နိုင်ငံခြားသားတွေအတွက် ထိုင်း “Tax ID” ဘယ်လို ရယူနိုင်မလဲ ?

အားလုံးပဲ မင်္ဂလာပါခင်ဗျ ၊ ဒီနေ့ကတော့ ထိုင်းနိုင်ငံကို ရွှေ.ပြောင်းအခြေချ နေထိုင်ပြီး အချို.သော ကိစ္စတွေအတွက် ထိုင်း Tax ID ပြုလုပ်ချင်တယ် ၊ ဘယ်လိုလုပ်ရမလဲ မသိသူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ ၊ အထူးသဖြင့်ကတော့ Facebook , Youtube တို့ကနေ အခုနောက်ပိုင်း Bonus တို့ Video Ads တို့ ရရှိပြီးပေမယ့် ငွေထုတ်ဖို့အတွက် Form ဖြည့်ကြရာမှာ Tax ID အတွက် ဘာဖြည့်ရမှန်း မသိပဲ အခက်အခဲ ဖြစ်နေသူတွေ အတွက်ပါ။

Thai ID (မှတ်ပုံတင်ကဒ်အကြောင်း)

ထိုင်းနိုင်ငံသားတွေဟာ အသက် ၇ နှစ်ပြည့်တာနဲ့ ထိုင်းမှတ်ပုံတင်ကဒ် (Thai ID ) ပြုလုပ်ကြရပြီး ၊ Thai ID ကဒ်ဟာ ကဏန်း ၁၃ လုံးပါတဲ့ ID ကဒ် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံသားတွေကို ထုတ်ပေးတဲ့ကဒ်ရဲ. အရောင်ကတော့ အပြာရောင်ဖြစ်ပါတယ်။ ကဒ်မှာပါတဲ့ ID ကဏန်း ၁၃ လုံးကို Tax ID အဖြစ် အသုံးပြုလို့ရပါတယ်။

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ရွှေ.ပြောင်းနေထိုင်ကြသူတွေ ၊ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကြတဲ့ နိုင်ငံခြားသားတွေ ဟာလည်း Thai ID ကဒ် လျှောက်ထားလို့ ရပါတယ် ၊ နိုင်ငံခြားသားတွေကို ထုတ်ပေးတဲ့ Thai ID ကဒ်ကတော့ ပန်းရောင်ဖြစ်ပြီး ပန်းရောင်ကဒ်မှာလည်း ကဏန်း ၁၃ လုံးပါပါတယ် ၊ နိုင်ငံခြားသားတွေကို ထုတ်ပေးတဲ့ ပန်းရောင်ကဒ်မှာပါတဲ့ ID ကဏန်း ၁၃ လုံးကို Tax ID အဖြစ် အသုံးပြုနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာအများစုက ထိုင်းမှာ ရွှေ.ပြောင်းလုပ်သား အဖြစ် ဘတ်ရိုက်ကြပါတယ် ၊ ဘတ်ရိုက်ပြီးနေထိုင်ကြတဲ့ ရွှေ.ပြောင်း လုပ်သားတွေကတော့ ပန်းရောင်ကဒ်နဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ ။

ကားလက်မှတ်များ ဝယ်ယူရန်

Powered by 12Go system



ဒါပေမယ့် ကိုယ်က ဘတ်ရိုက်ထားတာ မဟုတ်တဲ့အတွက် ပန်းရောင်ကဒ်ကလည်း မရှိဘူး ၊ ထိုင်းနိုင်ငံမှာ ကျောင်းသားဗီဇာနဲ့ နေတာ ၊ တက္ကသိုလ်တွေမှာ ပညာသင်နေတဲ့ ကျောင်းသားဖြစ်တယ် ၊ ဒါမှမဟုတ်လည်း အခြားသော Non-Immigrant Visa တစ်မျိုးမျိုးနဲ့ နေတယ် ၊ နိုင်ငံခြားကနေ Income ရစရာရှိတယ် ၊ အဲ့ဒီအတွက် Tax ID လိုနေတယ် ၊ ဘယ်လို လုပ်ရမလဲ ?

ကိုယ်နေထိုင်တဲ့ မြို.နယ်အခွန်ရုံးမှာ Tax ID သွားထုတ်လို့ရပါတယ် ၊ Google မှာ revenue office ဆိုပြီး ရိုက်ရှာကြည့်နိုင်ပါတယ် ၊

ကိုယ့်အနေနဲ့ ဘယ်ကနေ Income ရဖို့ ရှိတယ်ဆိုတာကို အခွန်ရုံးမှာ ပြောပြပြီး Tax ID တောင်းနိုင်ပါတယ် ၊ ဥပမာ Youtube က ရဖို့ ရှိတယ် ၊ Facebook က ရဖို့ရှိတယ်ဆို တာမျိုး ပြောပြီး Tax ID တောင်းလို့ရပါတယ် ။ Tax ID အတွက် ပိုက်ဆံပေးရတာမျိုး မရှိဘူးလို့ သိထားပါတယ်။ Tax ID တောင်းဖို့အတွက် အခြေခံလိုအပ်ချက်ကတော့

– အခွန်ရုံးမှာ Form ဖြည့်ရမယ်
– Passport နဲ့ Visa တွေ တင်ပြရမယ်
– နေထိုင်ရာ လိပ်စာအတည်ပြုပေးရမယ် ( အိမ်ဌားစာချုပ် သို့မဟုတ် TM 30) နဲ. Income နဲ့ ပက်သက်ပြီး အခြားစာရွက်စာတမ်းတွေ တောင်းတာမျိုး ရှိနိုင်ပါတယ် ၊ တစ်နေရာနဲ့ တစ်နေရာ အနည်းငယ်တော့ ကွာခြားနိုင်ပါတယ်။

ဒါကတော့ တစ်ကိုယ်စာအတွက် Tax ID သီးသန့် ထုတ်ချင်သူတွေအတွက် နည်းလမ်းလေးပါ။

ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1

ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1

ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1

သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/

လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 


Discover more from Thu Do Something

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *