ဖူးခက်မြို့ထဲကနေ Kata , Karon နဲ့ Patong ကမ်းခြေတွေကို သွားတဲ့ ဘတ် ၄၀ တန် လိုင်းကား

ဖူးခက်မြို့ထဲကနေ Kata , Karon နဲ့ Patong ကမ်းခြေတွေကို သွားတဲ့ ဘတ် ၄၀ တန် လိုင်းကား

ဖူးခက်မြို့ထဲကနေ ဖူးခက်ရဲ့ နာမည်ကျော် ကမ်းခြေတွေဖြစ်တဲ့ Kata ကမ်းခြေ ၊ Karon ကမ်းခြေနဲ့ Patong ကမ်းခြေတို့ကို ပြေးဆွဲပေးနေတဲ့ လိုင်းကားတွေ ရှိပါတယ် ၊ ဒီလိုင်းကားတွေကိုတော့ Blue Bus လို့ သိကြပြီး ကားပုံစံကတော့ ရှေးဟောင်းသစ်သားကား ပုံစံမျိုးမျို့ တမူ ထူးခြားနေပါတယ်။

မြို့ထဲ ကားဂိတ်နေရာကနေ ကားလိုင်း ၂ ခုရှိပါတယ် ၊ Karon နဲ့ Kata ကမ်းခြေကို သွားတဲ့ ကားလိုင်းနဲ့ Patong ကို သွားတဲ့ လိုင်းဆိုပြီး ကားလိုင်း၂ ခု ရှိပါတယ် ။ ကိုယ်ဆင်းချင်တဲ့ နေရာကို ဘယ်ကားလိုင်း ရောက်မလဲဆိုတာ Google map မှာ ကြိုကြည့်လို့ ရသလို ကားဆရာတွေကို မေးလို့လည်းရပါတယ်။

ဒီကားတွေက မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း နာရီဝက်ခြားတစ်စီး ပြေးဆွဲပေးပြီးတော့ ကားခက ဘယ်ကိုပဲ စီးစီး တစ်ယောက်ကို ဘတ် ၄၀ ကျပါတယ် ၊ ကျွန်တော်ကတော့ ဖူးခက်မြို့ထဲကနေ Karon ကမ်းခြေကို အခုကားစီးဖြစ်ခဲ့ပါတယ် ၊ ကားစီးရချိန် တစ်နာရီလောက် ကြာပါတယ် ။ ဖူးခက်မှာက တက်စီစီးမယ်ဆိုရင် အခုလောက်ကြာချိန်အတွက် စျေးက ဘတ် ၃၀၀ – ၄၀၀ လောက် ကျသင့်နိုင်ပါတယ်။

လိုင်းကားကတော့ ရှေးကားကြီးတွေ ဖြစ်တာမို့ ဖြေးဖြေးနှေးနှေးပါပဲ ၊ အဲကွန်းမပါပေမယ့် သဘာ၀လေ ရတာမို့ စီးရတာ အဆင်ပြေပါတယ် ၊ သူက လိုင်းကားဖြစ်တာမို့ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းပဲ ပြေးဆွဲပါတယ် ၊ ကိုယ်ဆင်းချင်တဲ့ နေရာနားရောက်ရင် ကားပေါ်က ခလုတ်လေးကို နှိပ်ပြီး ဆင်းနိုင်ပါတယ်။

ဖူးခက်မြို့ထဲကနေ ကားစထွက်တဲ့ နေရာကတော့ Ranong Main Market ဆိုတဲ့ စျေးကြီးနားကပါ ၊ Ranong လမ်းမကြီးပေါ်မှာပဲ ရှိပါတယ် ။ ကားဂိတ် နေရာရဲ့ Google Map လင့်ခ် >> https://maps.app.goo.gl/Fscz9UL1d5iLb86K9

အခု Ranong Mai Market နဲ့ Ranong လမ်းနားမှာ အခြားကားလိုင်းတွေရဲ့ ဂိတ်တွေလည်း ရှိပါသေးတယ်။

ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1

ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1

ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1

သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/

လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Discover more from Thu Do Something

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *