ထိုင်းကိုအလည်လာရင်း ကမ္ဘောဒီးယား ၊ လာအိုနိုင်ငံတွေကို ဆက်ပြီးတော့ လည်ပတ်ချင်တယ်ဆိုရင်

ထိုင်းကိုအလည်လာရင်း ကမ္ဘောဒီးယား ၊ လာအိုနိုင်ငံတွေကို ဆက်ပြီးတော့ လည်ပတ်ချင်တယ်ဆိုရင်
ဒါလေးက Travel Information ပါ အခုကာလက ခရီးသွားရာသီရောက်ပြီဆိုတော့ ထိုင်းကို အလည်လာရင်းနဲ့ ထိုင်းရဲ့အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ လာအို ၊ ကမ္ဘောဒီးယားတို့ကို ဆက်ပြီးတော့လည် ချင်တယ် ။ အလည်သွားလို့ရလား ? ဘယ်လိုသွားရမလဲ ? ဘာတွေ သိထားသင့်သလဲ သိချင်သူတွေအတွက်ပါ ။
ထိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာက မြန်မာအပါအဝင် ကမ္ဘောဒီးယား ၊ လာအို ၊ မလေးရှားနိုင်ငံတွေ ရှိပါမယ် ။
မလေးရှားနိုင်ငံကတော့ မြန်မာတွေ သွားရောက်လည်ပတ်မယ်ဆို ဗီဇာအရင်ဆုံး လျှောက်ပြီး ဗီဇာရမှ သွားလို့ရပါမယ် ။ ဗီဇာရလို့ သွားတဲ့အခါမှာလည်း နယ်စပ်ဂိတ်တွေကနေ သွားမရပဲ လေယာဉ်တစ်မျိုးထဲနဲ့သာ သွားလို့ရပါမယ်။
ထိုင်းကို ရက် ၆၀ အလည်ဗီဇာ (60 Days Tourist Visa) နဲ့ လာကြတဲ့ မြန်မာတွေအနေနဲ့ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကို ထိုင်းနယ်စပ်တွေကနေတစ်ဆင့် ဆက်ပြီးတော့ သွားလည်လို့ ရပါတယ် ။
ထိုင်းကို ၁၄ ရက်ဗီဇာ (14 Days Visa Exemption) နဲ့ လာကြတဲ့ မြန်မာတွေကတော့ ကမ္ဘောဒီးယားနိုင်ငံတစ်ခုထဲကိုပဲ ထိုင်းနယ်စပ်ကနေတစ်ဆင့် သွားလည်လို့ရပါတယ်။ လာအိုကိုတော့ ၁၄ ရက်နဲ့လာသူတွေ နယ်စပ်ကနေ သွားမရပါဘူး ၊ လေယာဉ်တစ်မျိုးထဲနဲ့သာ သွားလို့ရပါမယ်ဗျ။

ထိုင်းထဲ အလည်လာပြီးတော့ လာအို ၊ ကမ္ဘောဒီးယားနိုင်ငံတို့ကို အလည်ခရီး ဆက်ပြီးတော့ သွားချင်သေးတယ်ဆိုရင် နယ်စပ်ဂိတ်မှာ Re-entry Permit လို့ ခေါ်တဲ့ ထိုင်းနိုင်ငံထဲကို ပြန်လည်ဝင်ရောက်ခွင့်ကို လျှောက်ထားရမှာ ဖြစ်ပါတယ် ၊ ဒါမှသာ လာအို သို့မဟုတ် ကမ္ဘောဒီးယားက အပြန် ထိုင်းနိုင်ငံထဲကို နယ်စပ်ဂိတ်တွေကနေ ပြန်လည်ဝင်ရောက်လို့ ရမှာ ဖြစ်ပါတယ်။ Re-entry Permit အတွက် ဘတ် ၁၂၀၀ ကျသင့်မှာ ဖြစ်ပါတယ် ။

ကားလက်မှတ်များ ဝယ်ယူရန်

Powered by 12Go system
လာအိုကို သွားမယ်ဆိုရင်
လာအိုကို နယ်စပ်ဂိတ်ကနေ သွားမယ်ဆိုရင် Bus နဲ့ သွားလို့ရသလို ရထားနဲ့လည်း သွားလို့ရပါတယ် ၊ လာအိုနိုင်ငံမြို.တော် ဗီယန်ကျင်းဟာ ထိုင်းနိုင်ငံ Nong Khai မြို.နဲ့ ကပ်လျှက်မှာ ရှိတာမို့ အများစုက Nong Khai အထိ ကား သို့မဟုတ် ရထားစီးသွားကာ နယ်စပ်ဖြတ်ပြီး လာအိုကို အလည်သွားကြပါတယ်။
ကမ္ဘောဒီးယားကို သွားမယ်ဆိုရင်
ကမ္ဘောဒီးယားကို နယ်စပ်ဂိတ်ကနေ သွားကြသူအများစုဟာ Bus တွေနဲ့ သွားကြပါတယ် ၊ ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်မြို့Poipet နဲ့ ကပ်ရပ်မှာ ထိုင်းနိုင်ငံ နယ်စပ်မြို့ Aranyaprathetရှိပါတယ် ။ ဘန်ကောက်ကနေ Aranyaprathet ကို ကားနဲ့သွားမယ်ဆိုရင် ၃ နာရီကနေ ၄ နာရီလောက်ထိပဲ စီးရပါတယ် ၊ Aranyaprathet မှာ နယ်စပ်ဖြတ်ပြီး ကမ္ဘောဒီးယားဖက်ခြမ်း Poipet ကနေ Bus တွေနဲ့ ခရီးသွားမြို့ဖြစ်တဲ့ Siem Reapမြို့၊ ကမ္ဘောဒီးယားနိုင်ငံ မြို့တော် Phnom Penh အစရှိတဲ့ မြို့တွေကို ဆက်ပြီးသွားနိုင်ပါတယ်။ ဘန်ကောက်ကနေ Siem Reap , Phnom Penh တို့အထိ တိုက်ရိုက်ချိတ်ဆက် ပြေးဆွဲတဲ့ Bus တွေလည်း ရှိပါတယ် ။
Aranyaprathet အထိ ဘန်ကောက်ကနေ ရထားစီးသွားလို့လည်း ရပြီး တစ်နေ့ကို ရထား ၂ စီးရှိပါတယ် ၊ Aranyaprathet အထိ ရထားစီးရချိန် ၆ နာရီခန့် ကြာမြင့်ပါတယ်။

ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1

ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1

ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1

သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/

လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Discover more from Thu Do Something

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *