ထိုင်းနိုင်ငံမှာ နေထိုင်သူပဲ ဖြစ်ဖြစ် ၊ အလည်လာသူပဲ ဖြစ်ဖြစ် 7-Eleven စတိုးဆိုင်တွေကနေ တစ်ကြိမ်လောက်တော့ ဈေးဝယ်ဖူးကြမှာပါ ၊ 7-Eleven ဆိုင်တွေက ထိုင်းတစ်နိုင်ငံလုံးအနှံမှာ ရှိပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆိုင်ပေါင်း ၁၄၅၀၀ ကျော်ရှိပါတယ်။ စတိုးဆိုင်အတွင်းထဲမှာပဲ အစားအသောက်နဲ့ လူသုံးကုန်တွေ ဝယ်ယူနိုင်တဲ့အပြင် အချို့သော ဝန်ဆောင်မှုတွေကိုလည်း 7 ဆိုင်တွေကနေ ဝယ်ယူနိုင်တာမို့ ဒေသခံထိုင်းတွေရော အလည်လာသူ နိုင်ငံခြားသားတွေအတွက်ရော 7 က မရှိမဖြစ် အရေးပါတဲ့ ဆိုင်လို့ ဆိုရပါမယ်ဗျ။
7-Eleven မှာ ဘယ်လို ပစ္စည်းတွေ ဝယ်လို့ရလဲ ?
7- Eleven မှာ ဘယ်လိုပစ္စည်းတွေ ဝယ်လို့ရလဲဆိုရင်တော့ နေ့စဉ်မီးဖိုချောင်သုံး ဟင်းချက်အဆာပလာတွေဖြစ်တဲ့ ဆန် ဆီ ဆား ကြက်ဥတို့ ဝယ်လို့ ရသလို အချို့ဆိုင်တွေမှာဆိုရင် ဟင်းသီးဟင်းရွက်တွေထိ ရောင်းပါတယ်။
ဆိုင်တိုင်းလိုလိုမှာတော့ Pad-Thai , ထမင်းကြော် ၊ ထမင်းနဲ့ဟင်းဗူး အစရှိသဖြင့် အသင့်စား အစားအသောက် အမျိုးမျိုးကို ဝယ်လို့ရသလို အချိုရည်အမျိုးမျိုးလည်း ဝယ်လို့ရပါတယ် ။ အသင့်စား စားသောက်ကုန်ဗူးတွေကို Microwaves နဲ့ နွှေးပေးဖို့ ပြောပြီးမှာစားလို့ ရသလို ၊ All-cafe ကောင်တာမှာလည်း ကော်ဖီ ၊ လက်ဖက်ရည်တို့ကို ဝယ်လို့ ရပါသေးတယ်။
7-Eleven မှာ နောက်ထပ်တွေ့ရမှာက နေ့စဉ်သုံး Cosmetic အမျိုးမျိုးနဲ့ လျှပ်စစ်ပစ္စည်းတွေ ၊ ဖုန်းဆင်းကဒ်နဲ့ အိမ်သုံးပစ္စည်းအမျိုးမျိုးကိုလည်း ဝယ်နိုင်ပါတယ်။ အိမ်သုံးဆေးပစ္စည်းတွေ ရွေးချယ်ဝယ်ယူနိုင်ပြီး ၊ အချို့7 တွေမှာဆိုရင် ဆေးဆိုင်တွေပါ တွဲဖွင့်ထားတတ်ပါတယ်။
ဈေးနှုန်းကရော ?
ဈေးနှုန်းကတော့ အချို့ပစ္စည်းတွေ ဈေးသက်သာပြီး အချို့ပစ္စည်းတွေကတော့ ဈေးများပါတယ် ၊ ဥပမာအားဖြင့် ဟင်းသီးဟင်းရွက်တွေဆိုရင် ရပ်ကွက်ဈေးတွေထဲကထက်ပိုပြီး စျေးများပါမယ်။ 7 ကတော့ တစ်နေရာထဲမှာ ပစ္စည်းတွေ စုံနေအောင် တင်ထားတဲ့ စတိုးဆိုင်ဖြစ်တာမို့ အချိုပစ္စည်းလေးတွေ ဈေးအနည်းငယ်ပိုတာ သိပ်တော့ မဆန်းပါဘူး ။ 7-Eleven က ပစ္စည်းအများစုဟာ ဈေးနှုန်းအားဖြင့် သင့်တင့်တယ်လို့ ဆိုနိုင်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ ဆိုင်မှာ ရောင်းချတဲ့ ပစ္စည်းအများစုဟာ ထိုင်းနိုင်ငံတွင်းမှာပဲ ထုတ်လုပ်တဲ့ ပစ္စည်းတွေ ဖြစ်ပြီး Company က အများဈေးနဲ့ ဝယ်ယူထားတာမို့ ဈေးနှုန်းအားဖြင့် လူတိုင်းတက်နိုင်တဲ့ သင့်တင့်တဲ့ ဈေးနှုန်းတွေလို့ ဆိုနိုင်ပါတယ်။
ကားလက်မှတ်များ ဝယ်ယူရန်
7 မှာ ဈေးဝယ်မယ်ဆိုရင် အကြမ်းအားဖြင့် ရေတစ်ဗူးကို ၇ ဘတ် ကစရှိပြီးတော့ Ready Made အသင့်စား ထမင်းဟင်း ဗူးတွေက ဘတ် ၃၀ ကနေ ဘတ် ၅၀ ကြား ရှိပါမယ် ၊ သားရေစာမုန့်တွေကတော့ ၁၀ ဘတ်ကနေ ဘတ် ၃၀လောက်ထိ အမျိုးမျိုး ရှိနိုင်ပါတယ်။
Halal Food တွေရော ရှိလား ?
7-Eleven မှာ အစ္စလာမ်ဘာသာဝင်တွေအတွက် Halal အမှတ်တံဆိပ် ရရှိထားတဲ့ အသင့်စား ထမင်းဟင်းဗူးတွေနဲံ စားသောက်ကုန်တွေလည်း ဝယ်ယူရရှိနိုင်ပါတယ် ။ Halal ပစ္စည်းတွေ ဝယ်ယူချင်သူတွေ အဖို့ကတော့ ပစ္စည်းတစ်ခုချင်းတိုင်းမှာ Halal အမှတ်တံဆိပ်တွေ မြင်သာထင်သာအောင် ရိုက်နှိပ်ထားပါတယ်။
7- Eleven App က ဘာတွေ သုံးလို့ရလဲ ? ဘာတွေအသုံးဝင်လဲ ?
7- Eleven က App လည်းရှိပါတယ် ၊ ကိုယ့်ဖုန်းအမျိုးအစားအလိုက် App Store က ဖြစ်စေ Google Play က ဖြစ်စေ 7-Eleven TH လို့ ရိုက်ရှာပြီး Download ဆွဲနိုင်ပါတယ်။ 7- Eleven App မှာ 7 မှာ ဝယ်ယူနိုင်တဲ့ ပစ္စည်းတွေ All Member အကောင့်ဖွင့်ထားရင် ရနိုင်မယ့် Discount တွေ ကြည့်နိုင်ပြီး ၊ App ထဲမှာပါတဲ့ 7-Delivery ဆိုတဲ့ Features ကို အသုံးပြုပြီးတော့ အိမ်ထိ အရောက်ပို့ ပစ္စည်းမှာယူတဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်ပါတယ်။ အားနည်းချက်အနေနဲ့ App တစ်ခုလုံးနီးပါးဟာ ထိုင်းလိုတွေချည်းပဲ ဖြစ်နေတာမို့ ထိုင်းလိုမတတ်ဘူးဆိုရင် အသုံးပြုရတာ အနည်းငယ် ခက်ခဲနိုင်ပါတယ်။
All Member အကောင့် ဘယ်လိုဖွင့်ရမလဲ ?
All Member အကောင့်ဖွင့်ဖို့အတွက် 7-Eleven TH App ကို ကိုယ့်ဖုန်းထဲ သွင်းထားရပါမယ် ၊ အရင်တုန်းက All Member အကောင့်ကို နိုင်ငံခြားသားတွေ ဖွင့်လို့ မရခဲ့ပေမယ့် အခုတော့ နိုင်ငံခြားသားတွေလည်း ဖွင့်ပြီး အသုံးပြုနိုင်ပါပြီ ၊ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ All Member အကောင့် ဖွင့်ဖို့အတွက် Passport , ဖုန်းနံပါတ်တို့ လိုအပ်ပါမယ် ၊ ဖုန်းထဲကနေပဲ ဖုန်းနံပါတ်ဖြည့် personal Data အချို့ဖြည့်ပေးပြီး ကိုယ့် Passport ကို ဓါတ်ပုံရိုက်ပြီး တင်ပေးရပါတယ် ၊ ရုံးဖွင့်ရက် ၂ ရက်ကနေ တစ်ပတ်အတွင်း Account Approve ပြန်ကျရင် All Member အဖြစ် အသုံးပြုလို့ရပါပြီ ။
All Member ဝင်ထားရင် ဘာတွေခံစားခွင့်ရှိလဲ ?
All Member ဝင်ထားရင် ဘာတွေ ခံစားရှိလဲဆိုတော့ ဈေးတစ်ခါဝယ်တိုင်း မန်ဘာဝင်ထားသူဟာ ကိုယ်ဝယ်တဲ့ ပစ္စည်းတန်ဖိုးအလိုက် ပွိုင့်တွေ ပြန်ရပါတယ် ။ ဒါ့အပြင် 7 ထဲက အချို့ပစ္စည်းတွေဟာ မန်ဘာဖြစ်မှ မန်ဘာဈေးနဲ့ ဝယ်လို့ရတဲ့ လျှော့ဈေးမျိုးတွေ ခံစားခွင့်ရှိသလို ၊ ဈေးဝယ်ရင်း ရရှိလာတဲ့ Point တွေကို ဈေးဝယ်တဲ့အခါ ပြန်သုံးပြီးတော့လည်း လျှော့ဈေးတွေ ရနိုင်ပါတယ်။ အခုနောက်ပိုင်းဆိုရင် 7 မှာဈေးဝယ်ရင် မန်ဘာဝင်ထားသူဖြစ်စေ မဝင်ထားသူဖြစ်စေ Stamp လေးတွေ ပေးတက်ပါတယ် ၊ အဲ့ Stamp လေးတွေကို ပြန်သုံးပြီး ဈေးဝယ်တဲ့အခါ လျှော့ဈေးရပါတယ် ၊ ကိုယ်က All Member ဝင်ထားတဲ့သူဆိုရင် Stamp လေးတွေကို M-Stamp အနေနဲ့ အကောင့်ထဲ သိမ်းလို့ရပါတယ် ၊ ဆိုတော့ မန်ဘာဝင်ထားရင် ဈေးတစ်ခါဝယ်တိုင်း ပွိုင့်တွေလည်း ရမှာ ဖြစ်သလို Stamp တွေလည်း ရမှာ ဖြစ်ပါတယ်။
Member ဝင်ထားတာကို ဘယ်လိုသုံးရမလဲဆိုတော့ ဈေးသွားဝယ်တိုင်း ငွေရှင်းတဲ့အခါ All Member အကောင့်ရှိလားလို့ ဝန်ထမ်းက မေးပါတယ် ၊ ရှိတယ်လို့ ပြောရမှာ ဖြစ်ပါတယ် ၊ အဲ့ဒီအခါ ကောင်တာရှေ့က စက်လေးမှာ မန်ဘာဝင်တုန်းက ဖြည့်ထားတဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးရပါတယ် ၊ အဲ့လိုဆိုရင် ကိုယ့်ရဲ့ All Member အကောင့်ထဲကို Point , Stamp တွေ ရလာမှာ ဖြစ်ပါတယ်။
7- Delivery က ဘာတွေ အသုံးဝင်လဲ ?
7- Eleven App ကနေ Delivery မှာလို့ရပါတယ် ၊ App ထဲမှာ 7-Delivery ဆိုပြီး ထိုင်း အင်္ဂလိပ် ၂ ဘာသာနဲ့ ရေးထားပါတယ် ၊ အဲ့ဒီထဲကို ဝင်ပြီး ကိုယ်နေတဲ့ လိပ်စာ ၊ နာမည် ဖုန်းနံပါတ်တွေ ဖြည့်ပြီး ပစ္စည်းတွေ မှာလို့ရပါတယ် ၊ 7-Delivery ကတော့ အင်္ဂလိပ်လိုပါ ရေးထားပေးတာမို့ ဈေးဝယ်ရတာ အဆင်ပြေပါတယ် ၊ ပစ္စည်းတွေမှာလိုက်ပြီဆိုရင် ကိုယ့်နဲ့ အနီးဆုံး 7-Eleven ဆိုင်က ပစ္စည်းတွေလာပို့ပေးပါတယ် ၊ ပစ္စည်းတန်ဖိုး စုစုပေါင်း ဘတ် ၁၀၀ အထက်ဆိုရင် ပို့ခ လုံးဝမပေးရတာမို့ အတော်လေးကို မိုက်တယ်ပြောရပါမယ် ။ ပစ္စည်းတွေကတော့ မှာယူပြီး ၅ မိနစ်ကနေ ၃၀ မိနစ်အတွင်း လာပို့ပါတယ်။ တစ်ခုရှိတာက ငွေရှင်းတဲ့အခါ Cash ဒါမှမဟုတ် True Money Wallet နဲ့ ရှင်းရတာမို့ True Money အကောင့် မရှိထားရင် ငွေသားဆောင်ထားဖို့ လိုပါမယ်။
7-Eleven မှာ ငွေဘယ်လို ချေရမလဲ ?
7- Eleven ဆိုင်တွေမှာတော့ ငွေသား ၊ True Money Wallet အပြင် Visa, Master Card တို့နဲ့လည်း ငွေရှင်းလို့ ရပါတယ် ၊ ယခင်က ထိုင်းဘဏ် Prompt Pay နဲ့ ငွေရှင်းလို့ မရခဲ့ပေမယ့် လက်တလောမှာ Prompt Pay အသုံးပြုပြီး ငွေရှင်းလို့ ရပြီလို့ 7-Eleven ဖက်က ကြေငြာထားပါတယ်။
ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1
ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1
ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1
သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/
လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Discover more from Thu Do Something
Subscribe to get the latest posts sent to your email.