ချင်းမိုင်ကနေ Mae Kampong ရွာ ၊ Mon Jam ၊ Hot Springs နဲ့ Doi Inthanon တောင်တို့ကို လိုင်းကားနဲ့ ဘယ်လိုသွားမလဲ ?
ပြီးခဲ့တဲ့ ရက်တွေတုန်းက ချင်းမိုင်ကနေ အခြားသောမြို့ ၊ ခရိုင်တွေကို ခရီးဆက်သွားနိင်မယ့် ကားဝန်း (Bus Terminal) သုံးခု အကြောင်း တင်ပေးဖြစ်ခဲ့ပါတယ် ၊ ဒီနေ့ကတော့ ချင်းမိုင်ကနေ တစ်နာရီခွဲ အကွာအဝေးလောက်မှာတင် ရှိတဲ့ Mae Kampong ရွာ ၊ Mon Jam ၊ Hot Springs နဲ့ Doi Inthanon တောင် အစရှိတဲ့ နေရာတွေကို သွားနိုင်မယ့် လိုင်းကားဂိတ်အကြောင်း ဖော်ပြပေးလိုက်ပါတယ်ဗျ။
ဒီကားဂိတ်ကတော့ ကားဝန်းထဲမှာ ရှိတာမဟုတ်ပဲ သီးသန့်လိုင်းကားဂိတ်တစ်ခု ဖြစ်ပါတယ် ၊ ဂိတ်ရဲ့ တည်နေရာကတော့ ချင်းမိုင်မြို့ရဲ့ Flower Market (ပန်းစျေး) အရှေ့တည့်တည့် Ping မြစ်ကမ်းဘေးက ကားလမ်းပလက်ဖောင်းမှာ ရှိတာဖြစ်ပါတယ်။
ကားလက်မှတ်များ ဝယ်ယူရန်
Powered by 12Go system
Google Map မှာ Flower Market လို့ ရိုက်ရှာနိုင်သလို Warorot Market လို့ တည်နေရာကို ရိုက်ရှာကြည့်လို့ရပါတယ်။
ဒီလိုင်းကားဂိတ်ဟာ ချင်းမိုင်ကို အလည်လာတဲ့ ဧည့်သည်တွေ အသွားများတဲ့ Tourist Attraction နေရာတွေ ဖြစ်တဲ့ Mae Kampong ရွာ ၊ Mon Jam ၊ Hot Springs နဲ့ Doi Inthanon တောင်တို့ကို ပြေးဆွဲတဲ့ Van ကားတွေပြေးဆွဲပေးတဲ့ ကားဂိတ်ဖြစ်ပါတယ်ဗျ။
တစ်ခုသတိထားရမှာက ကားတွေက တစ်နေကုန် ပြေးဆွဲတာ မဟုတ်ပါဘူး ၊ သူ့အချိန်နဲ့သူပဲ ပြေးဆွဲတာမို့ ကားချိန် အမှီသွားဖို့တော့ လိုအပ်ပါမယ်။ ကျွန်တော်ကားဂိတ်ရဲ့ Time Table ကို ဓါတ်ပုံရိုက်ခဲ့တာ ပုံမှာဖော်ပြပေးထားပါတယ် ၊ လက်မှတ်ကြိုဝယ်ချင်ရင်လည်း ပုံထဲမှာပါတဲ့ ဖုန်းနံပါတ်ကို ဆက်ပြီးဝယ်လို့ရသလို 12go ကနေလည်း ဝယ်လို့ရပါတယ် ၊ 12go လင့်ခ်ကိုလည်း Comment မှာ ချထားပေးပါမယ်။
Mae Kampong ရွာ ၊ Mon Jam နဲ့ Doi Inthanon တို့ကို စျေးသက်သက်သာသာနဲ့ လိုင်းကားစီးပြီး သွားချင်သူတွေအတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်ခင်ဗျ။
ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1
ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1
ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1
သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/
လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Discover more from Thu Do Something
Subscribe to get the latest posts sent to your email.