ထိုင်းမှာ နှစ်ရှည်ဗီဇာနဲ့ နေထိုင်ရင် သတိထားသင့်တဲ့ အချက်များ

ထိုင်းနိုင်ငံမှာ နှစ်ရှည်ဗီဇာ တစ်မျိုးမျိုးနဲ့ နေထိုင်သူတွေအတွက် ထိုင်းနိုင်ငံမှာ နေထိုင်စဉ် သတိထား လိုက်နာသင့်တဲ့ အချက်တွေနဲ့ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို အလည်ပြန်တာ အပါအဝင် အခြားနိုင်ငံတွေကို အလည်သွားမယ်ဆိုရင် သတိထား လိုက်နာသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ ။

ထိုင်းနိုင်ငံမှာ နှစ်ရှည်နေထိုင်လို့ ရတဲ့ ဗီဇာအမျိုးအစားတွေ အကြောင်းကို အရင်ဆုံး ဖော်ပြပေးပါမယ်ခင်ဗျ ။
– တက္ကသိုလ် ၊ ကောလိပ်နဲ့ သင်တန်းကျောင်းတွေမှာ ပညာသင်ကြားလို့ ရရှိတဲ့ ကျောင်းသားဗီဇာအမျိုးမျိုးကို Non-immigrant ED Visa တွေလို့ ခေါ်ပါတယ်။

– ထိုင်းနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေနဲ့ ၊ White collar Job တွေမှာ ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်သူတွေဟာ စီးပွားရေးဗီဇာလို့ ခေါ်တဲ့ Non-Immigrant B ဆိုတဲ့ ဗီဇာကို ရရှိမှာပါ ။
– ဘတ်ဗီဇာလို့ လူသိများပြီး အခြေခံ အလုပ်သမားတွေအတွက် ထုတ်ပေးတဲ့ Non- LA Visa ဟာလည်း နှစ်ရှည် ဗီဇာပါပဲ ။

– အသက် ၅၀ အထက် လူကြီးတွေ လျှောက်ထားနိုင်တဲ့ Retirement Visa ၊ ထိုင်းနိုင်ငံမှာ ကလေးငယ်တွေကို ကျောင်းထားရင် အုပ်ထိန်းသူမိဘအတွက် ထုတ်ပေးတဲ့ အုပ်ထိန်းသူ Visa နဲ့ အချို့သော ဗီဇာအမျိုးအစားတွေမှာ လျှောက်ထားနိုင်တဲ့ မှီခိုဗီဇာ တို့အပြင် အခုနောက်ပိုင်း လျှောက်ထားမှုများပြားလာတဲ့ DTV Visa စသဖြင့် အများကြီး ရှိပါတယ်။

ကားလက်မှတ်များ ဝယ်ယူရန်

Powered by 12Go system

◉◉ 90days report
ထိုင်းနိုင်ငံမှာ နစ်ရှည်ဗီဇာတစ်မျိုးမျိုးနဲ့ နေထိုင်ကြသူတွေဟာ နိုင်ငံတွင်း ရက် ၉၀ ဆက်တိုက် နေထိုင်ရင် 90Days Report လို့ ခေါ်တဲ့ ထိုင်း Immigration ဆီ အကြောင်းကြားမှုကို ပြုလုပ်ရပါတယ်။

90 days report ကို ကိုယ်နေထိုင်ရာ မြို့နယ် Immigration ရုံးမှာ ဖြစ်စေ ၊ အွန်လိုင်းကနေဖြစ်စေ လုပ်လို့ရပြီး Report လုပ်တာအတွက် အခကြေးငွေ ပေးဖို့မလိုအပ်ပဲ အခမဲ့ လုပ်ဆောင်နိုင်ပါတယ် ။ တကယ်လို့ မလုပ်ဖြစ်ဘူးဆိုရင်တော့ ဒဏ်ကြေးဆောင်ရတာမျိုးတွေ ရှိသလို ၊ ဗီဇာ သက်တမ်းတိုးရာမှာလည်း အခက်အခဲ ရှိနိုင်ပါတယ်။

◉◉ Visa ကုန်မယ့်ရက်
နှစ်ရှည်ဗီဇာ ကိုင်ဆောင်ထားသူတွေ အနေနဲ့ ကိုယ့်ရဲ့ ဗီဇာသက်တမ်း ကုန်မယ့်နေ့ကို အမှုမဲ့ အမှတ်မဲ့ ဖြစ်တက်ကြပါတယ် ။ တကယ်လို့များ ဗီဇာသက်တမ်းတိုးဖို့ မေ့တာ ၊ ဒါမှမဟုတ် ဗီဇာအမျိုးအစား ပြောင်းဖို့အတွက် နိုင်ငံ ပြင်ပထွက်ရမှာကို မထွက်မိတာမျိုးဆိုရင် ကိုယ်က Overstay ဖြစ်သွားမှာ ဖြစ်ပြီး ၊ Overstay နေထိုင်ခြင်းကြောင့် အဖမ်းခံရရင် ထောင်ကျနိုင်သလို ၊ သက်တမ်းတိုးချိန် ၊ နိုင်ငံပြင်ပ ထွက်ချိန်တွေမှာ Overstay အတွက် ဒဏ်ကြေး ဆောင်ရနိုင်ပြီး ကိုယ့်ရဲ့ Passport မှတ်တမ်း အတွက် မကောင်းနိုင်တာမို့ ဗီဇာကုန်မယ့်ရက်ကို သတိထားသင့်ပါတယ်။

တစ်ခါတစ်လေမှာ ဗီဇာသက်တမ်းတိုးဖို့ လိုအပ်လို့ ဆောင်ရွက်ရင်းနဲ့ စာရွက်စာတမ်းလိုအပ်ချက်တွေကြောင့် သက်တမ်းတိုးဖို့ အဆင်မပြေ ဖြစ်ရာကနေ Overstay ဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်တာကြောင့် ၊ ရက် အရမ်းနီးကပ်မှ သက်တမ်း တိုးတာမျိုးထက် ဗီဇာကုန်ရက်ကို သတိထားပြီး သက်တမ်းတိုး ကိစ္စတွေ ဆောင်ရွက်ဖို့ သတိထားသင့်ပါတယ်။
◉◉ Re-entry permit
ထိုင်းနိုင်ငံမှာ နှစ်ရှည်ဗီဇာ တစ်မျိုးမျိုးနဲ့ နေထိုင်ပြီး ထိုင်းနိုင်ငံ ပြင်ပထွက်မယ်ဆိုရင် Re-entry Permit လို့ ခေါ်တဲ့ တုံးကြီးထုဖို့ လုံး၀မမေ့သင့်ပါဘူး ၊ ကိုယ့်ရဲ့ ဗီဇာက Multiple Entry ရထားတဲ့ ဗီဇာမျိုးဆိုရင်တော့ Re-entry permit လုပ်ဖို့ မလိုအပ်ပါဘူး ၊ ဥပမာအားဖြင့် DTV Visa ဟာ multiple entry ရတဲ့ ဗီဇာဖြစ်တာမို့ Re-entry Permit လုပ်ဖို့ မလိုအပ်ပါဘူး ။

Re-entry Permit ကတော့ Single (တစ်ကြိမ်စာ) အတွက် ဘတ် ၁၂၀၀ ဝန်းကျင်နဲ့ Multiple အတွက်ကတော့ ဘတ် ၄၀၀၀ ခန့် ကျသင့်မှာ ဖြစ်ပါတယ် ၊ Re-entry Permit ရဲ့ သက်တမ်းဟာ ကိုယ့်ရဲ့ လက်ရှိ ဗီဇာသက်တမ်း အတိုင်းပဲ ဖြစ်ပါတယ် ။ တကယ်လို့ ကိုယ်က Re-entry Permit လုပ်ရမယ့် ဗီဇာဖြစ်ပေမယ့် မလုပ်ဖြစ်ပဲ ထိုင်းနိုင်ငံထဲက ထွက်သွားမိရင် ကိုယ့်ရဲ့ လက်ရှိရထားတဲ့ ဗီဇာဟာ ပျက်ပြယ်(Cancel) သွားမှာ ဖြစ်တာမို့ ထိုင်းနိုင်ငံပြင်ပ ထွက်မယ်ဆိုရင် Re-entry Permit ဟာ အရေးကြီးပါတယ်။

◉◉ ထိုင်းထဲပြန်ဝင်ချိန်မှာ ကိုယ့်ဗီဇာကို ပြန်စစ်ရန်
ထိုင်းနိုင်ငံထဲကို ပြန်လည်ဝင်ရောက်ချိန် လေဆိပ်မှာ Immigration က ထိုင်းနိုင်ငံထဲ အဝင်တုံး ထုပေးပြီးရင် ဗီဇာတုံးကို ပြန်လည် စစ်ဆေးသင့်ပါတယ် ၊ ရံဖန်ရံခါမှာ ၁၄ ရက်အလည်ဗီဇာနဲ့ မှားပြီးတော့ တုံးထုပေးလိုက်မျိုး ဖြစ်တတ်ပါတယ်။
ထိုင်းမှာ နှစ်ရှည်ဗီဇာနဲ့ နေထိုင်သူတွေဟာ တချို့သော အခြေအနေများကို သတိထားရမှာ ဖြစ်ပါတယ် ၊ ဗီဇာသက်တမ်းကုန်ဆုံးခြင်း၊ 90-Day Report ပြုလုပ်ခြင်း၊ Re-entry Permit လုပ်ခြင်းတို့အပြင် Overstay မဖြစ်အောင် အထူးသတိထားဖို့ အကြံပေးချင်ပါတယ်ခင်ဗျ။

မှတ်ချက် ။ ။လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။ ပုံနှင့်စာများကို တဆင့်ပြန်ကူးတင်ခြင်း ခွင့်မပြုပါ။

ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1

ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1

ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1

သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/

လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Discover more from Thu Do Something

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *