ကျနော်သိသလောက် ထိုင်းရွှေ အကြောင်း

ကျနော်သိသလောက် ထိုင်းရွှေ အကြောင်း
အားလုံးပဲ မင်္ဂလာပါခင်ဗျ ၊ ဒီနေ့ကတော့ ထိုင်းမှာရွှေဝယ်ယူတာနဲ့ ပတ်သက်ပြီး ကျွန်တော် သိထားသလောက် လေ့လာထားမိသလောက်ကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျ ။
ကျွန်တော်တို့ မြန်မာနိုင်ငံက ရွှေတွေဟာ ရွှေရည်ချိန် (ရွှေသန့်စင်မှု) ကို (၁၅) ပဲရည် ၊ (၁၆) ပဲ ရည် စသဖြင့် သတ်မှတ်ကြပြီး ထိုင်းနိုင်ငံမှာတော့ အရောင်းအဝယ်လုပ်ကြတဲ့ ရွှေရည်ချိန် (ရွှေသန့်စင်မှု) ကို 99.6% ,96.5% စသဖြင့် သတ်မှတ်ကြပါတယ် ။ ဈေးကွက်ထဲမှာ အဓိက အရောင်းအဝယ် လုပ်ကြတာကတော့ 96.5% စံနှုန်းရှိတဲ့ ရွှေတွေဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံက ရွှေအလေးချိန်ကို (၁) ကျပ်သား ၊ (၂ ) ကျပ်သား စသဖြင့် ချိန်တွယ်သတ်မှတ် ခေါ်ဝေါ်ကြသလို ထိုင်းရွှေဟာလည်း 1 Baht , 2 Baht စသဖြင့် ချိန်တွယ် သတ်မှတ်ခေါ်ဝေါ်ကြပါတယ် ။ မြန်မာရွှေ (၁) ကျပ်သားဟာ 16.6 gram နဲ့ ညီမျှပြီး ထိုင်းရွှေ 1 Baht ဟာ 15.244 gram နဲ့ ညီမျှပါတယ်။
ထိုင်းနိုင်ငံက ရွှေဆိုင်တွေအရှေ့မှာ ဆိုင်းဘုတ်တွေနဲ့ ဖော်ပြထားတဲ့ ရွှေဈေးနှုန်းအများစုဟာ ရွှေရည်ချိန် 96.5 % ရဲ့ 1 Baht အလေးချိန်အတွက် ကျသင့်မယ့် ရောင်းဈေး ဝယ်ဈေးကို ဖော်ပြထားတာ ဖြစ်ပါတယ်။
ရွှေဝယ်ယူရာမှာ ရွှေတုံး (Gold bar) တင်မက ရွှေထည် ( လက်စွပ် ၊ လက်ကောက် ၊ ဆွဲကြိုး စသဖြင့်) (၂ ) မျိုး လုံးကို ဝယ်ယူနိုင်ပါတယ်။

ကားလက်မှတ်များ ဝယ်ယူရန်

Powered by 12Go system
📌 လျော့တွက်
ရွှေတုံးတွေအတွက် 1 Baht မှာ ပါဝင်တဲ့ ရွှေအလေးချိန်ဟာ 15.244 gram ဖြစ်ပေမယ့် ရွှေထည်တွေမှာတော့ ရွှေအလေးချိန်ဟာ 15.244 gram အတိအကျ ဖြစ်မနေနိုင်ပါဘူး ၊ ပစ္စည်းပေါ်မူတည်ပြီး ရွှေပါဝင်တဲ့ gram ကွဲပြားနိုင်ပါတယ် ။ မြန်မာ အခေါ်အဝေါ်အားဖြင့် လျော့တွက်လို့ မှတ်ယူနိုင်ပါတယ်။
📌 Premium (လက်ခ)
ထိုင်းရွှေတွေ ဝယ်ယူရာမှာ မြန်မာနိုင်ငံမှာလိုပဲ ရွှေဈေးအပြင် လက်ခဆိုတာရှိပါတယ် ။ ထိုင်းလိုဘယ်လိုခေါ်လဲ မသိပေမယ့် အင်္ဂလိပ်လိုတော့ Premium ဆိုပြီး ရွှေဆိုင်တွေက တွက်ယူတယ်လို့ သိရပါတယ် ။ အချို့သော ရွှေတုံးတွေဝယ်ယူရာမှာ Premium ဖိုး လုံးဝပေးစရာမလိုပေမယ့် သပ်သပ်ရပ်ရပ် ဖန်တီးထားတဲ့ ရွှေတုံးတွေအတွက်ကတော့ Premium ဖိုး ဘတ် ၅၀ ကနေ ၃၀၀ လောက်ထိ ဝယ်ယူတဲ့ ရွှေဆိုင်ပေါ်မူတည်ပြီး ပေးရတတ်ပါတယ်။ ရွှေထည်တွေဖြစ်တဲ့ ဆွဲကြိုး လက်ကောက် စသဖြင့် ပစ္စည်းတွေကတော့ ဒီဇိုင်းပေါ်မူတည်ပြီး Premium ဖိုး ပေးရပါတယ်။
📌 ရွေဝယ်လို့ရမယ့်နေရာတွေက ဘယ်လိုနေရာတွေလဲ ?
ဘန်ကောက်ရဲ့ နေရာအတော်များများမှာ ရွှေဆိုင်တွေရှိကြပြီး ၊ ထိုင်းရွှေဝယ်ယူမှုအတွက် အများစု ညွှန်းကြတဲ့ ရွှေဆိုင်တွေကတော့ ဘန်ကောက်မြို့ တရုတ်တန်း ဧရိယာက ရွှေဆိုင်တွေကို ညွှန်းတတ်ကြပါတယ် ။ MTS Gold, Hua Seng Heng, YLG Bullion, နဲ့ Ausiris Gold အစရှိတဲ့ ရွှေဆိုင်တွေကတော့ ထိုင်းနိုင်ငံမှာ နာမည်ရှိပြီးသား ဆိုင်ခွဲတွေလည်း အများအပြားရှိတဲ့ ရွှေဆိုင်တွေ ဖြစ်တယ်လို့သိရပါတယ်။
📌ရွှေပြန်ရောင်းမယ်ဆိုရင်
ရွှေသွားပြန်ရောင်းတဲ့အခါမှာ ကိုယ်သွားရောင်းတဲ့ ရက် ၊ ရောင်းတဲ့အချိန်မှာ ပေါက်နေတဲ့ ဈေးအတိုင်း ပြန်ရပါတယ် ။ ရွှေတုံး (gold bar) တွေက ဈေးကွက်ပေါက်ဈေးအတိုင်း ပြန်ရပေမယ့် လုပ်ထည်တွေဖြစ်တဲ့ လက်စွပ် ၊ လက်ကောက်တို့လို ရွှေထည်တွေကတော့ Premium ဖိုး ရှုံးမှာ ဖြစ်ပါတယ်။ ရွှေပြန်ရောင်းတဲ့အခါမှာ ရောင်းသူရဲ့ ID ဖြစ်တဲ့ Passport လိုအပ်ပါတယ်။
📌ရွှေဈေးကို ဘယ်ကကြည့်ရမှာလဲ
ရွှေဈေးတွေကို ဆိုင်တစ်ခုချင်းအလိုက် ဆိုင်အရှေ.မှာ ဆိုင်းဘုတ်တွေနဲ့ ရေးထားပေးပါတယ် ၊ ရွှေဆိုင်ကြီးတွေဆိုရင် LED Board ပေါ်မှာ အချိန်နဲ့အမျှ ဈေးပြောင်းနေတာကို ပြထားပေးပြီး ၊ ရောင်းတဲ့အခါ ဝယ်တဲ့အခါ Board မှာ ပြထားတဲ့ ဈေးအတိုင်း ဝယ်/ရောင်း လုပ်ရုံပါပဲ ။
ဒါ့အပြင် ရွှေကုန်သည်ကြီးများအသင်းရဲ့ Website နဲ့ အချို့သော ရွှေဆိုင်ကြီးတွေရဲ့ Official Website တွေမှာလည်း ရွှေဈေးတွေကို အချိန်နဲ့ တပြေးညီ ကြည့်နိုင်ပါတယ်။ ကြည့်လို့ရတဲ့ လင့်ခ်အချို.ကို ဖော်ပြပေးလိုက်ပါတယ်

Hua Seng Heng ရွှေဆိုင်ကြီး >> https://www.huasengheng.com/

ထိုင်းရွှေကုန်သည်အသင်း >> https://www.goldtraders.or.th/

📌 ထိုင်းရွှေအကြောင်း လေ့လာမှတ်ထားမိသလောက် မျှဝေပေးခြင်းဖြစ်ပါတယ် ။ ကျနော်က ရွှေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူမဟုတ်တာမို့ အခေါ်အဝေါ် အသုံးအနှုန်းတွေ လွဲနေတာရှိရင် Comment မှာ မျှဝေပေးခဲ့ ပြင်ပေးခဲ့လို့ ရပါတယ်ဗျ 📌

ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1

ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1

ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1

သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/

လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Discover more from Thu Do Something

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *