တာမှာ Physical Ticket ပြန်လဲရမှာ ဖြစ်ပါတယ် ၊
Physical Ticket ပြန်လဲပြီးရင် ရလာတဲ့ လက်မှတ်မှာ ကိုယ်ကားစီးရမယ့် Platform No ပါမှာဖြစ်ပြီး ၊ သက်ဆိုင်ရာ Platform ကနေ သွားစောင့်စီးရပါတယ် ။ ကားအများစုက ကားမထွက်မှီ (၁၅) မိနစ်အလိုခန့်မှ Platform ကို ရောက်လာပြီး ခရီးသည်များတင်ဆောင်ကာ ပြန်ထွက်သွားတတ်ကြပါတယ်။
Platform တစ်ခုထဲမှာ ကားလိုင်းပေါင်းစုံက ဝင်လိုက်ထွက်လိုက်နဲ့ ခရီးသည်တင်ဆောင်လေ့ ရှိတာမို့ အချို့တွေကားမှားစီးတက်ကြပါတယ် ၊ ကိုယ်တက်ရမယ့် ကားမှန် မမှန်ကို သက်ဆိုင်ရာ ကားမောင်းသူ ၊ ယာဉ်နောက်လိုက်တွေကို လက်မှတ်ပြပြီး သေချာမေးပြီးမှ စီးပါလို့ အကြံပေးပါရစေ။
** ကားလက်မှတ်တွေ အွန်လိုင်းကကြိုဝယ်ချင်လို့ မဝယ်တက်ရင်ပဲ ဖြစ်ဖြစ် ၊ ထိုင်းဘဏ်မရှိလို့ လက်မှတ်ဖိုး ချေမရဘူးဆိုရင်ပဲ ဖြစ်ဖြစ် ပေ့ချ်ကို ဆက်သွယ်လာနိုင်ပါတယ်ဗျ **
ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1
ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1
ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1
သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/
လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Discover more from Thu Do Something
Subscribe to get the latest posts sent to your email.