ဒွန်မောင်းလေဆိပ် (Don Mueang) ကနေ ဘန်ကောက်မြို့ထဲကို ပြေးဆွဲပေးတဲ့ လိုင်းကားများ
ကိုယ့်စီးလာတဲ့ လေယာဉ်က ဒွန်မောင်းလေဆိပ်မှာ ဆိုက်ရောက်တဲ့အခါ လေဆိပ်ကနေ မြို့ထဲကို လိုင်းကားစီးပြီး သွားချင်သူတွေအတွက် ဒွန်မောင်းလေဆိပ်ကနေ ပြေးဆွဲပေးနေတဲ့ လိုင်းကားတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။
လိုင်းကား ဘယ်မှာစီးရမလဲ ?
ဒွန်မောင်းလေဆိပ်ဟာ International Terminal နဲ့ Domestic Terminal ဆိုပြီးတော့ Terminal ၂ ခု ရှိပါတယ် ၊ ဒါပေမယ့် Terminal ၂ ခုလုံးဟာ တစ်ဆက်တစ်စပ်တည်း ရှိပြီးတော့ လေဆိပ် အဆောက်အဦးတွင်းကနေပဲ အလွယ်တကူ လမ်းလျှောက်သွားလို့ ရပါတယ် ။
လိုင်းကား စီးချင်သူတွေကလေဆိပ်ရဲ့ Arrival အထပ်ကနေ လိုင်းကားစီးရမှာ ဖြစ်ပါတယ်။
အရင်တုန်းကဆိုရင် ကျွန်တော်တို့က International Terminal ရဲ့ ဂိတ်နံပါတ် 5 နဲ့ 6 ကြားကနေ လိုင်းကားစောင့်စီးခဲ့ရတာ ဖြစ်ပါတယ် ။
ကားလက်မှတ်များ ဝယ်ယူရန်
အခုကတော့ Arrival အထပ်ရဲ့ ထောင့်ဆုံးနေရာမှာ Service Hall ဆိုပြီးတော့ လိုင်းကားတွေရပ်ဖို့အတွက် သီးသန့်နေရာ လုပ်ထားပေးပါတယ် ၊ International Terminal ရဲ့ Arrival အထပ် ထောင့်ဆုံးနေရာမှာ ရှိပါတယ် ။ Domestic Terminal ကနေဆိုရင် နည်းနည်းလှမ်းသွားသလို ရှိပေမယ့် လေဆိပ်အဆောက်အဦးထဲကနေပဲ လမ်းလျှောက်သွားလို့ အဆင်ပြေပါတယ် ၊
လေဆိပ်ရဲ့ နေရာအနှံမှာလည်း လိုင်းကားသွားစီးရမယ့် Service Hall ရှိရာနေရာကို လမ်းညွှန်းမြှားတွေနဲ့ ညွှန်ပြထားတာမို့ အလွယ်တကူပဲ ရှာတွေ့နိုင်ပါတယ်။
စီးနိုင်သည့် လိုင်းကားများ
လိုင်းကားဂိတ်နေရာကနေ မြို့ထဲကို ပြေးဆွဲပေးတဲ့ ကားလိုင်း ၄ လိုင်း ရှိပြီး သုဝဏ္ဏဘူမိလေဆိပ်ကိုသွားတဲ့ Shuttle Bus လည်း ရှိပါတယ် ၊ မကြာသေးမှီက စတင်ပြေးဆွဲပေးနေတဲ့ ဒွန်မောင်းလေဆိပ် – ပတ္တယား ၊ ဒွန်မောင်းလေဆိပ်- ဟွာဟင်း လိုင်းကားတွေကိုလည်း ဒီကနေ လာစီးနိုင်ပါတယ်။
ဒီကနေ မြို့ထဲသွားတဲ့ လိုင်းကားတစ်ခုချင်းအလိုက် ဘယ်တွေရောက်တယ် ဘယ်လောက်ကျတယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
– A1 လေဆိပ်ကနေ Mochit BTS နဲ့ Chatuchak Park MRT ရထားဘူတာတွေကို ရောက်ပါမယ် ၊ Chatuchak စျေး ၊ JJ Mall တို့ကို ဖြတ်ပြီး Mochit ကားဝင်းမှာ ဂိတ်ဆုံးပါတယ် ၊ လိုင်းကားစီးခက ဘတ် ၃၀ ကျသင့်မှာ ဖြစ်ပါတယ်။
– A2 ကတော့ ဘန်ကောက်ရဲ့ လိုင်းကားစုံချက်လို့ နာမည်ကြီးတဲ့ Victory Monument အထိ သွားပါတယ် ၊ Victory Monument မှာဆိုရင်လည်း BTS ဘူတာရုံ ရှိပါတယ်။ လိုင်းကားစီးခက ဘတ် ၃၀ ကျသင့်မှာ ဖြစ်ပါတယ်။
– A3 ကတော့ ဘန်ကောက် ပတူနမ်ကို သွားချင်သူတွေအတွက် စီးရမယ့် လိုင်းကားပါ ၊ သု၀ဏဘူမီလေဆိပ်ကို ရောက်တဲ့ ARL ရထားလိုင်း Ratchaprarop ဘူတာကို ဖြတ်ပြီး ၊ Pratunam စျေး ၊ CentralWorld တို့ကနေတစ်ဆင့် MRT Silom / BTS Sala Daeng တို့ကိုလည်း သွားလို့ ရပါတယ် ၊ ကားက Lumphine ပန်းခြံကို တစ်ပတ်ပတ်ပြီး ဒွန်မောင်းလေဆိပ်ကို ပြန်လာပါတယ် ၊ လိုင်းကားစီးခက ဘတ် ၅၀ ကျသင့်မှာ ဖြစ်ပါတယ်။
– A4 ကတော့ ဘန်ကောက်မြို့ဟောင်း ဧရိယာဖြစ်တဲ့ Wat Ratchadamnoen Klang Rd Democracy Monument နဲ့ Sanam Luang အပြင် နာမည်ကျော် Khao San လမ်းတို့ကို သွားပါတယ် ။ လိုင်းကားစီးခက ဘတ် ၅၀ ကျသင့်မှာ ဖြစ်ပါတယ် ။
လိုင်းကားတစ်ခုချင်းရဲ့ ရောက်နိုင်တဲ့ နေရာတွေကို ညွှန်ပြတဲ့ မြေပုံနဲ့ ၊ ကားမှတ်တိုင်နာမည်တွေကိုလည်း ပုံထဲမှာ ကြည့်နိုင်ပါတယ်ဗျ ၊ ၊ ကိုယ်သွားချင်တဲ့နေရာကို ဘယ်လိုင်းကား ရောက်တယ်ဆိုတာ စီစစ်ပြီး စောင့် စီးနိုင်ပါတယ်ဗျ။
ကားတွေက နေ့စဉ် မနက် ၆ နာရီလောက်ကနေ ည ၁၁ ခွဲလောက်ထိ ရှိပါတယ် ၊ ကားတစ်စီးနဲ့ တစ်စီးကြား စောင့်ရချိန်က ၁၀ မိနစ် ၁၅ မိနစ်ကနေ တစ်ခါတစ်လေ ၄၅ မိနစ်လောက်ထိ ကြာတက်ပါတယ်။ ပုံမှန်မရှိပါဘူး ။
Suvarnabhumi Shuttle Bus
သုဝဏ္ဏဘူမိလေဆိပ်ကို သွားတဲ့ Shuttle Bus ကိုလည်း အခုနေရာမှာ စီးနိုင်ပါတယ် ၊ ဒါပေမယ့် သုဝဏ္ဏဘူမိလေဆိပ်က ထွက်ခွာမယ့် လေယာဉ်လက်မှတ်နဲ့ Passport လိုအပ်ပါမယ် ၊ Shuttle Bus စီးခကတော့ အခမဲ့ ဖြစ်ပြီး ကားတွေက နာရီဝက်ကနေ ၄၅ မိနစ်အတွင်း တစ်စီးလောက်ထွက်ပါတယ်။
ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1
ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1
ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1
သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/
လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Discover more from Thu Do Something
Subscribe to get the latest posts sent to your email.