ထိုင်းနိုင်ငံအတွင်း လေယာဉ်နဲ့ ခရီးသွားတာက သွားချင်တဲ့နေရာကို အမြန်ရောက်ပြီး ၊ ကုန်ကျစားရိတ်လည်း သက်သာပါတယ် ။ ထိုင်းနိုင်ငံအတွင်း လေယာဉ်စီးပြီး ခရီးသွားနိုင်တဲ့ မြို့ပေါင်း က၂၅ မြို့ကျော် ရှိတယ်လို့ သိရပါတယ် ။ ဒါ့အပြင် ထိုင်းနိုင်ငံတွင်း လေယာဉ်လက်မှတ်နှုန်းထားဟာလည်း စျေးသက်သာတယ်လို့ ဆိုနိုင်ပြီး ၊ တစ်ခါတစ်လေမှာ ရထား ၊ အဝေးပြေးကားတွေရဲ့ လက်မှတ်နှုန်းထားတွေထက်တောင် စျေးသက်သာနေ တတ်ပါတယ်။
✈️ ✈️ လေကြောင်းလိုင်းများ ✈️ ✈️
ဘန်ကောက်ကနေ ထိုင်းနိုင်ငံတွင်း အခြားသော မြို့တွေကို လေယာဉ်နဲ့ ခရီးသွားမယ်ဆိုရင် ရွေးချွယ်စရာ လေကြောင်းလိုင်းတစ်ချို့ ရှိပါတယ် ။ ထိုင်းနိုင်ငံ အနှံကို Budget Airline တွေ ဖြစ်ကြတဲ့ Thai Air Asia , Nok Air , Thai Lion Air နဲ့ Thai Vietjet လေကြောင်းလိုင်းတို့က ပြေးဆွဲပေးနေသလို Full Service လေကြောင်းလိုင်းတွေဖြစ်တဲ့ Bangkok Airways နဲ့ Thai Airways တို့ကလည်း အဓိက ပြေးဆွဲကြပါတယ်။
✈️ ✈️ ဘန်ကောက်လေဆိပ် ၂ ခု ✈️ ✈️
ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မှာ Don Muenag နဲ့ Suvarnabhumi လေဆိပ် ဆိုပြီး လေဆိပ် ၂ ခုရှိပါတယ် ။ လေဆိပ် ၂ ခုလုံးကနေ ပြည်တွင်းခရီးစဉ်တွေ ပြေးဆွဲကြပါတယ်။
Don Muenag လေဆိပ်ကနေတော့ Budget Airline တွေ ဖြစ်တဲ့ Thai Airasia , Nok Air , Thai Lion Air နဲ့ Thai Vietjet လေကြောင်းလိုင်းတို့က ခရီးစဉ်တွေ ပြေးဆွဲပါတယ် ။
ကားလက်မှတ်များ ဝယ်ယူရန်
Suvarnabhumi လေဆိပ်မှာတော့ Full Service လေကြောင်းလိုင်းတွေဖြစ်တဲ့ Bangkok Airways နဲ့ Thai Airways တို့ ပြေးဆွဲသလို Budget Airline တွေထဲက Thai Airasia နဲ့ Thai Vietjet တို့ကလည်း ပြေးဆွဲကြပါတယ်။
✈️ ✈️ Destination ခရီးသွားနိုင်တဲ့ မြို့များနဲ့ လေယာဉ်ခရီးစဉ်များ ✈️ ✈️
ထိုင်းနိုင်ငံမှာ လေယာဉ်နဲ့ သွားလို့ရတဲ့ မြို့ပေါင်း ၂၅ မြို့ကျော် ရှိပါတယ်။ အဲ့ဒီထဲကမှ မြို့ကြီးတွေ ဖြစ်တဲ့ ချင်းမိုင် ၊ ဖူးခက် တို့ဟာ ဘန်ကောက်ကနေ တစ်နေ့ကို လေယာဉ်ခရီးစဉ်ပေါင်း ၃၀ ကနေ ၄၀ ဝန်းကျင်အထိ ပြေးဆွဲလေ့ရှိပြီး Chiang Rai , Hat Yai , Surat Thani , Krabi တို့လို မြို့တွေကတော့ တစ်နေ့ကို လေယာဉ် ခရီးစဉ်ပေါင်း ၁၅ခု ကနေ ၂၀ ဝန်းကျင်ထိ ရှိတတပါတယ်။
အချို့သော မြို့တွေကတော့ တစ်ရက်ကို လေယာဉ်ခရီးစဉ် အနည်းငယ်နဲ့ လေကြောင်းလိုင်း အနည်းငယ်ကသာ ပြေးဆွဲတာမျိုးလည်း ရှိပါတယ်။ ဥပမာအားဖြင့် Koh Samui ကို လေယာဉ်ခရီးစဉ် များစွာရှိပေမယ့် ပြေးဆွဲပေးတဲ့ လေကြောင်းလိုင်းကတော့ Bangkok Airways တစ်ခုတည်း ဖြစ်ပါတယ် ။ မဲဆောက်မြို့ဆိုရင်လည်း Nok Air လေကြောင်းလိုင်း တစ်ခုတည်းကသာ ပြေးဆွဲပြီး ခရီးစဉ်ကလည်း တစ်ရက်ကို တစ်ကြိမ်-နှစ်ကြိမ်ခန့်သာ ရှိတတ်ပါတယ်။
✈️ ✈️ စျေးနှုန်းများ ✈️ ✈️
ထိုင်းနိုင်ငံမှာ ပြည်တွင်းခရီးစဉ်တွေကို လေယာဉ်နဲ့ ခရီးသွားတာဟာ စျေးသက်သာပြီး တန်တယ်လို့ ပြောနိုင်ပါတယ် ၊ ပုံမှန်ရက်တွေမှာ လေယာဉ်လက်မှတ်ကို တစ်လခန့် ကြိုဝယ်မယ် ၊ Budget Airline လည်း ဖြစ်တယ်ဆိုရင် လေယာဉ်လက်မှတ်ခဟာ ခရီးစဉ်တစ်ကြောင်းစာအတွက် ဘတ် ၁၀၀၀ ဝန်းကျင်ခန့်သာ ရှိပါတယ် ။
Airline တွေရဲ့ Promotion ချတဲ့ ရက်တွေနဲ့ ကြုံကြိုက်လို့ ဝယ်ယူဖြစ်ရင် လက်မှတ်တစ်စောင်ကို ဘတ် ၃၀၀ ဝန်းကျင် လောက်နဲ့တောင် ရနိုင်ပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း Promotion ကာလနဲ့ ကြုံလို့ လက်မှတ်ဖြတ်စီးပြီး တစ်စောင်ကို ဘတ် ၃၀၀ ဝန်းကျင်နဲ့ ရခဲ့တဲ့ အတွေ့အကြုံတွေ ရှိပါတယ် ။ Budget Airline မဟုတ်တဲ့ Full Service ပေးတဲ့ လေကြောင်းလိုင်းတွေကတော့ ဘတ် ၂၀၀၀ ဝန်းကျင်လောက်ကနေ အများဆုံး ဘတ် ၅၀၀၀ လောက်ထိ ရှိနိုင်ပါတယ်။
ခရီးသွားရာသီနဲ့ ပွဲတော်ရက်တွေကတော့ လေယာဉ်လက်မှတ်တွေ စျေးကြီးပါတယ် ၊ ပွဲတော်ရက်တွေမှာ လေယာဉ်နဲ့ ခရီးသွားဖို့ စဉ်းစားထားရင်တော့ ၂ လ ၃ လလောက်ကြိုဝယ်မှပဲ စျေးသက်သက်သာသာနဲ့ စီးလို့ ရမှာပါ။
✈️ ✈️ အပိုဝန်ဆောင်မှု ဝယ်ယူခြင်း ✈️ ✈️
Budget Airline တွေက စျေးသက်သာတယ် ဆိုပေမယ့် အထုတ်အပိုး သယ်ယူခွင့်မှာတော့ လေကြောင်းလိုင်းတိုင်းလိုလိုက Hand carry 7kg နဲ့ Personal item အထုပ်သေးတစ်ခုခန့်သာ ခွင့်ပြုတတ်ပါတယ် ၊ ကိုယ်က အထုပ်အပိုးတွေ များများ သယ်ချင်တယ် ဆိုရင်တော့ Check Baggage အတွက် KG အပို ဝယ်ယူရမှာ ဖြစ်ပြီး လေကြောင်းလိုင်းတစ်ခုချင်းအလိုက် KG စျေးနှုန်းတွေ ကွာခြားနိုင်ပါတယ် ၊ အများစုကတော့ 20 KG အတွက်ကို ဘတ် ၁၀၀၀ ဝန်းကျင်ခန့် ကျသင့်နိုင်ပါတယ်။ ခရီးသည်တွေ အနေနဲ့ ပြည်တွင်းခရီးစဉ်မှာ အထုတ်အပိုး များများစားစား သယ်လေ့ မရှိတာကြောင့် Hand Carry 7KG နဲ့လည်း အဆင်ပြေကြတာတော့ များပါတယ်။
Budget Airline တွေက အစားအသောက်လည်း ပါမှာမဟုတ်ပေမယ့် လိုအပ်မယ်ဆိုရင် Booking ယူချိန်မှာ တစ်ပါတည်း add on အနေနဲ့ ထည့်ဝယ်လို့ရပါတယ်။
Full Service Airline တွေကတော့ လေယာဉ်လက်မှတ် ဖြတ်ကတည်းက Check Baggage သယ်ယူခွင့် ၊ အစားအသောက်တို့ ပါပြီးသား ဖြစ်ပါတယ် ၊
အချို့က မေးတတ်ကြပါတယ် ၊ ပြည်တွင်း ခရီးစဉ်အတွက် ဘယ်လေကြောင်းလိုင်းတွေက အဆင်ပြေလဲဆိုပြီးတော့ပါ ၊ ထိုင်းနိုင်ငံမှာ ပြည်တွင်း ခရီးစဉ်တွေအတွက် ပြေးဆွဲတဲ့ လေကြောင်းလိုင်းတွေဟာ လေယာဉ်ခုံ အကျယ်အဝန်း ၊ ဝန်ဆောင်မှု စသဖြင့်မှာ အားလုံးနီးပါး တူကြပါတယ် ၊ ဒါကြောင့် ဘယ်လေကြောင်းလိုင်းဖြစ်ဖြစ် ရွေးချယ်လို့ အဆင်ပြေပါတယ် ၊
✈️ ✈️ လက်မှတ်ဝယ်ယူနိုင်သည့် နည်းလမ်းများ ✈️ ✈️
လေယာဉ်လက်မှတ်တွေကိုတော့ လေကြောင်းလိုင်းတွေရဲ့ Official Website တွေမှာ ဝယ်ယူလို့ရသလို ၊ Booking Website တွေ ဖြစ်တဲ့ Agoda , Trip တို့လို Website တွေကနေလည်း ဝယ်ယူလို့ရပါတယ်။ ဘယ်ကနေပဲ ဝယ်ဝယ် စျေးနှုန်းအားဖြင့် အတူတူလောက်ပဲ ကျသင့်ပါတယ် ၊ Booking Website တွေကတော့ လေကြောင်းလိုင်း အားလုံးရဲ့ အချိန် ၊ စျေးနှုန်းတွေကို တစ်နေရာတည်းကနေ ကြည့်လို့ရတာမို့ ကျွန်တော်ကတော့ ပိုပြီးသဘောကျပါတယ် ၊ ဒါ့အပြင် Booking ပြုလုပ်ခြင်း ၊ ငွေပေးချေခြင်းတွေမှာလည်း ပိုပြီးတော့ လွယ်ကူတယ်လို့ ထင်ပါတယ်ဗျ။
လေယာဉ်လက်မှတ်တွေရှာရာမှာ comment မှာ ကျွန်တော် လင့်ခ်ချထားပေးတဲ့ Trip Dot Com ရဲ့ website link ကို ကလစ်နှိပ်ပြီးတော့လည်း ရှာကြည့်နိုင်ပါတယ် ၊ကျွန်တော်ဖော်ပြပေးထာတဲ့ Link တွ ကနေတစ်ဆင့် Hotel Booking ၊ Flight Booking တွေ ပြုလုပ်ခြင်းဖြင့် အပိုငွေကြေး အသုံးပြုစရာမလိုပဲ ကျွန်တော့်အတွက် Commission တစ်ချို့ပြန်ရတာမို့ ကျွန်တော့် Page အတွက် support ဖြစ်စေပါတယ်ခင်ဗျ။
မှတ်ချက် ။ ။လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။ ပုံနှင့်စာများကို တဆင့်ပြန်ကူးတင်ခြင်း ခွင့်မပြုပါ။
ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1
ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1
ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1
သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/
လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Discover more from Thu Do Something
Subscribe to get the latest posts sent to your email.