ချင်းမိုင်မြို့မှာ ဘာတွေ လုပ်လို့ရသလဲ ? ဘယ်တွေကို လည်ပတ်လို့ရသလဲ ?
အားလုံးပဲ မင်္ဂလာပါခင်ဗျ ၊ ဒီတစ်ခေါက်ကတော့ ချင်းမိုင်မြို့ထဲနဲ့ အနီးဝန်းကျင်မှာ ဘယ်လိုနေရာတွေကို လည်ပတ်လို့ရတယ် ၊ ချင်းမိုင်ကို အလည်သွားရင် ဘာတွေလုပ်လို့ရသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်ဗျ ။
Tha Phae Gate and Old City
ချင်းမိုင်က တစ်ချိန်တုန်းက မင်းနေပြည်တော်ဖြစ်ခဲ့တာမို့ မြို့ဟောင်းဧရိယာနဲ့ မြို့တံတိုင်းတွေ ၊ မြို့ဝင်ဂိတ်နေရာတွေ မြို့ဟောင်းဧရိယာထဲမှာ ရှိပါတယ် ။ အနီးစပ်ဆုံးပြောရရင် မန္တလေး ကျုံးလိုမျိုးပါ ၊ ချင်းမိုင်မြို့ဟောင်းထဲမှာကတော့ ယနေ့အချိန်ထိ လူနေအိမ်တွေ အပြည့်ရှိနေသေးသလို ၊ စေတီပုထိုး ဘုရားကျောင်းဆောင်တွေလည်း ရှိပါတယ် ၊ ဒါ့အပြင် မြို့ဟောင်းရဲ့ လေးဖက်လေးတန်မှာလည်း မြို့ဝင်ဂိတ်တွေ ကျန်နေပါသေးတယ်။ အဲ့ဒီထဲကမှ Tha Phae ဂိတ်ဆိုတဲ့ မြို့ဝင်ဂိတ်ဟာ နာမည်ကြီးပါတယ် ။ ဒီ ဂိတ်နေရာမှာ ခိုလေးတွေနဲ့ အမိုက်စားဓါတ်ပုံတွေ ရိုက်ကူးလို့ရပါတယ် ။ Tha Phae Gate ရဲ့ မြို့နံရံ နဲ့ ခိုလေးတွေဟာ ချင်းမိုင်မြို့ရဲ့ Instagram Spot တစ်ခု အဖြစ်လည်း နာမည်ကြီးပါတယ်။
ချင်းမိုင်မြို့ရဲ့ မြို့ဟောင်းဧရိယာက ချင်းမိုင်ရဲ့ ခရီးသွားတွေ အတွက် အချက်အချာကျတဲ့နေရာလို့ ပြောရမယ်ဗျ ။ ဟိုတယ် ၊ စားသောက်ဆိုင် ၊ ကော်ဖီဆိုင် နဲ့ ခရီးသွားလုပ်ငန်းတွေ ၊ ကားဆိုင်ကယ် စက်ဘီး အဌားဆိုင်တွေ စသဖြင့် တစ်မြို့လုံးအနှံရှိတဲ့နေရာဖြစ်သလို ၊ လည်ပတ်စရာနေရာအဖြစ်ရော ဘုရာဖူးဖို့အတွက်ဆိုရင်လည်း ရှေးဟောင်း ဘုရားတွေလည်း ရှိပါသေးတယ်။
ကားလက်မှတ်များ ဝယ်ယူရန်
Powered by 12Go system
မြို့ဟောင်းထဲက ဘုရားများ
ချင်းမိုင်မြို့ဟောင်းထဲက သွားရောက်ဖူးမျော်သင့် လေ့လာသင့်တဲ့ ဘုရားပုထိုး စေတီအချို့ကို ဖော်ပြပေးလိုက်ပါတယ်ဗျ ။
– Wat Chedi Luang (https://web.facebook.com/watch/?v=481896147345582)
– Wat Phra Singh (https://web.facebook.com/watch/?v=1397287257469870)
– Wat Phan Tao
– Wat Sri Suphan
– Wat Chiang Manm
– Wat Lok Moli
ချင်းမိုင်မြို့ဟောင်းဧရိယာက အကြီးကြီးမဟုတ်တာမို့ ဘုရားဖူးမယ် လည်ပတ်မယ်ဆိုရင် တစ်နေရာကနေ တစ်နေရာကို လမ်းလျှောက်သွားရုံနဲ့ ရောက်သလို ၊ စက်ဘီးငှားစီးပြီး သွားမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။
Doi Suthep
Doi Suthep ဆိုတာကတော့ ချင်းမိုင်တစ်မြို့လုံးကို အပေါ်စီးကနေ မြင်ရမယ့် တောင်ဖြစ်ပါတယ် ၊ ဒီတောင်ပေါ်မှာဆိုရင် Wat Phra That Doi Suthep ဆိုတဲ့ ရှေးဟောင်း စေတီတစ်ဆူအပါအဝင် အခြားသာသနိက အဆောက်အဦးတွေ ၊ ဘုရား ပုထိုး စေတီတွေ အများကြီးရှိပါတယ် ။ ချင်းမိုင်မြို့ကို အလည်ရောက်တဲ့အခါ Doi Suthep တောင်ပေါ်က မဖြစ်မနေ သွားကိုသွားရမယ့် နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။
Doi Inthanon National Park
Doi Inthanon တောင်ကတော့ ပင်လယ်ရေမျက်နှာပြင်အထက် ၂၅၆၅ မီတာ ရှိပြီး ထိုင်းနိင်ငံမှာ အမြင့်ဆုံးတောင်ဖြစ်ပါတယ် ။ Doi Inthanon တောင်နဲ့ အနီးတဝိုက်ကို သဘာဝဘေးမဲ့တောတစ်ခုအဖြစ် သတ်မှတ်ထားပြီးတော့ ၊ အဓိက နာမည်ကျော်ကြားရခြင်းအကြောင်းက သဘာဝအလှတရားတွေနဲ့ တိရိစ္ဆာန်မျိုးစိတ်ပေါင်းများစွာကို National Park ထဲမှာ တွေ့နိုင်ပါတယ်။ တောင်ထိပ်ပေါ်က ပန်းခြံထဲမှာဆိုရင်လည်းပဲ ထိုင်းနိုင်ငံရဲ့ ဘယ်နေရာမှာမှ မတွေ့နိုင်မယ့် မျိုးစိတ်ပေါင်း ၃၆၂ ခုထိတောင်ရှိပါတယ် ။ ရေတံခွန်တွေ ရှိပါမယ် ။
Doi Inthanon တောင်က ရေမြေတောတောင် သဘာဝအလှတွေကြောင့်သာမကပဲ သမိုင်းကြောင်းအရလည်း ထင်ရှားပါတယ် ။ ဘုရင်တွေ တည်ထားခဲ့တဲ့ စေတီတွေ ရှိမယ် ၊ ကရင်အပါအဝင် အခြားတိုင်းရင်းသားတွေရဲ့ကျေးရွာတွေလည်း လည်ပတ်နိုင်ပါသေးတယ်။ ငှက်ကြည့်တာအပါအဝင် အခြားလုပ်စရာ Activity တွေလည်း ရှိပါမယ်ဗျ ။
ချင်းမိုင်မြို့က ညဈေးများ
ထိုင်းနိုင်ငံက မြို့တိုင်းလိုလိုမှာ ညဈေးတွေရှိသလို ၊ ချင်းမိုင်မှာလည်း ညဈေးတွေရှိပါတယ် ၊ အဲ့ဒီထဲကမှ ချင်းမိုင်မြို့က Statuard Night Market နဲ့ Sunday Night Market က သဘောကျစရာ အကောင်းဆုံးပါပဲ ၊ ဒီညဈေးတွေက နာမည်တွေအတိုင်းပဲ စနေနေ့နဲ့ တနင်္ဂနွေမှာပဲ ရှိပါမယ် ၊ ညဈေးနှစ်ခုလုံးက ချင်းမိုင်မြို့ဟောင်းထဲမှာပဲ ဈေးခင်းပြီးတော့ ရောင်းချကြသလို အရမ်းလည်း စည်ပါတယ် ၊
ထိုင်းနိုင်ငံမှာ ကျွန်တော်ကြုံဖူးသမျှ ညဈေးတွေထဲမှာ Sunday Night Market က အစည်ဆုံးလို့ ပြောရမှာပါပဲ ၊ ဘန်ကောက်မှာ ညဈေးလျှောက်ရတဲ့ အရသာနဲ့ ချင်းမိုင်မှာ ညဈေးလျှောက်ရတဲ့ အရသာ အတော်လေးလည်း ကွာပါတယ် ၊ ချင်းမိုင်က ပိုပြီးသဘောကျဖို့ကောင်းပါတယ် ။ ထိုင်းနိုင်ငံရဲ့ တကယ့် အငွေ့အသက်ကို ခံစားရတယ်လို့ ပြောရမယ်ဗျ ။
တကယ်လို့များ ကျွန်တော် အခုရေးပြသွားတဲ့ စနေညဈေးတန်းနဲ့ တနင်္ဂနွေညဈေးတန်းတို့နဲ့ မကြုံကြိုက်လိုက်ရဘူးဆိုရင်တော့ နေ့တိုင်းဖွင့်တဲ့ Chiang Mai Night Bazaar ကို အလည်သွားလို့ရပါသေးတယ်။ ချင်းမိုင်ရောက်တဲ့အခါ ချင်းမိုင်က ညဈေးတစ်ခုခုကိုတော့ မရောက်မဖြစ် ရောက်အောင်လည်ခဲ့ပါဗျ ။
ချင်းမိုင်မြို့က Activity လုပ်စရာများ
ချင်းမိုင်မြို့က တောင်တွေဝန်းရံထားတဲ့ မြို့ဖြစ်တာကြောင့် တောတွင်းသဘာဝနဲ့ ဆက်စပ်တဲ့ Activity တွေကို ချင်းမိုင်မြို့ ဝန်းကျင်မှာ လုပ်လို့ရပါတယ် ။ ဘယ်လိုတွေရှိမလဲဆိုတော့ ဆင်စခန်းတွေသွားတာ ၊ Zipline စီးတာ ၊ Rafting လုပ်တာ ၊ ATV ကားကို လမ်းကြမ်းမှာမောင်းတာ ၊ Kayaking လုပ်တာစသဖြင့် အများကြီးရှိပါတယ် ၊ ဘယ် Activity မဆို တစ်ယောက်ကို ဘတ် တစ်ထောင်လောက်ကနေစပြီး ဘတ် သုံးလေးထောင်လောက် ကုန်ကျစားရိတ်ရှိပါတယ်၊ Acitivity တိုင်းက ကိုယ့်ကို ဟိုတယ်မှာလာကြိုပေးပြီးတော့ Activity လုပ်ပြီးတဲ့အခါ ဟိုတယ်ထိ ပြန်လိုက်ပို့ပေးကြပါတယ် ။ Activity လုပ်ချင်ရင် ဝယ်ရတာလည်း မခက်ပါဘူး ၊ ချင်းမိုင်မြို့အနှံ့မှာ Travel & Tours ရုံးခန်းလေးတွေရှိပြီး အဲ့ရုံးခန်းတွေမှာ ဝယ်လို့ရသလို ကိုယ်တည်းတဲ့ ဟိုတယ်မှာ စီစဉ်ခိုင်းရင်လည်းရပါတယ်။
Zip Line Video >> https://web.facebook.com/watch/?v=538900004558140
ချင်းမိုင်ကနေ မယ်ဟောင်ဆောင်
မယ်ဟောင်ဆောင်ကတော့ ချင်းမိုင်ကနေ ၁၄၅ ကီလိုမီတာ အကွာမှာ ရှိပြီးတော့ တောင်ပေါ်ရှူခင်းတွေ ၊ ရေတံခွန်တွေ နဲ့ ရေပူစမ်းအပါအဝင် စိတ်ဝင်စားစရာတွေ အများကြီးရှိတဲ့နေရာပါ ။ မယ်ဟောင်ဆောင်ထဲမှာ နာမည်အကြီးဆုံးနဲ့ ခရီးသွားတွေ အလည်အများဆုံးက Pai မြို့ပဲဖြစ်မယ်ဗျ ။ ချင်းမိုင်ကနေ ကားနဲ့ လေးနာရီလောက်ခရီးသွားရတဲ့ အကွာအဝေးမှာ ရှိတဲ့မြို့လေးပါ ၊ ဆိုင်ကယ်ကို ငှားပြီး ကိုယ်တိုင်မောင်းသွားမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။
ချင်းမိုင်ကနေ မယ့်ကပေါင်ရွာသို့ခရီး (Mae Kam Pong)
ချင်းမိုင်ကနေ ၂ နာရီခရီးလောက်သွားရတဲ့နေရာမှာ တောင်ပေါ်ရွာလေး Mae Kampong ဟာ အခုနောက်ပိုင်း ခရီးသွားတွေကြားမှာ အတော်လေး ရေပန်းစားလာတဲ့ရွာတစ်ရွာပါ ၊ အစက ကော်ဖီစိုက်တဲ့ ရွာလေးဖြစ်တာမို့ ရွာနဲ့ အနီးဝန်းကျင်မှာ အရမ်းကိုလှပတဲ့ ကော်ဖီဆိုင်တွေရှိသလို ၊ ရွာကလည်း အရမ်းကိုသာယာတာမို့ တစ်ညအိပ် လာရောက်လည်ပတ်သူတွေ ၊ နေ့ချင်းပြန်လာရောက်သူတွေနဲ့ စည်ကားနေတဲ့ ခရီးသွားရွာလေးတစ်ရွာပါ။
ချင်းမိုင်ကနေ Mon Cham / Mon Jam
ချင်းမိုင်မြို့ကနေ မိနစ် ၅၀ တစ်နာရီ လောက်သွားရတဲ့နေရာမှာ Mon Cham ဆိုတဲ့ အရမ်းကိုသာယာတဲ့ တောင်ပေါ်ဒေသလေးရှိပါတယ် ။ ဒီနေရာကို နေ့ချင်းပြန်ခရီးသွားလို့ရသလို တစ်ညအိပ် လည်ပတ်မယ်ဆိုလည်း ရပါတယ် ။ အဓိကအားဖြင့်ကတော့ ပန်းခင်းတွေရှိမယ် Jungle coaster စီးလို့ရမယ် ၊ ရေတံခွန်တွေရှိမယ် ။ တောင်စောင်းလေးတွေမှာ ဆောက်လုပ်ထားတဲ့ Camp Site တွေမှာ တည်းခိုလို့ရပါမယ်။ Camp Site တွေမှာ တည်းရင် ရံဖန်ရံခါ တိမ်ပင်လယ်ကို မြင်ရနိုင်ပါမယ်။
ချင်းမိုင်မှသည် အခြားနေရာများ
ချင်းမိုင်ကနေ မယ်ဟောင်ဆောင် ၊ ချင်းရိုင်း ၊ရွှေတြိဂံ စသဖြင့် သွားလာလည်ပတ်လို့ ရတဲ့ အခြားနေရာတွေလည်း အများကြီးရှိပါသေးတယ်။
ချင်းမိုင်ကို ရက်ပိုင်းလောက်ပဲ အလည်သွားမယ့်သူတွေအတွက်ဆိုရင်တော့ ဘယ်လိုနေရာတွေ လည်ပတ်နိုင်မယ် ၊ ကိုယ်ဘာတွေလုပ်လို့ရမယ်ဆိုတာ ဒီပို့စ်လေးကနေ အကြမ်းမျဉ်းသိရှိပြီး ခရီးစဉ်စီစဉ်ဖို့အတွက် အထောက်အကူဖြစ်မယ်လို့ ထင်ပါတယ်ဗျ ၊
တကယ့် တကယ်တမ်းတော့ ချင်းမိုင်မှာ ဒီထက်လည်ပတ်စရာနေရာတွေ အများကြီးရှိပါသေးတယ် ။ တောင်ပေါ်စခန်းချ Camp Site တွေ ၊ ရေတံခွန် ၊ ရေပူစမ်း နဲ့ အပန်းဖြေစခန်းတွေ ၊ အမျိုးစုံသော ပန်းခင်းတွေ ၊ ချင်းမိုင်မြို့ထဲနဲ့ အနီးဝန်းကျင်က လည်ပတ်စရာနေရာတွေက အမိုက်စား ကော်ဖီဆိုင်တွေ စသဖြင့် အများကြီးရှိပါသေးတယ်ဗျ ။
ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1
ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1
ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1
သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/
လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Discover more from Thu Do Something
Subscribe to get the latest posts sent to your email.