ဒွန်မောင်းလေဆိပ် (Don Mueang Airport) ကနေ ပတ္တယား (Pattaya) ကို တိုက်ရိုက် လိုင်းကားစီးပြီး ဘယ်လိုသွားမလဲ ?

ဒွန်မောင်းလေဆိပ် (Don Mueang Airport) ကနေ ပတ္တယား (Pattaya) ကို တိုက်ရိုက် လိုင်းကားစီးပြီး ဘယ်လိုသွားမလဲ ?

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကို လေယာဉ်လက်မှတ် ဖြတ်ထားလို့ ၊ လေဆိပ်ကနေ ပတ္တယားကို အလည်သွားချင်တယ် ဒါမှမဟုတ် ပတ္တယားကနေ ဒွန်မောင်းလေဆိပ်ကို ဆင်းလာပြီး မြန်မာပြည်ပြန်တာပဲ ဖြစ်ဖြစ် အခြားနေရာတစ်ခုခုကို လေယာဉ်နဲ့ ဆက်သွားချင်တယ် ဆိုသူတွေအတွက် လေဆိပ်ကနေ ပတ္တယားကို ကားဘယ်လိုစီးရမယ် ၊ ကားအချိန်စာရင်းနဲ့ လက်မှတ်စျေးနှုန်းတွေကို ဖော်ပြပေးလိုက်ပါတယ်ဗျ။

ယခု ၂၀၂၅ ခုနှစ်ထဲမှာ အစိုးရပိုင် ကားလိုင်းဖြစ်တဲ့ 999bus ကားလိုင်းက ဒွန်မောင်းလေဆိပ်ကနေ ပတ္တယားကို တိုက်ရိုက်ပြေးဆွဲပေးနေပြီ ဖြစ်တာမို့ အရင်တုန်းကလို လေဆိပ်ကနေ မော်ချစ်ကားဝန်း (Mochit Bus Terminal) အထိ သွားပြီးတော့ ကားစီးဖို့ မလိုတော့ပါဘူး ။

အခု လိုင်းကားကို လေယာဉ်စီးမယ့် ခရီးသည်တွေသာမက ဒွန်မောင်းလေဆိပ်နားမှာ နေထိုင်သူတွေလည်း သွားစီးလို့ ရပါတယ် ၊ လိုင်းကားကတော့ လေဆိပ်ကနေ ပတ္တယားကို တစ်နေ့ ၆ စီး ၊ ပတ္တယားကနေ လေဆိပ်ကို တစ်နေ့ ၆ စီး ပြေးဆွဲပေးပါတယ်။ ကားတွေက သတ်မှတ်ထားတဲ့ နေရာတွေမှာပဲ ခရီးသည် အတင်အချ လုပ်ပါတယ်။

🚩 ဒွန်မောင်းလေဆိပ်မှ ပတ္တယား လမ်းကြောင်း

ခရီးသည်တွေဟာ ဒွန်မောင်းလေဆိပ်ကနေ လိုင်းကားစီးမယ်ဆိုရင် International Terminal (Terminal 1) ရဲ့ Arrival အထပ်မှာ ရှိတဲ့ Service Hall နေရာကနေ လိုင်းကား စီးနိုင်ပါတယ်။

ပတ္တယားမှာတော့ ကားဟာ ဖော်ပြထားတဲ့ နေရာ ၄ ခုမှာ ခရီးသည်တွေ ဆင်းဖို့ ရပ်နားပေးမှာ ဖြစ်ပါတယ် ၊ ကိုယ်နဲ့ အဆင်ပြေမယ့် မှတ်တိုင်မှာ ဆင်းနိုင်ပါတယ်။

Pattaya Nuea Intersection (လမ်းဆုံ) , Sukhumvit လမ်းမကြီး ( North Pattaya လမ်းမကြီး အနီး)
Pattaya Klang Intersection (လမ်းဆုံ) , Sukhumvit လမ်းမကြီး ( Central Pattaya လမ်းမကြီး အနီး )
Pattaya Tai Intersection(လမ်းဆုံ), Sukhumvit လမ်းမကြီး ( South Pattaya လမ်းမကြီး အနီး)
Thepprasit Intersection (လမ်းဆုံ) , Sukhumvit လမ်းမကြီး ( Thepprasit လမ်းမကြီး အနီး)

🚩 ပတ္တယားမှ ဒွန်မောင်းလေဆိပ် လမ်းကြောင်း

ပတ္တယားကနေ ကားစစီးနိုင်မယ့် နေရာကတော့ Sukhumvit လမ်းမကြီးရဲ့ Soi Sukhumvit Pattaya 45 အနီး ကားဂိတ်ကနေ စီးနိုင်ပါတယ် (Comment မှာ location ချထားပေးပါမယ်)

ဒွန်မောင်းလေဆိပ်ရဲ့ International Terminal (Terminal 1) ရဲ့ Arrival အထပ်မှာ ရှိတဲ့ Service Hall နေရာမှာ ကားရပ်မှာ ဖြစ်ပါတယ်။

🚩 အချိန်စာရင်း

🚩 ဒွန်မောင်းလေဆိပ်ကနေ ကားထွက်မယ့် အချိန်တွေကတော့

မနက် 06:30,
မနက် 08:00,
မနက် 10:30,
နေ့လည် 13:30,
နေ့လည် 15:30 နဲ့
ညနေ 17:30 တို့ ဖြစ်ပါတယ်။

🚩 ပတ္တယားကနေ ကားထွက်မယ့် အချိန်တွေကတော့

မနက် 07:00,
မနက် 08:30,
မနက် 10:00,
နေ့လည် 14:30,
ညနေ 16:00, နဲ့
ညနေ 17:00 တို့ ဖြစ်ပါတယ်။

ခရီးအကွာအဝေးဟာ 162 ကီလိုမီတာ ရှိပြီး ၊ ခရီးကြာချိန်ဟာ ၂ နာရီခွဲ ခန့် ရှိမှာ ဖြစ်ပါတယ်။

🚩 လက်မှတ်စျေးနှုန်း

လေဆိပ်ထဲမှာ ရှိတဲ့ ကားလက်မှတ် အရောင်းကောင်တာမှာ လက်မှတ်ဝယ်ယူရင် လက်မှတ်စျေးနှုန်းဟာ တစ်ယောက်ကို ၁၅၅ ဘတ် ကျသင့်မှာ ဖြစ်ပါတယ် ။ အွန်လိုင်းကနေ လက်မှတ်ကြိုဝယ်မယ် ဆိုရင်တော့ စျေးနှုန်းအနည်းငယ် ပိုများနိုင်ပါတယ် ၊ သွားချင်တဲ့ အချိန်အတိအကျ သွားနိုင်ဖို့ ဆိုရင် အွန်လိုင်းက ကြိုဖြတ်ထားတာ ပို အဆင်ပြေပါတယ်။



ကားလက်မှတ်များ ဝယ်ယူရန်

Powered by 12Go system

🚩 လေဆိပ်ထဲမှာ လက်မှတ် ဝယ်ယူနိုင်သော နေရာ

လေဆိပ်ထဲမှာ လက်မှတ် ဝယ်ယူမယ်ဆိုရင်တော့ လက်မှတ်အရောင်းကောင်တာ ၂ ခု ရှိပါတယ်။

* 1st floor, Gate 2, Building 1 (International Passenger Terminal)
* 2nd floor, Gate 11, Building 2 (Domestic Passenger Terminal)

ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1

ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1

ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1

သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/

လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Discover more from Thu Do Something

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *