ဒီတစ်ခါတော့ ဘတ်ရိုက်ထားတဲ့ NON-LA Visa ကိုင်ဆောင်ထားသူတွေ အနေနဲ့ ရက်(၉၀) တုံးလို့ ခေါ်ကြတဲ့ 90 Days Report ကို ဘယ်နေရာတွေမှာ လုပ်လို့ရတယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ
ဘန်ကောက်လိပ်စာနဲ့ နေထိုင်တဲ့ ဘတ်ရိုက်ထားသူတွေဟာ 90 Days Report ကို ရုံးနေရာ (၃) ခုမှာ သွားလုပ်လို့ရပါတယ်။




Online ကနေ 90 Days report လုပ်နည်းကိုတော့ အခုဗီဒီယိုမှာ ကြည့်နိုင်ပါတယ် 










ကားလက်မှတ်များ ဝယ်ယူရန်
Powered by 12Go system

ဘတ်ရိုက်ထားတဲ့ ဗီဇာ စာအုပ်ထဲ စထည့်တဲ့နေ့ကနေ ရက် (၉၀) မပြည့်ခင် (၂ ) ပတ်အလိုမှာ စပြီးတော့ 90 Day Report လုပ်လို့ရပါမယ် ၊ ရက် (၉၀) ထပ်ကျော်သွားပြီး တစ်ပတ်အထိလည်း လုပ်ခွင့်ပေးထားပါတယ်။

ရက် (၉၀) ကျော်ပြီးလို့ တစ်ပတ်ထပ်ပေးထားတဲ့ ကာလမှာလည်း မတိုင်ဖြစ်ပဲ နောက်ကျမယ်ဆိုရင်တော့ ဒဏ်ကြေးဆောင်ရပါတယ်။
ဘတ်ရိုက်ထားတဲ့ Non-LA Visa ကိုင်ဆောင်သူတွေ 90 Days Report လုပ်လို့ရတဲ့ ရုံးနေရာ (၃) ခုထဲက Big C Supercenter Saphan Mai Branch ကို BTS အစိမ်းရောင် ရထားလိုင်းနဲ့ ဘယ်လိုသွားရမယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်ဗျ။ဓာတ်ပုံ ၁ ပုံချင်းမှာ လမ်းညွှန်စာ ပါပါတယ် ။






ဖောင်ဖြည့်အချက်အလက်စစ်ပြီး မှန်ကန်ရင် Q နံပါတ်လေးထုတ်ပေးပါတယ်

ထိုင်းနိုင်ငံအတွင်း ဟိုတယ်များငှါးရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1
ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1
ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1
သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/
လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Discover more from Thu Do Something
Subscribe to get the latest posts sent to your email.