ထိုင်းနိုင်ငံမှာ အလည်ဗီဇာ (Tourist Visa) ကို သက်တမ်းတိုးခြင်း

ထိုင်းနိုင်ငံမှာ အလည်ဗီဇာ (Tourist Visa) ကို သက်တမ်းတိုးခြင်း

👉 Visa အမျိုးအစား ၂ ခု

ကျွန်တော်တို့ မြန်မာ Passport ကိုင်ထားကြသူတွေဟာ ထိုင်းနိုင်ငံကို ၁၄ ရက် အလည်ဗီဇာနဲ့ရော ရက် ၆၀ အလည်ဗီဇာနဲ့ပါ လာရောက်လည်ပတ်လို့ ရပါတယ် ၊

၁၄ ရက် ဗီဇာဆိုတာကတော့ ဗီဇာလျှောက်စရာမလိုပဲ လေယာဉ်လက်မှတ်ဝယ်ပြီး တစ်ခါတည်း လာလို့ ရတဲ့ ဗီဇာမျိုးပါ ၊ ထိုင်းနိုင်ငံထဲမှာ ၁၄ ရက်ထိ နေထိုင်ခွင့် ရပါမယ် ၊ 14 days Visa Exemption လို့ ခေါ်ပါတယ်။

ရက် ၆၀ ဗီဇာကတော့ ဗီဇာကြိုတင် လျှောက်ထားပြီးတော့ လာရတဲ့ ဗီဇာအမျိုးအစားပါ ၊ 60 Days Tourist Visa လို့ ခေါ်ပါတယ်။

ဒီ ဗီဇာ ၂ မျိုးလုံးကို အလည်ဗီဇာတွေလို့ ဆိုနိုင်ပါတယ် ၊ ဒီဗီဇာတွေနဲ့ လာပြီးတော့ ထိုင်းထဲကို ရောက်တဲ့အခါ ဘယ်လို သက်တမ်းတိုးနိုင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်ဗျ ။

ကားလက်မှတ်များ ဝယ်ယူရန်

Powered by 12Go system

👉 ဗီဇာသက်တမ်းတိုးကို ဘယ်မှာလုပ်ရမှာလဲ ?

ပုံမှန်အားဖြင့် ဗီဇာသက်တမ်းတိုးတာကို မိမိတို့ နေထိုင်တဲ့ မြို့နယ် Immigration ရုံးတွေမှာ သက်တမ်းတိုးလို့ ရပါတယ် ၊ ဘန်ကောက်မှာနေရင် ဘန်ကောက် ၊ ချင်းမိုင်မှာနေရင် ချင်းမိုင် စသဖြင့်ပါ ။

တစ်ခု သတိထားရမှာက ထိုင်းနိုင်ငံက ရုံးတွေက တစ်ရုံးနဲ့ တစ်ရုံး Policy နည်းနည်းလေး ကွဲတက်ကြပါတယ် ၊ ဒါကြောင့်မို့ ရက် ၆၀ ဗီဇာကို သက်တမ်းတိုးမယ်ဆိုရင် ရုံးတိုင်းလိုလိုမှာ တိုးလို့ ရနိုင်ပေမယ့် ၁၄ ရက်ဗီဇာ သက်တမ်းတိုးမယ် ဆိုရင်တော့ အချို့ရုံးတွေက သက်တမ်း မတိုးပေးတာမျိုး ရှိတက်ပါတယ် ။

ဒါကြောင့် ကိုယ်သက်တမ်း တိုးမယ်လို့ တွေးထားတဲ့ မြို့နယ် Immigration ရုံးတွေက ကိုယ့်ရဲ့ ဗီဇာကို သက်တမ်း တိုးပေးမလားဆိုတာ ကြိုတင်ပြီး လေ့လာ စုံစမ်းသင့်ပါတယ် ။

👉 ဘန်ကောက်မှာ သက်တမ်းတိုးမယ်ဆိုရင်

ဘန်ကောက်မှာ ဗီဇာသက်တမ်းတိုးတဲ့ ရုံး ၂ နေရာ ရှိပါတယ် ၊ ရုံးနေရာတွေက ဗီဇာ အမျိုးအစားပေါ် မူတည်ပြီး ခွဲခြားထားတာ ဖြစ်ပါတယ်။

ထိုင်းကို ၁၄ ရက်ဗီဇာနဲ့ လာသူဆိုရင် IT Sqaure laksi မှာ ရှိတဲ့ Immigration ရုံးမှာ သက်တမ်းတိုးရပါမယ်။

ထိုင်းကို ရက် ၆၀ ဗီဇာနဲ့ လာသူတွေဆိုရင် Goverment Complex Building B မှာ ရှိတဲ့ Immigration ရုံးမှာ သက်တမ်းတိုးရပါမယ်။

၁၄ ရက် ဗီဇာနဲ့ ဖြစ်စေ ၊ ရက် ၆၀ ဗီဇာနဲ့ ဖြစ်စေ E-extension စနစ်နဲ့ သက်တမ်းတိုးမယ်ဆိုရင် Goverment Complex Building B မှာ ရှိတဲ့ E-extension ဌာနမှာ သက်တမ်းတိုးရမှာ ဖြစ်ပါတယ်။

👉 သက်တမ်းတိုးဖို့ ဘာတွေလိုလဲ ?

– Passport မူရင်း
– Passport Bio Page မိတ္ထူ
– Visa Stamp Page မိတ္ထူ (ထိုင်းနိုင်ငံကို ဝင်ရောက်စဉ် လေဆိပ် ၊ နယ်စပ် immigration တို့မှ တုံးထုပေးလိုက်သော စာမျက်နှာ ၊ ဗီဇာသက်တမ်းတိုးထားပါက ဗီဇာသက်တမ်း တိုးထားသော စာမျက်နှာများ)
– TM 7 Form
– STM 2 Form
– Acknowledgement of Overstay Penalties Form (အခု Form သုံးခုဟာ ကိုယ်ရဲ့ Passport အချက်အလက်နဲ့ ထိုင်းနိုင်ငံတွင်း နေထိုင်ရာ လိပ်စာ အချက်အလက်တို့ကို ဖြည့်သွင်းရတဲ့ Form တွေ ဖြစ်ပြီး ၊ Immigration ရုံးက ကောင်တာမှာ အခမဲ့ တောင်းယူဖြည့်စွက်နိုင်ပါတယ်။)

– TM 30 (ထိုင်းနိုင်ငံမှာ မိမိနေထိုင်တဲ့ လိပ်စာကို အတည်ပြုပေးတဲ့ Form ဖြစ်ပါတယ် ၊ မိမိနေထိုင်ရာ Condo ၊ Apartment ၊ Hotel ထံမှ ကြိုတင်တောင်းယူလာခဲ့ ရပါမယ်)

– 4cm X 6cm Photo ( ဓါတ်ပုံလိုပါမယ် ၊ ဓါတ်ပုံ ရိုက်ကူးထားတာ မရှိရင်လည်း Immigration Office နားမှာ ဓါတ်ပုံဆိုင် ၊ မိတ္ထူဆိုင်တွေ ရှိပါတယ် အလွယ်တကူ ရိုက်ကူးနိုင်ပါတယ်)

– သံရုံးထောက်ခံစာ

**သံရုံးထောက်ခံစာကတော့ မြန်မာသံရုံးမှ ဗီဇာတိုးရန် လိုအပ်ကြောင်း ထုတ်ပေးတဲ့ သံရုံးထောက်ခံစာ ဖြစ်ပါတယ် ၊ ရက် ၆၀ အလည်ဗီဇာဖြင့် လာရောက်ပြီး ပထမဆုံး အကြိမ် သက်တမ်းတိုးမည့်သူများ သံရုံးထောက်ခံစာ မလိုအပ်ပါ ၊ ရက် ၆၀ အလည်ဗီဇာကို ဒုတိယအကြိမ် သက်တမ်းတိုးခြင်း ၊ ၁၄ ရက်ဗီဇာကို သက်တမ်းတိုးခြင်းများအတွက် သံရုံးထောက်ခံစာ လိုအပ်ပါတယ်။

👉 သက်တမ်းတိုး ကုန်ကျငွေ

ထိုင်း Immigration ရုံးတွေမှာ အလည်ဗီဇာကို သက်တမ်းတိုးပါက ဗီဇာကြေး ဘတ် ၁၉၀၀ ကျသင့်မှာ ဖြစ်ပြီး ၊ E-extension စနစ်ဖြင့် သက်တမ်းတိုးပါက ဗီဇာကြေး ဘတ် ၁၉၀၀ နှင့် အွန်လိုင်းဝန်ဆောင်ခ ဘတ် ၅၀၀ စုစုပေါင်း ၂၄၀၀ ဘတ် ကျသင့်မှာ ဖြစ်ပါတယ်။ ဗီဇာသက်တမ်းတိုးရာမှာ ကိုယ်စား တိုးလို့ မရနိုင်ပါ မည်သည့်အမျိုးအစားကို သက်တမ်းတိုးသည်ဖြစ်စေ လူကိုယ်တိုင် သွားရောက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1

ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1

ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1

သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/

လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Discover more from Thu Do Something

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *