ချင်းမိုင်အနီးတဝိုက် လည်ပတ်ပြီးလို့ အခြားနေရာတွေ အခြားမြို့တွေကို ဆက်လည်ချင်သေးတယ် Public Transportation နဲ့လည်းသွားချင်တယ် ဘယ်ကနေ ကားသွားစီးရမလဲ ဆိုသူတွေ အတွက်ပါ ။
ချင်းမိုင်မှာ Bus terminal 1 , 2 နဲ့ 3 ဆိုပြီး သုံးခုရှိပါတယ် ၊ Terminal 1 ကတော့ ချင်းမိုင်ခရိုင်အတွင်းက အခြားသော မြို့ငယ်လေးတွေကို ပြေးဆွဲတဲ့ minivan နဲ့ songthaews တွေပဲ ရှိပါတယ်။
Bus Terminal 2 ကတော့ ချင်းမိုင်ကနေ အခြားသော ခရိုင်တွေကို ဆက်သွားဖို့ ကားတွေရှိပါတယ် ၊ အဓိကအားဖြင့်ကတော့ ဒီကားဝန်းဟာ minivan ကားဝန်းဖြစ်ပြီး Pai ၊ Mae Hong Song ၊ Mae Sai အစရှိတဲ့ မြို့ ခရိုင်တွေကိုသွားတဲ့ minivan တွေကို ဒီကားဝန်းကနေ လာစီးနိုင်ပါတယ်။
ဒါ့အပြင် ဒီကားဝန်းမှာ Bangkok , Phitsanulok မြို့တို့ကို သွားတဲ့ Express အဝေးပြေးကားတစ်ချို့လည်း ရှိတာကိုလည်း တွေ့ရပါတယ်။
Bus Terminal 3 ကတော့ Express အဝေးပြေးကားကြီးတွေရဲ့ ကားဝန်းပဲ ဖြစ်ပါတယ် ၊ ဒီကားဝန်းမှာကတော့ ဘန်ကောက်အပါအဝင် ချင်းမိုင်ကနေ သွားလို့ရတဲ့ အခြားမြို့တွေကို သွားတဲ့ Express ကားတွေ ရှိပါတယ် ၊ ချင်းမိုင်ကနေတစ်ဆင့် ဘန်ကောက် ၊ ချင်းရိုင်တွေကို သွားချင်ရင် အခု Bus Terminal 3 ကနေ လာစီးရမှာ ဖြစ်ပါတယ်။
ကားလက်မှတ်များ ဝယ်ယူရန်
Powered by 12Go system